တောင်ဥက္ကလာပ KBZ ဘဏ် ဓားပြတိုက်ရာမှာ ပါဝင်သူတွေကို ဖမ်းမိတယ်လို့သိရ

ဧပြီ ၁၀-၂၀၂၂
KK(VOM)

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် KBZ ဘဏ်ခွဲဓားပြတိုက်မှုမှာ ပါဝင်သူတွေကို ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။

ဘဏ်ဓားပြတိုက်မှုမှာပါဝင်သူ ၇ဦးကို သုံးခွမြို့၊ သိုက်တူးကန်ကျေးရွာ၊ ပိုးဖလံကွင်းလယ်တဲမှာ ဒီကနေ့ နေ့လယ်(၁)နာရီက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲအရာရှိတဦးကပြောပါတယ်။

“အားလုံး ၇ဦး ဖမ်းမိတယ် ငွေတွေရော သေနတ်ရယ် ဗုံးတစ်လုံရယ်၊ နောက်ထပ်ပါဝင်သူတွေကို ကွင်းဆက်နဲ့လိုက်နေပါတယ်”လို့ သူကပြောပါတယ်။

ဖမ်းဆီးရမိသူတွေကတော့ ကိုဟိန်းထက်ဇော်၊စည်သူ၊ဟိန်းမင်းသန့်၊သန်းဇော်ထွေး၊လှိုင်ဘွားအောင်၊ဇာနည်ထက်၊ပြည့်ဖြိုးကျော် တို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက် သံသုမာလမ်းနဲ့ မင်းရဲကျော်စွာ (၉) လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ ၂၀ မှာ ဧပြီလ ၆ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်းနှစ်ထောင်ကျော်ပါသွားတယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နစကအစိုးရလက်ထက်မှာ မြန်မာတစ်နိူင်ငံတဝန်း ဓားပြတိုက်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး KBZ ဘဏ်မှာ ၅ကြိမ်တိုင်တိုင် ဓားပြတိုက်ခံရတာဖြစ်တယ်လို့ စာရင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #KBZဓါးပြမှု #ဆက်စပ်သူတွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW