သင်္ဃန်းကျွန်း KBZ ဘဏ်နဲ့ သာကေတတို့မှာ မီးလောင်မှုဖြစ်ပွားခဲ့

မတ် ၁၁-၂၀၂၂
KK(VOM)
 
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က KBZ ဘဏ်နဲ့ သာကေတမြို့နယ်တို့မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုတွေဖြစ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် ၂၄ ရပ်ကွက်၊ သံသုမာလမ်းနဲ့ ပဒုမ္မာလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်မှာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင် မီးလောင်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“မနက်အစောကြီးလောင်တာဆိုတော့ အကုန်နိုးကုန်တယ်၊ သတင်းကြားတာတော့ ATM ငွေထုတ်စက် မီးလောင်တာကနေ ဘဏ်ကိုကူးတာလို့ပြောတာပဲ”လို့ ပြောပါတယ်။
 
သင်္ဃန်းကျွန်းမြို့နယ်၊ (၂၄)ရပ်ကွက်၊ သံသုမာလ
မ်းရှိ KBZ ဘဏ်မှာ ဒီကနေ့မနက် ၄း၅၃မှာ မီးလောင်ပြီး ၅း၀၆ မီနစ်မှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အလားတူ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ဇေယျဝတီ ၃ လမ်းမှာ မနေ့ည ၁၂နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
အဲ့ဒီမီးလောင်မှုကို မီးသတ်ဦးစီးဌာနက level 2 အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ရပြီး ၁၂ နာရီ ၄၃ မီနစ်အချိန်မှာ မီငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
 
မီးလောင်မှုနဲ့ပတ်သတ်ပြီး ၁၀ တောင်ရပ်ကွက်နေသူတစ်ဦးက” မီးကအတော်လေးလောင်သွားတာ၊ ဝိုင်းငြိမ်းပေးတဲ့ အစ်ကိုနှစ်ဦးတောင် လက်တွေအပူဟပ်လို့ ပရဟိတအဖွဲ့က ဆေးကုပေးရတယ်၊ အမျိုးသမီးတစ်ဦးလည်း အမောဖောက်နေလို့ ကုပေးရသေးတယ်”လို့ ပြောပါတယ်။
 
လက်တလောမှာ သင်္ဃန်းကျွန်းမြို့နယ် KBZ ဘဏ်နဲ့ သာကေတမြို့နယ် ၁၀တောင်ရပ်ကွက်မီးလောင်
မှုဖြစ်စဥ်နဲ့ ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #မီးလောင်မှု #ဘဏ

Related posts

Leave a Comment

VOM News

FREE
VIEW