ပန်ဆုယူ တာရေသွန်းချိန်မို့ (၂)

××××××××××××××××××××× ဆူးငှက် သင်္ကြန်ကာလ မန္တလေး၏ပြလမ်းများပေါ်တွင် ရေပက်ကစားသော ကလေးငယ်ဖြင့်သာ သင်္ကြန်မြင်ကွင်းကို ရိုးရိုးစင်းစင်း မြင်တွေ့ကြရပြီးသကာလ (၁၂၈၇-၈၈) ဝန်းကျင်ကာလများရောက်ပါမှ မန္တလေးမြို့လယ်တွင် နေထိုင်ကြသော ဘာသာခြားကြေးရတတ်များက သူတို့ပိုင်လော်ရီကုန်တင်ကားများပေါ် ရေပက်သည့် ကလေးငယ်များတင်ကာ မြို့အနှံ့ လှည့်လည်မောင်းနှင် ရေပက်ကစားကြတော့ ခေတ်ပညာတတ် မြန်မာလူငယ်များကလည်း မျက်ခုံးပင့်ကြည့်ကာ အားကျ ဝမ်းပါးလာကြ၏။ ဤသို့ဖြင့် လော်ရီမော်တော်ကားတချို့ မြို့ပြအနှံ့ လှည့်လည်ကစားပြန်တော့ ထိုထိုယာဉ်များအား ပြန်လှန်ရေပက်ကြမည့် ကလေးငယ်များကလည်း စောင့်စားစုစည်းမိကာ အပြန်အလှန် ရေပက်ကစားကြရင်းစည်ကားလာသည်။ ဤ’သဘင်’ကို အပျိုပေါက်၊ လူပျိုပေါက်များကလည်း ဘုန်းကြီးကျောင်းရိပ် မလိုက်လိုကြဘဲ ကြည့်ရှုချင်ကြ၏။ “ဟိုလူပက်ပါတော့လား”၊ “ဟိုမိန်းကလေး ပက်ပါတော့လား”ဟု အားပေးချင်လာ၏။ နောက်ဆုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲချင်လာတော့၏။ ဤသို့ဖြင့် နောက်ရက်သင်္ကြန်များတွင် မြန်မာလူငယ်လေးများလည်း နီးစပ်ရာ မော်တော်ယာဉ်များအပေါ် စီးနင်းကြကာ ရေပက်သင်္ကြန်ပွဲပျော်ပျော်ကြီး ဆင်နွှဲကြတော့သည်။ လူကြီးသူမများလည်း ပိပိပြားပြား ပျော်ပါးကြခြင်းမို့ ခွင့်ပြုကြရတော့၏။…

Read More

ပန်ဆုယူ တာရေသွန်းချိန်မို့ (၁)

×××××××××××××××××××× ဆူးငှက် “ထပ်ထပ်ကယ်သာ စောတော့တယ်၊ မြကြောငယ်ရစ်သီ။ ကိုက်ဖူးငယ်စီသည် ပွင့်သိင်္ဂီ ရွှေရင်ခတ်ကယ်တို့ ရှစ်ရပ်ကယ်တစ်ခိုက စိုလှတယ်လေး။” တောင်လေကသုန်သုန်တိုက်လာသည်။ လေသုန်သုန်မှာဖုန်လုံးကြီးတွေဝှေ့ပါလာတတ်သေး၏။ နေကလည်း ရဲရဲပွင့်သည်။ ဖုန်သောသောကပ်၊ ချွေးစိုစိုမှာ လေအဟုန်ကြောင့် တစ်ခဏ၊ တစ်ဒင်္ဂ အပူသက်သာစေ၏။ သို့သော် နေအပူကို လေမကူနိုင်ပါချေ။ ကောင်းကင်သည် ဟင်းလင်းပွင့်နေ၏။ မြူတိမ်တစ်စ ကြက်မတစ်ဝပ်စာ ပြာလွင်လွင်သည် အရပ်ရှစ်မျက်နှာမှ စုန်စုန့်တက်လာကာ တလောကလုံး ဖုံးလွှမ်းထားသည်။ ကောင်းကင်ပြာအောက်တွင် ရိုးတံကျဲသစ်ပင်တချို့ ပုရစ်ဖူးနုနုဖြင့် အစိမ်းသစ် ဆင်ထားသည်။ အပြာ နှင့် အစိမ်းနုက အပူရောင် အဝါကို အနားသပ်ထားသဖြင့် တန်ခူးဆန်းစ “နွေ”သည်နေပျော်ပါသေး၏။တော်သေးသည်။ သဘာဝသည် ‘အကောင်း’ဘက်က စစ်ကူထိုးပေးသည်။ ရွက်ဖူးကိုက်စီအစိမ်းမှာ လဲ့လဲ့ရွှေရောင် ပွင့်ငုံဖူးလေးတွေလည်း စွင့်လာဖို့ အားယူလာသည်။ မကြာမီ ရွှေရင်ခတ်တို့ ဝါဝါထိန်လာတော့မည်။ သည်လိုဖြင့် လောကရှစ်ခွင် ကြည်နူးသာယာဖွယ်အတိ ဖြစ်တော့မှာသေချာသည်။…

Read More

ဂျပန်နိုင်ငံ တိုကျိုရောက်မြန်မာတွေရဲ့ အဝေးရောက်သင်္ကြန်နဲ့ ဈေးရောင်းပွဲ

သတင်းဓါတ်ပုံ Maung Tun Wai ကိုဗစ်ကြောင့် အရင်နှစ်တွေက မကျင်းပနိုင်တဲ့ ဂျပန်ရောက်မြန်မာတွေရဲ့ သင်္ကြန်ပွဲကို ဒီနှစ်မှာပြန်လည်ကျင်းပခွင့်ရခဲ့ပါတယ်။ မင်္ဂလာဒိုးအဖွဲ့ရဲ့ သံချပ်တေးသံသာတွေ ၊ယိမ်းအကတွေ ၊ မြန်မာပြည်အလွမ်းပြေ စားစရာတွေ ရောင်းချပြီး ရံပုံငွေရှာဖွေခဲ့ ကြတယ်လို့ ဒီပွဲမှာ ပါဝင်ခဲ့တဲ့ ကိုထွန်းဝေက ပြောပါတယ်။ #voiceofmyanmar #VOM #ဂျပန်သင်္ကြန်

Read More

တောင်ဥက္ကလာပ KBZ ဘဏ် ဓားပြတိုက်ရာမှာ ပါဝင်သူတွေကို ဖမ်းမိတယ်လို့သိရ

ဧပြီ ၁၀-၂၀၂၂ KK(VOM) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် KBZ ဘဏ်ခွဲဓားပြတိုက်မှုမှာ ပါဝင်သူတွေကို ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။ ဘဏ်ဓားပြတိုက်မှုမှာပါဝင်သူ ၇ဦးကို သုံးခွမြို့၊ သိုက်တူးကန်ကျေးရွာ၊ ပိုးဖလံကွင်းလယ်တဲမှာ ဒီကနေ့ နေ့လယ်(၁)နာရီက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲအရာရှိတဦးကပြောပါတယ်။ “အားလုံး ၇ဦး ဖမ်းမိတယ် ငွေတွေရော သေနတ်ရယ် ဗုံးတစ်လုံရယ်၊ နောက်ထပ်ပါဝင်သူတွေကို ကွင်းဆက်နဲ့လိုက်နေပါတယ်”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိသူတွေကတော့ ကိုဟိန်းထက်ဇော်၊စည်သူ၊ဟိန်းမင်းသန့်၊သန်းဇော်ထွေး၊လှိုင်ဘွားအောင်၊ဇာနည်ထက်၊ပြည့်ဖြိုးကျော် တို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက် သံသုမာလမ်းနဲ့ မင်းရဲကျော်စွာ (၉) လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ ၂၀ မှာ ဧပြီလ ၆ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်းနှစ်ထောင်ကျော်ပါသွားတယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နစကအစိုးရလက်ထက်မှာ မြန်မာတစ်နိူင်ငံတဝန်း ဓားပြတိုက်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး KBZ…

Read More

ရွှေဘိုမြို့က မဟာနန္ဒာကန်တော်ကြီးထဲမှာ ရေဆင်ချိုးတဲ့သူ ၂ ဦးရေနစ်လို့ ၁ဦးသေ ၊၁ဦး ဆေးရုံတင်ထားရ

ဧပြီ ၊ ၁၀-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ၊ မဟာနန္ဒာကန်တော်ကြီး၊ ဘီလူးပြွန်အနီးမှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက လူ(၂)ဦး ရေနစ်ခဲ့တယ်လို့ ရွှေဘိုမြို့ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဘီလူးပြွန်ဝနား ရေဆင်းချိုးတဲ့ အမျိုးသားတဦးနဲ့ ကလေးငယ် အမျိုးသမီးတဦး ရေနစ်တာပါ ၊ ကလေးဖြစ်သူကို အသက်ရှင်လျက် ပြန်ကယ်နိုင်ခဲ့ပြီး လူကြီးကတော့ သေဆုံးပြီးမှ ပြန်ဆယ်လို့ရခဲ့တယ် “လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် ရွှေဘိုမြို့နယ် မီးသတ်အဖွဲ့နဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်လျက် ကယ်ဆယ်လိုက်နိုင်တဲ့ ကလေးငယ်ကို ရွှေဘို ပြည်သူ့ဆေးရုံးကြီးဆီ ဆေးကုသဖို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ အခုလို အပူလွန်ကဲတဲ့ ရာသီဥတုမှာ ရွှေဘိုမြို့နယ်ထဲက မြစ်ချောင်းအင်းအိုင်တွေထဲမှာ လူသူကင်းမဲ့နေတဲ့အချိန် ရေဆင်းမချိုးဖို့ လိုအပ်တယ်လို့ ရွှေဘိုမြို့ခံတွေက သုံးသပ်ပြောဆိုထားပါတယ်။ #voiceofmyanmar…

Read More

ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရာခန်း ရာထူးကနေဖယ်ရှားခံရ

လာဟိုး ၊ဧပြီ-၁၀-၂၀၂၂ မျိုးဆက်(VOM) ပါကစ္စတန်ဝန်ကြီးချုပ်အိုင်မရာခန်းဟာ အယုံအကြည်မရှိအဆိုမဲခွဲမှုမှာ ရှုံးနိမ့်ပြီးနောက် ရာထူးကနေထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ သူဟာ နိုင်ငံ့စီးပွားရေးစီမံခန့်ခွဲမှု လွဲမှားတယ်လို့ အတိုက်အခံပါတီတွေက စွပ်စွဲခဲ့ပြီး မတ်လကုန်မှာ သူ့အပေါ် အယုံအကြည်မရှိအဆို တင်သွင်းခဲ့ပေမယ့် အဲဒီအဆိုတင်သွင်းမှုကို တားမြစ်ခံခဲ့ပါတယ်။ အဲဒီနောက် အတိုက်အခံပါတီတွေက အဲဒီကိစ္စကို တရားရုံးချုပ်သို့ တင်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ် အိုင်မရာခန်းဟာ ဖွဲ့စည်းမှုအခြေခံဥပဒေနဲ့မညီတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီး အယုံအကြည်မရှိ အဆိုမဲခွဲမှုကို ဆက်လက်လုပ်ဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ပါတီဝင်အချို့က ကန့်ကွက်ခဲ့ပေမယ့် အယုံအကြည်မရှိအဆိုမဲခွဲမှုကို တနင်္ဂနွေနေ့မှာ အတည်ပြုခဲ့ပါတယ်။ အိုင်မရာခန်းဟာ ပါကစ္စတန်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရာထူးမှနှုတ်ထွက်ခဲ့ရတဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ Ref:NHK Phito:Getty Images #voiceofmyanmar #VOM #လာဟိုး

Read More

ဧရာဝတီတိုင်းက သင်္ကြန်ပွဲမှာ သံချပ်မထိုးရ၊အရက်သောက်ခြင်း၊ သရုပ်ပျက်ကခုန်တာတွေမလုပ်ဖို့တားမြစ်

ဧပြီ ၁၀-၂၀၂၂ VOM (GG) ဧရာဝတီတိုင်းအတွင်း သင်္ကြန်ပွဲတော်မှာ သံချပ်ထိုးတာ၊သရုပ်ပျက်ကခုန်တာ ၊အရက်သောက်တာအပါအဝင် အချက် ၁၀ ချက်ကိုမပြုလုပ်ဖို့သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားမြစ်လိုက်ပါတယ်။ သင်္ကြန်ပွဲတော် ကျင်းပခြင်းကို ထိခိုက်ပျက်ပြားအောင်ဖန်တီးခြင်း၊ ပြောဆိုပြုမူဆောင်ရွက်ခြင်း၊ သရုပ်ပျက်ဝတ်စားခြင်း၊ကခုန်ခြင်း မပြုလုပ်ဖို့တားမြစ်တဲ့အပြင် မူးယစ်ထုံထိုင်းပြီး ဘေးဖြစ်စေမယ့် ဆေးဝါး၊ အရက်သောက်ပြီး ယာဉ်မျှမောင်းနှင်ခြင်း၊ လိုက်ပါစီးနင်းခြင်း၊ သွားလာခြင်း မပြုလုပ်ဖို့လည်း တားမြစ်ထား ပါတယ် ။ ယာဉ်ပေါ်ဖြစ်စေ၊ ခန္ဓာကိုယ်ပေါ်ဖြစ်စေ ဒုတ်၊ ဓါးလက်နက် ယူဆောင်သွားလာခြင်းကိုလည်း တားမြစ်ကြောင်း စတဲ့အချက်တွေကို ထုတ်ပြန်စာမှာဖော်ပြထားပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ တာဝန်အရ ထိန်းသိမ်းဆောင်ရွက်နေမှုအပေါ် မချေမငံပြောဆိုခြင်း၊ ဟန့်တားနှောက်ယှက်ခြင်း၊ နိုင်ငံပိုင်ပုဂ္ဂလိကပိုင် ပစ္စည်းတွေ ထိခိုက်ပျက်စီးစေခြင်းကို မပြုလုပ်ဖို့လည်း တားမြစ်ထားတာဖြစ်ပါတယ်။ အကယ်၍ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်သိရပါတယ် ။ လက်ရှိမှာ ဧရာဝတီတိုင်းအပြင် ရန်ကုန်တိုင်း ၊ပဲခူးတိုင်းအပြင် ကျန်တဲ့မြို့နယ်တွေမှာလည်း…

Read More

ဒေါက်တာအောင်မိုးညိုကို ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုနဲ့ ထောင် ၁ နှစ် အမိန့်ချ

ဧပြီ ၊ ၉-၂၀၂၂ SP (VOM) မကွေးတိုင်းအစိုးရဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုကို မနေ့ ဧပြီ ၈ ရက်နေ့က မကွေးအကျဥ်းထောင် အထူးတရားရုံးကနေ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်တယ်လို့ မကွေးမြို့ခံတွေဆီက သိရပါတယ်။ ” ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၇၁ အရ ထောင်ဒဏ် ၁ နှစ် ထပ်မံချလိုက်တာဖြစ်တယ် ” လို့ မကွေးရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။ မကွေးမြို့ခံ တရားလွှတ်တော် ရှေ့နေတယောက်ကလည်း” ပြီးခဲ့တဲ့ ၂၀၂၁ ၊ ဒီဇင်ဘာလက မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့ တာဝန်ရှိသူတဦးက တရားလိုပြုလုပ် အမှုဖွင့်ခဲ့တဲ့ အမှုအတွက် အမိန့်ချတာ ” လို့ ပြောပါတယ်။ ဒေါက်တာအောင်မိုးညိုအပေါ် မူလက အမှုဖွင့်အရေးယူခဲ့တဲ့ အမှု ၇ မျိုးအတွက် ထောင်ဒဏ်…

Read More
VOM News

FREE
VIEW