ရွှေပြည်သာမှာ တစ်သောင်းတန်အတုတွေနဲ့ Wave Money အကောင့်ထဲ ငွေလာဖြည့်သူကို ဖမ်းမိ

မေ ၆-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက Wave Money ဆိုင်တစ်ဆိုင်ကို တစ်သောင်းတန်
ငွေစက္ကူအတုတွေနဲ့ ငွေလာဖြည့်သူတစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ် ရပ်ကွက်တစ်ခုက Wave Money ဆိုင်ကို ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ကိုနိူင်ထက်ဦး ဆိုသူက သူရဲ့Wave Money အကောင့်ကို ငွေကျပ်တစ်သောင်းတန်အတု အရွက် ၃၀ နဲ့ငွေလာဖြည့်စဉ် ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူလာဖြည့်တဲ့ပိုက်ဆံက အတုတွေဖြစ်နေတယ်၊ ကွင်းဆက်ကို စုံစမ်းလိုက်တော့ အမျိုးသမီးတစ်ဦးဆီက ဝယ်တယ်လို့ ထွက်ထားတယ်၊ အခုကွင်းဆက်တွေလိုက်နေတယ်”လို့ သူကပြောပါတယ်။

ကိုနိူင်ထွက်ဦးရဲ့ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းပေါ်က အမျိုးသမီးတစ်ဦးဆီကနေ ငွေစက္ကူအစစ် တစ်သိန်းပေးပြီး ငွေစက္ကူအတု သုံးသိန်းဝယ်ခဲ့တယ်လို့ သိရတာကြောင့် ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

မနေ့ မေလ ၅ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်ဗဟိုလမ်းက ဆေးဆိုင်တစ်ဆိုင်မှာ wave money ကို ငါးထောင်တန်ငွေစက္ကူအတုတွေနဲ့ ငွေလာလွဲသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ပြီးခဲတဲ့ ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းကလည်း ကန်ကြီးထောင့်မြို့နယ်မှာ တစ်သောင်းကျပ်တန်ငွေစက္ကူအတုတွေနဲ့ ငွေလွှဲငွေထုတ်ပြုလုပ်သူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

၂၀၂၁ ဇန်နဝါရီလ ၆ ရက် ကနေ ၂၀၂၂ မတ်လအတွ
င်း ပြည်နယ်နဲ့တိုင်းဒေသကြီး ၅ ခု မှာ တစ်သောင်းတန်နဲ့ငါးထောင်တန် ငွေစက္ကူအတုတွေ ယခုနှစ် သုံးလအတွင်း ဖမ်းဆီးရရှိမှု ၁၀ ကြိမ်ရှိတယ်လို့ နစကကောင်စီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တသောင်းတန်အတု #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW