သာဂရ ကိုးပင်ကွေ့ဖြတ်လမ်းမှာ ယာဥ်တိမ်းမှောက်ပြီး ၂ဦးသေ၊ ၃ဦး ဒဏ်ရာရ

မတ် ၂၆-၂၀၂၂
KK(VOM)

သာဂရမြို့၊ ကိုးပင်ရိုးမဖြတ်လမ်း (၁၀)မိုင်အဆင်းမှာ ဒီကနေ့ မနက်ပိုင်းက ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၂ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

အလုပ်ကပြန်လာတဲ့ ဖောကားမှောက်တာဖြစ်ပြီး အခင်းဖြစ်ရာနေရာမှာ ၂ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆွာ (MR AMBULANCE)အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနက်အစောကြီးမှောက်တာ ၂ဦးသေတယ်၊ သုံးဦးကို ဆွာဆေးရုံကနေ မသက်သာလို့ နေပြည်တော်ဆေးရုံကို လွဲပေးလိုက်တယ်”လို့ သူကပြောပါတယ်။

ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးကိုလည်း ဆွာဆေးရုံကနေ နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံသို့ လွဲပြောင်းကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။

လက်တလောမှာ သေဆုံးသူနှစ်ဦးရဲ့နေရပ်လိပ်စာကို ဒဏ်ရာရရှိသူတွေဆီကနေ စုံစမ်းနေပြီး ဆက်သွယ်
နေတယ်လို့ ပရဟိတအဖွဲ့အစည်းတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း နေပြည်တော်၊ ဇမ္မူသီရီမြို့နယ်မှာ ယာဥ်တိမ်းမှောက်မှုကြောင့် လူ၅ဦးသေ
ဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ပုသိမ်-ချောင်းသာလမ်းမှာ မတ်လ ၁၉ ရက်နေ့က ကံထူးအောင် Expressကားနဲ့ ပရိုဘောက်ကားတို့ တိုက်မိခဲ့ရာ ပရိုဘောက်ကားမီးလောင်ပြီး
ယာဥ်ပေါ်ပါသူ ၇ ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #သာဂရ #ယာဉ်မှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW