ရုရှားတပ်ဖွဲ့၀င်တဦးကို စစ်ရာဇ၀တ်မှုနဲ့ ယူကရိန်းတရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချ

ကိယက်ဗ်၊ မေ-၂၄-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားကကျူးကျော်မှုပြုပြီးနောက် ပထမဆုံးစစ်ရာဇ၀တ်မှုအဖြစ် ယူကရိန်းအရပ်သားတဦးကို သတ်ဖြတ်မှုနဲ့ ရုရှားတင့်ကားတပ်မှူးတဦးကို ယူကရိန်းတရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့ ရုရှားတင့်ကားတပ်မှူး Vadim Shishimarin ဟာ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း Chupakhivka ရွာမှာ အသက် ၆၂ နှစ်အရွယ် Oleksandr Shelipov ဆိုသူကို ဖေဖော်ဝါရီ ၂၈ ရက်က သတ်ဖြတ်ခဲ့တာကြောင့် အခုလို စီရင်ချက် ချလိုက်တာဖြစ်ပါတယ်။

သူဟာ Oleksandr Shelipov ကိုပစ်သတ်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ပေမယ့် ဒါဟာအမိန့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်းနဲ့ သူ့ကိုခွင့်လွှတ်ဖို့ သေဆုံးသူရဲ့မိန်းမကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းမှာ ရုရှားတပ်တွေရဲ့ အခြားသော စစ်ရာဇ၀တ်မှုကျူးလွန်တာတွေကို ယူကရိန်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ပဋိပက္ခတွေအတွင်း အရပ်သားတွေကို တမင်ပစ်မှတ်ထားတာဟာ စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အချက်တွေထဲမှာ ပါ၀င်နေပြီး မေ ၂၃ ရက်ကချမှတ်လိုက်တဲ့ စီရင်ချက်ဟာ သိသာထင်ရှားတဲ့ ဥပဒေဆိုင်ရာ စံနမူနာတခုဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းမှာ စစ်ရာဇ၀တ်မှု တသောင်းတထောင်ကျော်လောက် ကျူးလွန်ခဲ့ဖွယ်ရှိတဲ့ အထောက်အထားပေါင်းများစွာရှိကြောင်း ယူကရိန်းက ထုတ်ဖော်ပြောဆိုထားပေမယ့် ရုရှားဘက်ကတော့ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းနဲ့ပတ်သက်ပြီး ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW