ယူကရိန်းမြို့တော် ကိယက်ဗ်သို့ ရုရှားတပ်တွေနီးကပ်လာ၊ မြို့ကို ခံတပ်အသွင် ပြောင်းထား

ကိယက်ဗ်၊ မတ်-၁၁-၂၀၂၂
မျိုးဆက်(VOM)
 
ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ပိုမိုနီးကပ်လာပြီဖြစ်ပြီး မြို့တော်ဟာ ခံတပ်အသွင် ပြောင်းလဲနေပြီလို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။
 
ဒီအချိန်မှာပဲ ရုရှားတပ်တွေဟာ ဒီနီပရိုမြို့အပါအ၀င် ယူကရိန်းရှိ အခြားမြို့ကြီတွေကို တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။
 
ရုရှားနဲ့ ယူကရိန်းတာ၀န်ရှိသူတွေအကြား မနေ့ဆွေးနွေးပွဲကတော့ သဘောတူညီမှုတစုံတရာမရှိဘဲ ပြီးဆုံးခဲ့ပါတယ်။
 
မာရီပိုးအပါအ၀င် အခြားသော ယူကရိန်းမြို့ကြီးတွေဟာ ရုရှားတို့ရဲ့ တိုက်ခိုက်မှုခံနေရဆဲဖြစ်ပြီး ထောင်ပေါင်းများစွာသော အရပ်သားတွေဟာ ပိတ်မိနေဆဲဖြစ်ပါတယ်။
 
ဒီနေ့အစောပိုင်းမှာတော့ ရုရှားလေတပ်ဟာ ဒီနီပရိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး မူကြိုကျောင်း၊ လူနေတိုက်ခန်းတွဲနဲ့ ဖိနပ်စက်ရုံတစ်ရုံကို ထိမှန်ခဲ့တယ်လို့ အရေးပေါ်ဌာနက ထုတ်ပြန်ထားပါတယ်။
 
မြို့တော်ကိယက်ဗ်ကိုကာကွယ်ဖို့ အနောက်ဘက်နဲ့ အနောက်မြောက်ဘက်မှာ နေရာယူထားတဲ့ ယူကရိန်းကာတွယ်ရေးတပ်ဖွဲ့၀င်တွေကို ရုရှားတပ်တွေက ခြေမှုန်းဖို့ကြိုးစားနေကြောင်း ယူကရိန်းစစ်ဘက်က သတိပေးထားပါတယ်။
 
ကိယက်ဗ်မြို့တော်၀န် Vitali Klitschko ကတော့ မြို့ရဲ့လူဦးရေထက်၀က်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့ကို ခံတပ်အသွင်ပြောင်းလဲလိုက်ပြီလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref: CNA
Photo:AP/ Getty Images
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW