ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် မလေးရှားက ပြည်ပသို့ ကြက်တင်ပို့မှုရပ်ဆိုင်း

ကွာလာလမ်ပူ၊ မေ-၂၄-၂၀၂၂
မျိုးဆက်(VOM)

မလေးရှားနိုင်ငံတွင်းမှာ ကြက်သားဖူလုံရေးအတွက် ပြည်ပသို့ကြက်တင်ပို့မှုကို ဇွန်လကစပြီး ပိတ်ပင်သွားမယ်လို့ မလေးရှား၀န်ကြီးချုပ်ကပြောပါတယ်။

အာရှဒေသမှာ အိန္ဒိယနိုင်ငံကလည်း ပြည်ပသို့ဂျုံတင်ပို့မှုတွေကို ပိတ်ပင်ထားပြီး အင်ဒိုနီးရှားနိုင်ငံကလည်း စားအုန်းဆီတင်ပို့မှုတွေကို ပိတ်ပင်ထားခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက် ဆယ်စုနှစ်တွေအတွင်း ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စားနပ်ရိက္ခာ အကြပ်အတည်းနဲ့ ကြုံတွေ့နေရပါတယ်။

ဒေသတွင်းအစိုးရဟာတွေဟာ စားနပ်ရိက္ခာအကြပ်အတည်းနဲ့ပတ်သက်ပြီး ပြည်တွင်းဖူလုံရေးမူဝါဒကို ကိုင်စွဲလာတာနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးပညာရှင်တဦးက သတိပေးပြောဆိုထားပါတယ်။

မလေးရှာနိုင်ငံမှာ မကြာသေးမီအတွင်း ကြက်သားစျေးနှုန်းကြီးမြင့်လာတဲ့အပေါ် ပြည်သူတွေအကြား မကျေမနပ်ဖြစ်နေကြပြီး လက်လီရောင်းချသူတွေဟာလည်း ရောင်းချဖို့အတွက်ကို ခွဲတမ်းစနစ်နဲ့သာ ရရှိနေပါတယ်။

ပြည်တွင်းမှာ စျေးနှုန်းနဲ့ ထုတ်လုပ်မှုတည်ငြိမ်တဲ့အထိ ပြည်ပနိုင်ငံတွေကို လစဉ်ကြက်ကောင်ရေ ၃ ဒသမ ၆ သန်း တင်ပို့နေတာကို ရပ်ဆိုင်းသွားမယ်လို့ မလေးရှား၀န်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့က ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW