စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ရန်ကုန်-ကလေး ကားခတွေ သိန်းဂဏန်းအထိ မြင့်တက်

မတ် ၁၂-၂၀၂၂ KK(VOM)   စက်သုံးဆီစျေးမြင့်တက်လာတာကြောင့် ရန်ကုန်-ကလေး ကားလက်မှတ်တွေ သိန်းချီ ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ကလေး ကနေ ရန်ကုန်အသွားနဲ့ ရန်ကုန်ကနေ ကလေး သို့ အပြန်လက်မှတ်စျေးတွေလည်း ဈေးနူန်းမတူသလို နေ့စဥ်ထွက်တဲ့ကားတွေရှိနေပြီး အလှည့်ကျရက်နဲ့ထွ က်တဲ့ကားတွေလည်းရှိတယ်လို့ အောင်မေတ္တာရပ်ကွက်နေသူတဦးက ပြောပါတယ်။   “ဟိုအရင်က ငါးသောင်း အခုနောက်ပိုင်း ရှစ်သောင်း တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းအထိ ပေါက်တယ်”လို့ သူကပြောပါတယ်။   ရန်ကုန်မှကလေးမြို့သို့ သွားရောက်သူတစ်ဦးက”ရန်ကုန်ကနေ သွားရင် အောင်မင်္ဂလာအဝေးပြေးမှာ လက်မှတ်ဝယ်ရင် ရှစ်သောင်းပဲပေးရတယ်၊ ဒါပေမယ့် တိုက်ရိုက်မရောက်ဘူး မုံရွာကနေတဆင့် ချိန်းပေးတာ”လို့ ပြောပါတယ်။   ရန်ကုန်-ကလေး ကားလက်မှတ်တွေ ဝယ်ယူရာမှာ ကားလေး၊ကားကြီးအပေါ်မူတည်၍ ကားလက်မှတ်ခတွေ ပြောင်းလဲသွားတာဖြစ်တယ်လို့ ရန်ကုန်-ကလေး ကားဂိတ်မှ တာဝန်ရှိသူတဦးကပြောပါတယ်။   “ကလေးဆို အနောက်က တစ်သိန်း…

Read More

မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမှာ တရားမဝင် သစ်တွေ သယ်လာတဲ့ ကား ၁၁ စီး နဲ့ လူ ၁၆ ယောက် အဖမ်းခံရ

မတ် ၊ ၁၂ -၂၀၂၂ SP(VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ဂွေချောင်းကျေးရွာအနီး မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းမှာ မနေ့ မတ် ၁၁ ရက် ညနေပိုင်းမှာ သစ်ခွဲသားဆိုက်စုံကို တရားမဝင် သယ်ဆောင်လာတဲ့ ကား ၁၁ စီးကို နယ်မြေခံ သစ်တောဘိနယ်အဖွဲနဲ့ လမ်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သစ်တောအသိုင်းအဝိုင်းဆီက သိရပါတယ်။   ” သစ်တန်ချိန် ခန့်မှန်း တန် ၃၀ ကျော်မယ် ၊ မြေပြင်တိုင်းတာတော့ မလုပ်ရသေးဘူး ၊ကား ၁၁ စီးနဲ့ လူ ၁၆ က သယ်ဆောင်လာတာဖြစ်တယ် “လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။   ပြီးခဲ့တဲ့နှစ် မတ်လစကလို့ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ် အကြားမှာရှိတဲ့…

Read More

အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်ကို ဒုံးကျည်တစ်စင်းကို မှားယွင်းပစ်ခတ်ခဲ့

ဒေလီ၊ မတ်-၁၂-၂၀၂၂ မျိုးဆက်(VOM)   အိန္ဒိယစစ်ဘက်ဟာ ပါကစ္စတန်ဘက်သို့ ဒုံးကျည်တစ်စင်းကို မတ် ၁၁ ရက်မှာ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်စဉ်အတွင်း နည်းပညာဆိုင်ရာ ချို့ယွင်းချက်ကြောင့်လို့ အိန္ဒိယဘက်က ပြောပါတယ်။   ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လွန်စွာစိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဖြစ်စဉ်ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုရှိဘူးလို့ အိန္ဒိယဘက်ကပြောပါတယ်။   အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံစလုံးဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။   ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း မီယန်ချန်နူမြို့အနီးသို့ အလွန်မြန်တဲ့နှုန်းနဲ့ ပျံသန်းလာတဲ့ အရာ၀တ္တုတစ်ခု ပျက်ကျခဲ့ပြီး သူ့ရဲ့ပျံသန်းမှုလမ်းကြောင်းဟာ ခရီးသည်တင်လေယာဉ်တွေအတွက် အန္တရာယ်ရှိခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်ကပြောပါတယ်။   ၂၀၂၂ ခုနှစ်မတ်လ ၉ ရက်မှာ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်နေစဉ်အတွင်း နည်းပညာဆိုင်ရာ ချို့ယွင်းမှုကြောင့် ဒုံးကျည်တစ်စင်း မတော်တဆပစ်ခတ်မိခဲ့တာဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အိန္ဒိယ အဆင့်မြင့်တရားရုံးတစ်ခုကို…

Read More

လူရွှင်တော်သရုပ်ဆောင် ဖိုးဖြူ ကွယ်လွန်

မတ် ၁၂-၂၀၂၂ KK(VOM)   လူရွှင်တော်သရုပ်ဆောင် ဖိုးဖြူဟာ မနေ့ မတ်လ ၁၁ရက် ည ၇ နာရီဝန်းကျင်က မြောက်ဥက္ကလာပမြို့နယ် OSC ဆေးရုံမှာ အဆုတ်ရောဂါနဲ့ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားတယ် ရုပ်ရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။   ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ လူရွှင် တော်ဦးဖိုးဖြူရဲ့ နာမည်အရင်းမှာ ဦးဖြူဝင်းရွှေလို့ သိရပါတယ်။   ရန်ကုန်တက္ကသိုလ်၊ မြန်မာစာကျောင်းသားများစုစည်း၍ ၁၉၈၅ ခုနှစ်မှာ ဇာဂနာ (ကိုသူရ)က မြပုဏ္ဏမာအမည်နဲ့ အငြိမ့်ကဖို့ စီစဉ်ခဲ့ရာ လူရွှင်တော်ဦးဖိုးဖြူလည်းပါဝင်ခဲ့ပါတယ်။   သရုပ်ဆောင်လူရွှင်တော်ဦးဖိုးဖြူ ကွယ်လွန်တာနဲ့ပတ်သက်ပြီး လူရွှင်တော်ဦးဇာဂနာက “ကျွန်တော်တို့အဖွဲ့ထဲမှာ သူကအသက်အကြီးဆုံး၊ အားလဲနာတယ် ခင်လဲခင်တယ်ဆိုတဲ့ ပြက်လုံးကို သူရှာလာခဲ့တာ၊ သူ့ရဲ့ပထမနာမည်က မီးဇာ၊ ဖိုးဖြူ လို့ ကျွန်တော်ပြောင်းပေးခဲ့တာ၊ အခုတော့ မြပုဏ္ဏမာကို ဒုတိယမြောက်ခွဲခွာသူပေါ့”လို့ လူမှုကွန်ရက်စာမျက်နှာမှာ…

Read More
VOM News

FREE
VIEW