CNGတန်းစီနေတဲ့ ယာဥ်တန်းကို ကွန်တိန်နာကားက ဝင်တိုက်လို့ လူသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေရှိခဲ့

မတ် ၁၁ -၂၀၂၂
KK(VOM)
 
တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက် မောင်းမကန်လမ်း
မပေါ်မှာ ဒီကနေ့ မနက်ပိုင်းက CNG ဂတ်စ်ဖြည့်ဖို့ တန်းစီနေတဲ့ယာဥ်တန်းကို ကွန်တင်နာကားက ဝင်တိုက်ခဲ့လို့ လူသေဆုံးတာတွေရှိခဲ့တယ်လို့ အဲ့ဒီရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက် မောင်းမကန်လမ်းမပေါ်က CNG ဆိုင်မှာ ဒီကနေ့ မနက် ၆ နာရီက Gasထည့်ဖို့ စောင့်နေတဲ့ ယာဥ်တန်းကို ကွန်တိန်နာကားကဝင်တိုက်ခဲ့တာကြောင့် ကား(၈)စီး ထိခိုက်ပျက်စီးခဲ့ပြီး လူ(၄)ဦးခန့်သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေ ရှိတယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။
 
“တွဲကားသမားက အိပ်ငိုက်ပြီး Gas တန်းစီတဲ့ကားတွေကို ဆွဲချသွားတာ ၈ စီးလောက်ပါသွားတယ်၊ လောလောဆယ် လူ ၄ဦးသေသွားတယ် ဒဏ်ရာရသူ ၁ဦးလို့ကြားတယ်၊ အတိအကျမသိရသေးဘူး”လို့ သူကပြောပါတယ်။
 
​အဲ့ဒီဖြစ်စဥ်နဲ့ပတ်သတ်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ််မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁စီး၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
 
မောင်းမကန်လမ်းပေါ်က CNG ဆိုင်မှာ Gas သွား
ထည့်ခဲ့တဲ့ အငှားယာဥ်မောင်းတဦးက “အနိမ့်ဆုံး ၄ ဦးလောက်သေမယ်လို့ထင်တယ် “လို့ပြောပါတယ်။
 
လက်တလောအခြေအနေမှာ VOMသတင်းဌာနအနေဖြင့် လူသေဆုံးမှုနဲ့ပတ်သတ်ပြီး ရပ်ကွက်နေသူတွေရဲ့ပြောပြချက်အရသာသိရပြီး အတည်ပြုလို့ မရသေးပါဘူး။
 
တောင်ဒဂုံမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်၊ မောင်းမကန်လမ်းဟာ လေးလမ်းသွား ကားလမ်းမဖြစ်ပြီး ယာဥ်အသွားအလာများတဲ့အပြင် ကွန်တိန်နာယာဥ်ကြီးတွေ ဖြတ်သန်းသွားလာရာလမ်းမကြီးတခုလည်း ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ယာဉ်တိုက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW