ငရုတ်စိုက်ဖို့သွားတဲ့ အမျိုးသမီး ၅ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

မေ ၂၄-၂၀၂၂
GG(VOM)

ပျော်ဘွယ်မြို့၊ ကျောက်ချပ်ရွာမှာ ငရုတ်စိုက်ဖို့သွားတဲ့ အမျိုးသမီး ၅ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးမှု ဒီကနေ့ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ငရုတ်စိုက်ဖို့ ယာထဲရောက်ချိန် လျှပ်စီးလက်ပြီးမိုးကြိုးပစ်နေတာကြောင့် ယာကန်သင်းပေါ် ထိုင်နေချိန် မိုးကြိုးစက်ကွင်းမိကာ အမျိုးသမီး ၅ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ဟုတ်တယ် ၃ နာရီလောက်မှာဖြစ်တာ၊ ၅ယောက်ဆုံးသွားတယ်၊ ငရုတ်က မစိုက်ရသေးဘူး။ကန်သင်းပေါ်မှာထိုင်နေတာ၊ထိုင်နေတာတော့ အများကြီးပဲ ၈ ယောက်လောက် စက်ကွင်းမိတာ ၊ အခု၅ယောက်သေတာ၊ကျန်တဲ့ ၃ ယောက်ကတော့ ဖြစ်ပြီးသတိတန်းရလာပြီး ရှင်တယ်ပေါ့၊သူတို့ဖြစ်တဲ့နေရာနဲ့ ဆေးရုံကဝေးတယ်လေ၊ ဆေးရုံရောက်တဲ့အထိ သူတို့အသက်တွေပါသေးတယ်”လို့ ကျောက်ချပ်ရွာဒေသခံတဦးကပြောပါတယ်။

မိုးကြိုးပစ်ခံရပြီးသေဆုံးသူ ၅ ဦးဟာ အသက် ၅၀ ကျော် ၂ယောက်ပါဝင်ပြီး အသက် ၃၀ ဝန်းကျင် တယောက်၊အသက် ၄၀ တယောက်၊အသက် ၁၇နှစ်အရွယ်ကောင်မလေးတယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေကို မိုးကြိုးပစ်ပြီးပြီးချင်း ကျောက်ချပ်ရွာမှာရှိတဲ့ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း၊ဆေးရုံအထိအသက်ရှင်ခဲ့ပြီးမှသေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးသူအမျိုးသမီး ၅ ဦးလုံးဟာ ကျောက်ချပ်ရွာတောင်ပိုင်းကွက်သစ်မှာ နေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပျော်ဘွယ် #မိုးကြိုးပစ်ခံရ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW