မူဆယ်မြို့မှာ ဖုန်းဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၁ ထောင်ဖိုး ပစ္စည်းတွေ ပါသွား

မေ ၁၁-၂၀၂၂
VOM (GG)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့က ဖုန်းဆိုင်တဆိုင်ဟာ မနေ့မေလ ၁၀ ရက် ညနေပိုင်းမှာ ဓားပြတိုက်ခံခဲ့ရပြီး ငွေသိန်း ၁၀၀၀ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ပါသွားတယ်လို့ သိရပါတယ်။

” ကောင်တာထဲက ဖုန်းအသစ်တွေရော second တွေရော၊ 12 promax တွေရော အားလုံးပေါင်း သိန်း ၁၀၀၀ ဖိုးလောက်ပါသွားတယ် “လို့ ဖုန်းဆိုင်ပိုင်ရှင် ကိုစိုင်းညီကပြောပါတယ်။

ဓားပြတိုက်ခံရတာက Sai Nyee Second- hand mobile & laptop ဆိုင်ဖြစ်ပြီး ၊ ညနေ ၄ နာရီလောက်မှာ အမည်အသိ အမျိုးသား ၆ ယောက်က သေနတ်တွေနဲ့ရောက်လာပြီး ကောင်တာထဲကဖုန်းတွေကိုယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

” ဟုတ်တယ်ဗျ ညနေ ၄ နာရီမတ်တင်းလောက်ဖြစ်မယ်။မိုးတွေသည်းနေချိန် လူကလည်းပြတ်တော့ ဖြစ်သွားတာ။ သိန်း ၁၀၀၀ ဖိုးလောက်ရှိတယ်တဲ့ ၊တိုက် တဲ့သူတွေကလည်း သေနတ်တွေကိုယ်စီနဲ့လို့ သိရတယ် ၊နေရတာ မလုံခြုံတော့ဘူး “လို့ မူဆယ်ဒေသခံတဦးကပြောပါတယ်။

လက်ရှိ မူဆယ်မြို့မှာ ဆိုင်ကယ်လုယက်မှုတွေ၊ နေအိမ်ဓားပြတိုက်ခံရတာတွေ ၊ဖုန်းလုယက်ခံရတာတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ဖုန်းဆိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW