သီရိလင်္ကာမှာ မရှိမဖြစ်ကုန်ပစ္စည်းတွေ၀ယ်ဖို့ ခြောက်လအတွင်း ဒေါ်လာ ၅ ဘီလီယံထိ လိုနေတယ်လို့ ၀န်ကြီးချုပ်ပြော

 

ကိုလံဘို၊ ဇွန်-၈-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းများ၀ယ်ယူဖို့အတွက် လာမယ့်ခြောက်လအတွင်း အနည်းဆုံး ဒေါ်လာငါးဘီလီယံလိုအပ်ကြောင်း သီရိလင်္ကာ ၀န်ကြီးချုပ်က ဇွန် ၇ ရက်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။

အစားအစာ၊ လောင်စာဆီနဲ့ ဓါတ်မြေသြဇာလိုမျိုး အခြေခံပစ္စည်းတွေ၀ယ်ယူရေးအတွက် ငွေလိုအပ်ကြောင်း ၀န်ကြီးချုပ် ရာနီးဝီခရီမီဆင်းက လွှတ်တော်သို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ယခုနှစ်မှာငွေကြေးပိုမိုလိုအပ်ကြောင်း သူကပြောပါတယ်။

လက်ရှိမှာ အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

လူဦးရေ ၂၂ သန်း၀န်းကျင်ရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ၊ စားနပ်ရိက္ခာအတွက် ဒေါ်လာသန်း ၉၀၀ ၊ဓါတ်မြေသြဇာအတွက် ဒေါ်လာသန်း ၆၀၀ နဲ့ ဓါတ်ငွေ့၀ယ်ယူဖို့အတွက် ဒေါ်လာသန်း ၂၅၀ လိုအပ်ကြောင်း ၀န်ကြီးချုပ်ကပြောပါတယ်။

ကုလသမဂ္ဂဟာ သီရိကင်္လကာနိုင်ငံအတွက် အကူအညီတွေပေးရေး ကမ္ဘာ့နိုင်ငံတွေကို မေတ္တာရပ်ခံဖို့ စီစဉ်နေပြီး စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဒေါ်လာ ၄၈ သန်းကူညီမယ်လို့ ကတိပြုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW