နေတိုးအဖွဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှု ဘောလ်တစ် ပင်လယ်မှာ ပြုလုပ်နေ

ဘရပ်ဆဲလ်၊ ဇွန်-၈-၂၀၂၂
မျိုးဆက်(VOM)

နေတိုးအဖွဲ့ဟာ ဘောလ်တစ်ပင်လယ်ဒေသမှာ နှစ်စဉ်ရေတပ်စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေပြီး နေတိုးအဖွဲ့၀င်ဖြစ်ဖို့ လွန်ခဲ့တဲ့လက လျှောက်ထားခဲ့တဲ့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့လည်း ပါ၀င်နေပါတယ်။

ဇွန် ၅ ရက်ကစတင်ခဲ့တဲ့ နှစ်ပတ်ကြာစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျာမနီနဲ့ တူရကီတို့အပါအ၀င် အဖွဲ့၀င် ၁၄ နိုင်ငံလည်းပါ၀င်ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွင်ပါ၀င်တဲ့ အမေရိကန်တပ်ဖွဲ့၀င်တွေဟာ ဆွီဒင်ရှိ ဂေါ့လန်းကျွန်းမှာ ဆင်းသက်မှုလေ့ကျင့်ခဲ့ပြီး ရေသူရေငုပ်သင်္ဘောတွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းနဲ့ မိုင်းရှင်းတဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ ဘောလ်တစ်ပင်လယ်ဒေသတစ်လျှောက်မှာ ရေကြောင်းသွားလာမှုဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ဖို့ လိုအပ်တဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှု အားကောင်းစေဖို့အတွက် ရည်ရွယ်ကြောင်း နေတိုးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီလိုစစ်ရေးလေ့ကျင့်မှုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကတည်းက နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိကြောင်း နေတိုးအဖွဲ့ကပြောပါတယ်။

Ref: NHK
Photo:AzerNews
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW