ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသူတွေရှိ

မတ် ၊ ၁၁ -၂၀၂၂
SP (VOM)
 
မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၈ ရပ်ကွက် ၊လွတ်လပ်ရေးပန်းခြံအနောက်ဘက်ရှိ ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်မှာ ဒီကနေ့မနက် ၉ နာရီကျော်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ငွေသွင်း၊ငွေထုတ် စောင့်ဆိုင်းနေသူ ၄ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။
 
” ငွေသွင်း ငွေထုတ်လာတဲ့သူတွေ ထိုင်စောင့်ရတဲ့ဘက်ကို ဆိုင်ကယ်တစ်စီး လူနှစ်ယောက်က လက်ပစ်ဗုံးနဲ့ ပစ်သွင်းဖောက်ခွဲသွားတာပါ ၊ ဒဏ်ရာရတဲ့သူ လူ ၄ ဦးရှိတယ် “လို့ ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတယောက်က ​ပြောပါတယ်။
 
ပခုက္ကူမြို့ စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ရှိသူတဦးကလည်း ” ဘဏ်မှာ ပေါက်ကွဲတာပါ ၊ ငွေသွင်းငွေထုတ် စောင့်နေတဲ့သူ လေးဦး ဒဏ်ရာရတယ် ၊ ဘယ်သူတွေက အခုလို ဖောက်ခွဲတယ်ဆိုတာ စစ်ဆေးနေတုန်း “လို့ ပြောပါတယ်။
 
ပခုက္ကူမြို့မှာ ပြီးခဲ့တဲ့လက KBZ ဘဏ်ရှိ ATM စက်တစ်လုံး မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးရုံး အဆောက်အဦးရဲ့ အပြင်ဘက်ကနေလည် ပြီးခဲ့တဲ့လက ပေါက်ကွဲမှုတခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပခုက္ကူ #မြန်မာ့စီးပွားရေးဘဏ် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW