အမေရိကန်ထိ ပစ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် မြောက်ကိုရီးယားစမ်းသပ်နေ

၀ါရှင်တန်၊ မတ်-၁၁-၂၀၂၂
မျိုးဆက်(VOM)
 
မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည် စနစ်သစ်ရဲ့ အစိတ်အပိုင်းတွေကို မကြားသေးမီက စမ်းသပ်ခဲ့တယ်လို့ အမေရိကန်က မတ် ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ဒါပေမယ့် မြောက်ကိုရီးယားကတော့ ဖေဖော်ဝါရီ ၂၆ ရက်နဲ့ မတ် ၄ ရက်တို့မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေဟာ ကင်းထောက်ဂြိုဟ်တု လွှတ်တင်ဖို့အတွက် စမ်းသပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
 
အဲဒီစမ်းသပ်မှုတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်မှု မပြုလုပ်မီ အကြိုစမ်းသပ်မှုတွေ ပြုလုပ်တာဖြစ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကပြောပါတယ်။
 
တိုက်ချင်းပစ်ဒုံးပျံတွေဟာ ကီလိုမီတာ ၅၅၀၀ ထက်မနည်း ခရီးရောက်နိုင်ပြီး အမေရိကန်ထိ ပစ်ခတ်နိုင်ကာ နျူကလီးယားလက်နက်တွေ တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။
 
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုနှစ်ခုမှာ တိုက်ချင်းပစ်ဒုံးပျံစနစ်သစ်အတွက် စမ်းသပ်မှုပါ၀င်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကရီဘီ မတ် ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။
 
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့ အဲဒီစမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်က ရှုတ်ချကြောင်းနဲ့ ဒီလိုစမ်းသပ်မှုတွေဟာ တင်းမာမာမှုတွေ မလိုအပ်ဘဲ တိုးမြင့်လာစေပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ အမေရိကန်က ဝေဖန်ပြောဆိုထားပါတယ်။
 
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW