ရွှေဘိုမြို့က မဟာနန္ဒာကန်တော်ကြီးထဲမှာ ရေဆင်ချိုးတဲ့သူ ၂ ဦးရေနစ်လို့ ၁ဦးသေ ၊၁ဦး ဆေးရုံတင်ထားရ

ဧပြီ ၊ ၁၀-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ၊ မဟာနန္ဒာကန်တော်ကြီး၊ ဘီလူးပြွန်အနီးမှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက လူ(၂)ဦး ရေနစ်ခဲ့တယ်လို့ ရွှေဘိုမြို့ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဘီလူးပြွန်ဝနား ရေဆင်းချိုးတဲ့ အမျိုးသားတဦးနဲ့ ကလေးငယ် အမျိုးသမီးတဦး ရေနစ်တာပါ ၊ ကလေးဖြစ်သူကို အသက်ရှင်လျက် ပြန်ကယ်နိုင်ခဲ့ပြီး လူကြီးကတော့ သေဆုံးပြီးမှ ပြန်ဆယ်လို့ရခဲ့တယ် “လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့နယ် မီးသတ်အဖွဲ့နဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်လျက် ကယ်ဆယ်လိုက်နိုင်တဲ့ ကလေးငယ်ကို ရွှေဘို ပြည်သူ့ဆေးရုံးကြီးဆီ ဆေးကုသဖို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

အခုလို အပူလွန်ကဲတဲ့ ရာသီဥတုမှာ ရွှေဘိုမြို့နယ်ထဲက မြစ်ချောင်းအင်းအိုင်တွေထဲမှာ လူသူကင်းမဲ့နေတဲ့အချိန် ရေဆင်းမချိုးဖို့ လိုအပ်တယ်လို့ ရွှေဘိုမြို့ခံတွေက သုံးသပ်ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ရွှေဘို #ရေနစ် #တဦးသေ

Related posts

Leave a Comment

VOM News

FREE
VIEW