ဒီနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ထူးကဲများပြားနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရ

မေ ၂၄-၂၀၂၂
VOM (GG)

မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ နှစ်စဉ်ဖြစ်ပွားမှု သုံးသပ်ချက်တွေအရ ဒီနှစ်(၂၀၂၂)ဟာ ရောဂါဖြစ်ပွားမှုထူးကဲများပြားလို့ Outbreak အသွင် ဖြစ်ပွားနိုင်ခြေများတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပါမောက္ခေ ဒေါက်တာသက်ခိုင်ဝင်းက ပြောဆိုလိုက်ပါတယ်။

လက်ရှိ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအနေနဲ့ ဒီနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ့ မေလ၂၀ ရက်နေ့အထိကို သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၅၁၆ ဦးရှိပြီး သေဆုံးသူ ၂ ဦးရှိထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ဖြစ်ပွားမှုအများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

” အခုနှစ် အစထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ အမြဲရှိတယ် ၊ ရန်ကင်း နဲ့ ရန်ကုန် ကလေးဆေးရုံကြီးတွေမှာလည်းရှိတယ်လို့ သိရပါတယ် ၊သွေးလန့်တဲ့ကလေးတွေ သွေးရည်ကြည်အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ် ၊ အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေးကို ဖြစ်မှန်းသိ ဆေးရုံတင်သင့်တဲ့ကလေးတွေ တင်ထားပြီး စနစ်တကျကုသရင် အဆင်ပြေပါတယ် “လို့ ဆရာဝန်တဦးက ပြောပါတယ် ။

သွေးလွန်တုပ်ကွေးရောဂါဟာ အသက် ၅ နှစ်ကနေ ၉ နှစ်အထိ အသက်အပိုင်းအခြားမှာ အများဆုံးဖြစ်ပွားလေ့ရှိပြီး ဒုတိယအဖြစ်အများဆုံး အသက်အရွယ်က အသက် ၁ နှစ် ကနေ ၄ နှစ် ဖြစ်ပါတယ်။တတိယဖြစ်ပွားမှုက အသက် ၁၀ ကနေ ၁၄နှစ်အသက်အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးကတော့ “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းကုသမှုဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်းတွေနဲ့ ပစ္စည်းတွေအတွက် နိုင်ငံတော်အသုံးစရိတ်ကနေ လုံလောက်စွာ ဝယ်ယူဖြည့်တင်းထားပါတယ်။သွေးလွန်တုပ်ကွေးရောဂါ ကုသမှုဆိုင်ရာသင်တန်းတွေကိုလည်း အဆင့်ဆင့်သင်ကြားပေးခြင်းနဲ့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနေပါတယ်”လို့ မနေ့ မေလ ၂၃ ရက်နေ့က အစည်းအဝေးပြုလုပ်စဉ်မှာ ပြောခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်မှာဆိုရင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၅၄၄၆ ဦး ရှိပြီး သေဆုံးသူ ၃၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး စာရင်းအချက်အလက်တွေအရ ၂၀၁၅ ခုနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သူ ၄၀၀၀၀ ကျော် ၂၀၁၆ ခုနှစ်မှာက ၁၀၀၀၀ ကျော် ၊ ၂၀၁၇ ခုနှစ်မှာက ၃၀၀၀၀ ကျော် ၊ ၂၀၁၈ ခုနှစ် မှာတော့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၀၀၀ ရှိခဲ့တယ်လို့သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ ကမ္ဘာပေါ်မှာ တစ်နှစ်ကို လူဦးရေ သန်း ၃၉၀ ခန့် ကူးစက်ဖြစ်ပွားနေရာ အဲ့ဒီထဲမှာ အရှေ့တောင်အာရှဒေသက မြန်မာအပါအဝင် အင်ဒိုနီးရှား၊ ထိုင်း က ဖြစ်ပွားသူဦးရေ အများဆုံးဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကသိရပါတယ်။

ပြည်ထောင်စုဝန်ကြီးကတော့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းထက် နှီးနွယ်ဝန်ကြီးဌာနတွေ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အုပ်ချုပ်ရေးဦးစီးဌာနတွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ တိုက်တွန်းထားပြီး မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီရဲ့ ပံ့ပိုးကူညီပေးမှုလည်း လိုအပ်သလို ပြည်သူတွေရဲ့ပူးပေါင်းမှုကလည်းအရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #သွေးလွန်တုပ်ကွေးရောဂါ

Related posts

Leave a Comment

VOM News

FREE
VIEW