ဆူးငှက် ““မြိုင်ခြေငယ်သင်းပါလို့ အင်ကြင်းငယ်ရွှေဖီ ဝတ်မှုန်ငယ်စီသည် … မြစ်နဒီသောင်တခိုက မောင်မယ်ညို မူးပြန်တော့တယ်လေး …”” နေသည် ဒက္ခိဏယဉ်စွန်းတန်းဆီသို့ တိမ်းညွတ်ယိမ်းယိုင်နေရာမှ ခေါင်းထောင်ထူမတ်လာ၏။ထိုအခါ တော င်လေက သြဘာပေးသည်။ နည်းနည်းလေးထူမတ်လာသည်နှင့် အပူစွမ်းက သိသိသာသာပြသည်။သစ်ပင်သ စ်တောတချို့ရွက်ကြွေခါချ ပူပန်ကြ၏။သစ်ပင်သစ်တောတချို့ကမူ ရွက်သစ်စိမ်းစို၊ပရစ်ဖူးနုသစ်တို့ဖြင့်အံတုပြန်သည်။ ထိုအခါမှ အားငယ်ရွက်ကြွေသစ်တောတို့ အားသစ်လောင်းသည်။ရွက်သစ်ဖူးတို့ စို့တက်ကြကုန်၏။မြောက်လေသွေးသွေး ဟိမဝန္တာအအေးက မဆုတ်ခွာချင် . . . ဆုတ်ခွာချင်။ဒါပေမယ့် သူ့ရာသီက ကုန်ချေပြီ . ..။ ပြန်ပေဦးတော့ ““နှင်းရေ”” . . .။ ၁၂လရာသီမစွန်းမီပန်လာဦးမည့် ““နှင်း””ကို အကဲပိုစွာတမ်းတနေဆဲ။ သင့်ခနဲမွေးလာသည့် မြတ်နိုးဖွယ် ရနံ့လေးက ““နှင်း”ကို ရုတ်ချည်း မေ့ပျောက်စေ၍ ဝေဒနာတစ်ခု အားထစေပြန်၏။ ဪ အပြောင်းအလဲ မြန်လှချည့်ရယ်လေ။ ရနံ့လေးဝေးဝေးမှ လာပေမယ့် မှတ်မိလွယ်လောက်အောင် အလုံးအဖန် အားကောင်းနေပြန်၏။…
Read More