ကမ္ဘာမှာ ကိုဗစ်ကြောင့်သေဆုံးမှု လက်ရှိထုတ်ပြန်ထားတာထက် သုံးဆပိုများ

ဝါရှင်တန်၊ မတ်-၁၁-၂၀၂၂
မျိုးဆက်(VOM)
 
ကမ္ဘာတ၀န်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ လက်ရှိတရား၀င်ထုတ်ပြန်ထားတာ ထက် သုံးဆပိုမိုများပြားကာ လူ ၁၈ သန်းကျော် သေဆုံးခဲ့ဖွယ်ရှိကြောင်း သုတေသီတွေက ထုတ်ဖော်ပြောဆိုပါတယ်။
 
ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပထမဆုံးကြေညာပြီးနောက် ၂နှစ်အကြာမှာ သေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီး သုတေသီတွေရဲ့ အစီရင်ခံစာထွက်ပေါ်လာတာဖြစ်ပါတယ်။
 
အမေရိကန်နိုင်ငံ ဝါရှင်တန်တက္ကသိုလ်မှ သုတေသီတွေဟာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအရေအတွက်နဲ့ပတ်သက်ပြီး နိုင်ငံနဲ့နယ်မြေ ၁၉၁ ခုမှာ လေ့လာမှုပြုခဲ့ကြတာဖြစ်ပါတယ်။
 
အချို့သောသေဆုံးမှုတွေမှာ ရောဂါကူးစက်မှုကြောင့် နှလုံး သို့မဟုတ် အဆုတ်ရောဂါကဲ့သို့ အခြားသောရှိနှင့်ပြီးရောဂါအခြေအနေတွေကို ပိုမိုဆိုးရွားစေပြီး သေဆုံးမှုတွေဖြစ်ပွားခဲ့တာလို့ သုတေသီတွေက ပြောပါတယ်။
 
ဒီလို တရား၀င်ကိန်းဂဏန်းထက် ပိုမိုသေဆုံးမှု နိုင်ငံနဲ့ဒေသအလိုက် သိသိသာသာ ကွဲပြားတယ်လို့ ခန့်မှန်းထားပါတယ်။
 
သေဆုံးမှုတစ်သိန်းမှာ နောက်ထပ်သေဆုံးသူအရေအတွက် ၁၂၀ ရှိနေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပြီး ဆိုလိုသည်မှာ တရား၀င်မှတ်တမ်းတင်ထားတဲ့ သေဆုံးသူအရေအတွက် ၅ ဒသမ ၉ သန်းထက်သုံးဆပိုများကာ ၁၈ သန်းထိရှိနိုင်တယ်လို့ သုတေသီတွေရဲ့ အစီရင်ခံစာတွင်ဖော်ပြထားပါတယ်။
 
Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW