မျောက်ကျောက်ရောဂါက မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်ခြေနည်းပါးတယ်လို့ ကျန်းမာရေးဝန်ကြီးပြော

မေ ၂၃-၂၀၂၂
VOM (GG)

ကမ္ဘာ့နိုင်ငံအချို့မှာဖြစ်ပွားနေတဲ့ မျောက်ကျောက် Monkeypoxရောဂါဟာ သဘောသဘာဝအရ မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်ခြေ နည်းပါးတယ်လို့ ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောဆိုလိုက်ပါတယ်။

အကယ်၍ မျောက်ကျောက်ရောဂါသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနတွေမှာ လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးနဲ့ ဆေးကုသရေးလုပ်ငန်းကိုတော့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမှာဖြစ်တယ်လို့ လည်း ပြောပါတယ်။

” မျောက်ကျောက်ရောဂါက မြန်မာနိုင်ငံမှာဖြစ်ပွားနိုင်ခြေနည်းတယ်ဆိုပေမယ့် ကျောက်ရောဂါတွေနဲ့ပတ်သက်ပြီးဖြစ်စေ ရှိရင်းစွဲကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီးဖြစ်စေ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကတော့အရှိန်အဟုန်မြှင့်တင်‌ပြီး ဆောင် ရွက်ဖို့ လိုအပ်ပါတယ်၊ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု မဖြစ်အောင်လည်း ကလေးတွေမှာဖြစ်တတ်တဲ့ရေကျောက်ရောဂါနဲ့ monkeypox ရောဂါဖြစ်ပွားတဲ့အခါ တွေ့ရတဲ့ ရောဂါလက္ခဏာတွေ ကွာခြားမှု၊ဖြစ်နိုင်ခြေ ကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ကျန်းမာရေးအသိပညာပေးရမယ်၊” လို့ ကျန်းမာရေးဝန်ကြီးက မေလ၂၃ ရက်နေ့ အစည်းအဝေးမှာပြောခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မြန်မာနိုင်ငံက ကလေးငယ်တွေမှာ ဖြစ်ပွားတတ်တဲ့ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ထိန်းချုပ်ခြင်းနဲ့ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရမှာဖြစ်သလို အဓိက မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး ကျန်းမာရေးအသိပညာပေးခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားရမယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းကလည်း “monkeypo x ကူးစက်ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ကူးစက်ဖြစ်ပွားမှုတွေကို ဆက်လက်စောင့်ကြည့်ပြီး နိုင်ငံတွင်း လက်ရှိရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။

Monkeypox ကူးစက်ရောဂါဟာ တိရစ္ဆာန်တွေကတဆင့် လူကို ကူးစက်တတ်တာဖြစ်လို့ One Health Approach အရ မွေးမြူရေးနှင့်ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတို့ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

လက်ရှိ မျောက်ကျောက်ကူးစက်ရောဂါဟာ အာဖရိက၊ အမေရိက၊ ဥရောပရှိ နိုင်ငံအချို့မှာ ဖြစ်ပွားမှုများနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Photo- WHO
#voiceofmyanmar #VOM #မျောက်ကျောက်ရောဂါ

Related posts

Leave a Comment

VOM News

FREE
VIEW