ငရုတ်ကောင်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတဦး စစ်ကြောရေးမှာသေဆုံး

ငပုတော၊ ဇွန် -၂၇ ၂၀၂၂
မင်းမြတ်

ဧရာ၀တီတိုင်း၊ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့ရှိ နယ်မြေရဲစခန်းမှာ PDF နဲ့ပတ်သတ်လို့ဆိုပြီး စွပ်စွဲချက်နဲ့ဖမ်းဆီးခံထားရတဲ့ အုန်းပင်တက်လုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသားတဦးဟာ မနေ့ ဇွန် ၂၆ရက်က စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ငရုတ်ကောင်းမြို့၊ဆင်ငံကျေးရွာအနီးမှာ ဇွန် ၁၃ ရက်မနက်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းဒေသခံ ၁၅ ယောက်ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားပြီး အဲ့ဒီအဖမ်းခံရတဲ့သူတွေထဲမှာ မိုးတိမ်ပြင်အုပ်စု၊အလယ်ရွာမှာနေထိုင်ပြီး အုန်းပင်တက်တဲ့အလုပ်လုပ် ကိုင်နေတဲ့ ကိုဝင်းဘိုဟာ စစ်ကြောရေးမှာ သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။

”ဆင်ငံကျေးရွာအနီးမှာ ၁၃ ရက်မနက်ပိုင်းက တပ်နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသခံ ၁၅ ယောက်ကို တပ်ဘက်ကဖမ်းသွားခဲ့တာ။ ဖမ်းဆီးခံရသူတွေထဲက မိုးတိမ်ပြင်အုပ်စုအလယ်ရွာမှာနေတဲ့ ကိုဝင်းဘိုဆိုသူက တပ်သားတွေနဲ့ရဲတွေရဲ့ရိုက်နှက်စစ်ဆေးခဲ့လို့သေဆုံးသွားခြင်းဖြစ်တယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေဆီကို ပြန်လည် အပ်နှံခြင်းမရှိဘဲ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပြီး သေဆုံးသူကိုဟာ သာမာန်ဒေသခံတဦး ဖြစ်တယ်လို့ ဒေသခံတွေပြောပြချင်အရ သိရပါတယ်။

အခုလို သေဆုံးသွားရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဒေသခံအရပ်သားတဦးက “ကိုဝင်းဘိုက အုန်းပင်တက်တဲ့ အလုပ်လုပ်စားနေတဲ့ ဒေသခံတစ်ယောက်ပါ။မှားယွင်း သတင်းပေးမှုတစ်ခုကြောင့်အဖမ်းခံရပြီး အသက်ပေး လိုက်ရတာပါ။အုန်းပင်တက်သမားက နိုင်ငံရေးလည်း မလုပ်ပါဘူး သိလည်းမသိပါဘူး။ဒီလိုအခြေအမြစ်မရှိ သတင်းပေးသူတွေကြောင့် အပြစ်မရှိသူတွေအသက်ဘယ်လောက်ပေးခဲ့ဆိုတာ မသိတော့ပါဘူး။ဘယ်လောက်အထိလည်း အသက်တွေထပ်ပေးရဦးမလည်းမသိဘူး။”လို့ ပြောပါတယ်။

လက်ရှိ ငရုတ်ကောင်းရဲစခန်းနဲ့ ငပုတောမြို့နယ် ရဲစခန်းတို့မှာ သေဆုံးသူကိုဝင်းဘိုနဲ့အတူ ဖမ်းဆီးခံထားရတဲ့
ဒေသခံ ၁၄ ယောက်ကလည်း ဖမ်းဆီးခံထားရဆဲဖြစ်ပြီး မိသားစုဝင်တွေအနေနဲ့ စိတ်ပူနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ငရုတ်ကောင်း #ဖမ်းဆီးခံရသူ #စစ်ကြောရေးမှာသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW