ဒေါက်တာအောင်မိုးညိုကို ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုနဲ့ ထောင် ၁ နှစ် အမိန့်ချ

ဧပြီ ၊ ၉-၂၀၂၂
SP (VOM)

မကွေးတိုင်းအစိုးရဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုကို မနေ့ ဧပြီ ၈ ရက်နေ့က မကွေးအကျဥ်းထောင် အထူးတရားရုံးကနေ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်တယ်လို့ မကွေးမြို့ခံတွေဆီက သိရပါတယ်။

” ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၇၁ အရ ထောင်ဒဏ် ၁ နှစ် ထပ်မံချလိုက်တာဖြစ်တယ် ” လို့ မကွေးရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

မကွေးမြို့ခံ တရားလွှတ်တော် ရှေ့နေတယောက်ကလည်း” ပြီးခဲ့တဲ့ ၂၀၂၁ ၊ ဒီဇင်ဘာလက မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့ တာဝန်ရှိသူတဦးက တရားလိုပြုလုပ် အမှုဖွင့်ခဲ့တဲ့ အမှုအတွက် အမိန့်ချတာ ” လို့ ပြောပါတယ်။

ဒေါက်တာအောင်မိုးညိုအပေါ် မူလက အမှုဖွင့်အရေးယူခဲ့တဲ့ အမှု ၇ မျိုးအတွက် ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရပြီးနောက်ပိုင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ အရ ထောင်ဒဏ် ၁ နှစ် ထပ်မံချမှတ်ခံရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မအရ ဒဒေါက်တာ အောင်မိုးညိုဟာ အမှုဆက်လက် ရင်ဆိုင်နေရတယ်လို့ မကွေးနိုင်ငံရေးအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မကွေး #ဒေါက်တာအောင်မိုးညို #ထောင်တနှစ်ထပ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW