ဧရာဝတီတိုင်းက သင်္ကြန်ပွဲမှာ သံချပ်မထိုးရ၊အရက်သောက်ခြင်း၊ သရုပ်ပျက်ကခုန်တာတွေမလုပ်ဖို့တားမြစ်

ဧပြီ ၁၀-၂၀၂၂
VOM (GG)

ဧရာဝတီတိုင်းအတွင်း သင်္ကြန်ပွဲတော်မှာ သံချပ်ထိုးတာ၊သရုပ်ပျက်ကခုန်တာ ၊အရက်သောက်တာအပါအဝင် အချက် ၁၀ ချက်ကိုမပြုလုပ်ဖို့သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားမြစ်လိုက်ပါတယ်။

သင်္ကြန်ပွဲတော် ကျင်းပခြင်းကို ထိခိုက်ပျက်ပြားအောင်ဖန်တီးခြင်း၊ ပြောဆိုပြုမူဆောင်ရွက်ခြင်း၊ သရုပ်ပျက်ဝတ်စားခြင်း၊ကခုန်ခြင်း မပြုလုပ်ဖို့တားမြစ်တဲ့အပြင် မူးယစ်ထုံထိုင်းပြီး ဘေးဖြစ်စေမယ့် ဆေးဝါး၊ အရက်သောက်ပြီး ယာဉ်မျှမောင်းနှင်ခြင်း၊ လိုက်ပါစီးနင်းခြင်း၊ သွားလာခြင်း မပြုလုပ်ဖို့လည်း တားမြစ်ထား ပါတယ် ။

ယာဉ်ပေါ်ဖြစ်စေ၊ ခန္ဓာကိုယ်ပေါ်ဖြစ်စေ ဒုတ်၊ ဓါးလက်နက် ယူဆောင်သွားလာခြင်းကိုလည်း တားမြစ်ကြောင်း စတဲ့အချက်တွေကို ထုတ်ပြန်စာမှာဖော်ပြထားပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ တာဝန်အရ ထိန်းသိမ်းဆောင်ရွက်နေမှုအပေါ် မချေမငံပြောဆိုခြင်း၊ ဟန့်တားနှောက်ယှက်ခြင်း၊ နိုင်ငံပိုင်ပုဂ္ဂလိကပိုင် ပစ္စည်းတွေ ထိခိုက်ပျက်စီးစေခြင်းကို မပြုလုပ်ဖို့လည်း တားမြစ်ထားတာဖြစ်ပါတယ်။

အကယ်၍ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်သိရပါတယ် ။

လက်ရှိမှာ ဧရာဝတီတိုင်းအပြင် ရန်ကုန်တိုင်း ၊ပဲခူးတိုင်းအပြင် ကျန်တဲ့မြို့နယ်တွေမှာလည်း သင်္ကြန်ပွဲကျင်းပဖို့အတွက် ရေကစားမဏ္ဍပ်တွေဆောက်လုပ်နေကြပါတယ်။

” မတော်လို့ဗုံးပေါက်ရင် ဘယ်လိုလုပ်မလဲ ၊သင်္ကြန်မဏ္ဍပ်နားကို မသွားရဲပါဘူး၊ ခေတ်ကမကောင်းရတဲ့အထဲ လူစုလူဝေးနေရာကို မသွားရဲပါဘူး ၊ပုသိမ်မှာတော့ မဏ္ဍပ်တွေဆောက်နေတာ အများကြီးပဲ ” လို့ ပုသိမ်မြို့ဒေသခံတဦးကပြောပါတယ်။

အခုနှစ် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲမယ့်သူတွေရှိသလို လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နေအိမ်မှာပဲ နေကြမယ့်သူတွေလည်းရှိနေပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #သင်္ကြန်ကာလ #တားမြစ်ချက်

Related posts

Leave a Comment

VOM News

FREE
VIEW