မုံရွာမြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တချို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံရ

မတ် ၆-၂၀၂၂
SP (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင် တချို့ရဲ့ နေအိမ် အဆောက်အဦး ဝန်းခြံတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ဖို့ဆိုကာ ဒီကနေ့ မနက်ပိုင်းမှာ ဝန်းခြံမြေ အဆောက်အဦး ၅ ခုကို မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့က ဝရမ်းကပ် ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ချိတ်ပိတ်ခံလိုက်ရတဲ့ ကာယကံရှင်မိသားစု အသိုင်းအဝိုင်တွေဆီက သိရပါတယ်။
 
” ဒီမနက်ခင်းမှာ စစ်သားနဲ့ ရဲတွေ ပါဝင်တဲ့အဖွဲ့က ရောက်လာပြီး ဝရမ်းကပ် ချိတ်ပိတ်သွားတာ “လို့ မြင်တွေ့လိုက်ရတဲ့ ရပ်ကွက်သားတဦးက ပြောပါတယ်။
 
အဲ့ဒီလို စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အိမ်ဝန်းခြံမြေနဲ့ လူနေ အဆောက်အဦးတွေ ချိတ်ပိတ် သိမ်းဆည်းတာနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်နေတဲ့ မုံရွာ အသိုင်းအဝိုင်းက ” ပြစ်မှုကျူးလွန်တာက လူပုဂ္ဂိုလ်က ကျူးလွန်တာဖြစ်ကောင်း ဖြစ်မယ် ၊ အဲ့ဒါကြောင့် ပြစ်မှူကျူးလွန်သူ လူပုဂ္ဂိုလ်ကိုယ်ပဲ ပြစ်ဒဏ်ထိုက်သင့်တာပါ ၊ အိမ်ဝန်းခြံမြေ နေအိမ် အဆောက်အဦးဆိုတာ သက်မဲ့ ရုပ်ဝတ္ထုပစ္စည်းတွေဖြစ်တယ် ၊ အဲ့ဒီလို ရုပ်ဝတ္တုပစ္စည်းတွေကိုပါ သိမ်းဆည်းအရေးယူတဲ့ ဥပဒေတစ်ရပ် ထွန်းကားလာတာနဲ့အမျှ ၊ နောင်တချိန်မှာ အခြေအနေမဲ့ လူတန်းစားတစ်ရပ် ထွန်းကားကျယ်ပျန့်လာမှာကို စိုးရိမ်ပူပန်မိရတယ် “လို့ မှတ်ချက်ပြု ပြောပါတယ်။
 
ဒါ့အပြင် မုံရွာခရိုင် စီမံခန့်ခွဲရေးအဖွဲ့နဲ့ နီးစပ်သူတဦး က ” အကြောင်းမဲ့ အခုလို ချိတ်ပိတ်သိမ်းဆည်းတာ မဟုတ်ဘူး ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ တရားရေး လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်တာပါ ” လို့ ပြောပါတယ်။
 
ဒီကနေ့ မနက်ပိုင်းက မုံရွာမြို့၊ ထန်းတောရပ်ကွက် ၊ ဇီးခြံနယ်မြေက ဒေါ်စောရွှေ ရဲ့ သွပ်မိုး/ကပ်ကာ ၁ ထပ်အိမ်၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၈) နေ ဒေါ်သန္တာဦးရဲ့ သွပ်မိုး/ကပ်ကာ ၁ ထပ်အိမ်၊ ​မုံရွာမြို့ကံသာဦးရပ်ကွက်နေ ကိုနေဝင်းရဲ့သွပ်မိုး/ကပ်ကာ ၁ ထပ်အိမ်၊ မုံရွာမြို့ ၊ အလယ်ရပ်ကွက် ၊ နယ်မြေ ၅ ကမ္ဘာသစ်လမ်းနေ မခင်မို့မို့ခိုင် ၊ကိုစိုးမိုးအောင်၊ မမိုးမိုးဆွေ တို့ရဲ့ RC (၂)ထပ် အိမ်၊ မုံရွာမြို့ ရုံးကြီးရပ်ကွက် ၊ တာရိုလမ်း​နေ ကိုဝင်းမျိုးသက်(ခ)ကိုထူး ရဲ့ (၅)ထပ်ခွဲအဆောက်အဦးတွေကို ဝရမ်းကပ် ချိတ်ပိတ် သိမ်းဆည်းခံရတာဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စလို့ အခုနှစ် မတ်လ ၆ ရက်အထိ မုံရွာမြို့ပေါ်မှာ အခုလို အိမ်ဝန်းခြံမြေ နေအိမ် အဆောက်အဦးတွေကို ဝရမ်းကပ် ချိတ်ပိတ် သိမ်းဆည်းတာဟာ ၂ ဒါဇင်ဝန်းကျင်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
 
ပုံစာ -ဒီကနေမနက် ချိတ်ပိတ်သိမ်းဆည်းခံရတဲ့ အဆောက်အဦးတွေပုံ
 
#voiceofmyanmar #VOM #မုံရွာ #စီးပွားရေးလုပ်ငန်းရှင် #နေအိမ်တချို့ချိတ်ပိတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW