ဘိုကလေးက ပျူစောထီးခေါင်းဆောင်ပစ်သတ်ခံရတာ တလနီးပါးကြာမှ သံသယရှိသူ၉ ယောက်ကို ဖမ်းဆီး

ဘိုကလေး၊ ဇွန်လ ၈ -၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ညီနောင်ကျေးရွာက ပျူစောထီးခေါင်းဆောင် မောင်မြင့်ဆိုသူဟာ ပြီးခဲ့တဲ့မေလ ၁၂ ရက်က သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ ဒီဖြစ်စဉ် တလနီးပါးကြာမှ ရဲတပ်ဖွဲ့ကို ဆက်သွယ်သတင်းပေးချက် အရဆိုပြီး မနေ့က ဒေသခံ ၉ ယောက်ကို ဖမ်းသွားတယ်လို့ အဖမ်းခံရတဲ့ မိသားစုတွေကပြောပါတယ်။

အဲဒီဖမ်းခံရတဲ့သူတွေရဲ့ ပတ်ဝန်းကျင်မှာ နေသူတဦးပြောပြတာက

”မနေ့ကလာဖမ်းသွားတာ စစ်ဆေးဖို့ရှိလို့ ဆိုပြီးဖမ်းသွားတာ။ညီနောင်ကျေးရွာက ပျူစောထီး ခေါင်းဆောင်မောင်မြင့် သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်တယ်လို့လာဖမ်းတဲ့အထဲကအရပ်ဝတ်နဲ့လူ တစ်ယောက်ကပြောတယ်။အဖမ်းခံရတဲ့သူတွေက အသက်ကြီးသူတွေလည်းပါတယ် ၉ ယောက်ရှိပြီ ။”လို့ပြောပါတယ်။

အဖမ်းခံရသူ ၉ ယောက်ဖြစ်တဲ့ ဒေါ်လှဝင်း၊ မချမ်းဝေလွင်၊ ဦးတင်စိုး၊ ဦးအောင်သန်းဌေး၊ ဦးကျော်ကျော်၊ ဦးဝင်းဌေး၊ ကိုဝင်းကိုကို၊ ကိုဇော်ဇော်၊ ကိုမင်းသူတို့ဖြစ်ပြီး ရဲတပ်ဖွဲ့၊တပ် နဲ့ အရပ်ဝတ်နဲ့လူတွေက လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

”ဖြစ်စဉ်ကမှန်တယ် လုံခြုံရေးအတွက် စစ်ဆေးဖို့လိုတဲ့ အတွက်ဖမ်းဆီးတာဥပဒေနဲ့အညီဘဲဆောင်ရွက်ပေးမှာ ဖြစ်တယ်။ပြစ်မှုမကျူးလွန်ရင်ဘာမှစိုးရိမ်စရာမလိုဘူး။”လို့ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့ကတာဝန်ရှိရဲအရာရှိတယောက်က ပြောပါတယ်။

နစက အာဏာယူပြီးနောက် ဘိုကလေးမြို့နယ်မှာ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၂ ဇွန်လ ၆ ရက်အထိ အမည်မသိသေနတ်သမား
တွေက ပစ်သတ်လို့ ၄ ယောက် သတ်ခံရတယ်လို့ သိရပါတယ်။

#voiceofmyanmar #မှုခင်းသတင်း #VOM #ဘိုကလေး

Related posts

Leave a Comment

VOM News

FREE
VIEW