NLD လက်ထက်က သမ္မတရုံးညွန်ချုပ် ဦးဇော်ဌေး ရဲ့ စျာပနအခမ်းအနား.

မေ ၂၄ -၂၀၂၂
KT(VOM)

NLD လက်ထက်က သမ္မတရုံးညွန်ချုပ် ဦးဇော်ဌေး ရဲ့စျာပနအခမ်းအနားကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ဒီကနေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို ဦးဇော်ဌေး နဲ့ စစ်တက္ကသိုလ်အပတ်စဥ်တူ သူငယ်ချင်းလည်းဖြစ် လက်ရှိ နစက ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း လာရောက်ဂါရဝပြုတာကိုလည်း တွေ့ရပါတယ်။

ဦးဇော်ဌေးနဲ့ပတ်သက်ပြီးဗိုလ်ချူပ်ဇော်မင်းက.”ဦး
ဇော်ဌေးဟာ အခုချိန်ထိ ဗိုလ်ချုပ်ကြီးရာပြည့်တို့ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီရဲ့ငြိမ်းချမ်းဆိုင်ရာလုပ်ငန်းစဥ်တွေမှာအထောက်အကူပြုလုပ်ပေးနေပါတယ်၊သူ့အနေနဲ့ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဥ်တွေမှာ သူ့ရဲ့အတွေ့အကြုံတွေကို ဗိုလ်ချုပ်ကြီးရာပြည့်အဖွဲ့နဲ့ ညှိနှိုင်းမှုတွေ၊စာတမ်းတင်တာတွေလုပ်နေပါတယ်၊ နောက်ဆုံးအချိန်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ ကျရာကဏ္ဍကနေပြီး တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်၊ သူရဲ့ငြိမ်းချမ်းရေးခရီးဖြတ်သန်းမှုက အတွေ့အကြုံတွေကို လက်ဆင့်ကမ်းတဲ့သဘောလုပ်ဆောင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဦးဇော်ဌေးရဲ့ ဈာပနအခမ်းအနားကို အပတ်စဉ်တူ ကျောင်းဆင်းဘက်သူငယ်ချင်းတွေ လာရောက်ပြီး ကွေ့ကြီးသုဿန်မှာ နောက်ဆုံးဂါရဝပြုတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဦးဇော်ဌေးဟာ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး၂၀၂၁ခုနှစ် ဇွန်လမှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်သလို လက်ရှိ ကွယ်လွန်ချိန်မှာ အသက်(၄၉)နှစ်ရှိပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဦးဇော်ဌေး #စျာပနအခမ်းအနား

Related posts

Leave a Comment

VOM News

FREE
VIEW