တမူးမြို့က ရာအိမ်မှူးဟောင်းအိမ် သိန်း နှစ်ရာကျော် ဓားပြတိုက်ခံရ

ဇွန် ၊ ၂၇ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့ ၊ စန္ဒကူးရပ်ကွက်က ရာအိမ်မှူးဟောင်း ဖြစ်တဲ့သူရဲ့အိမ်ကို မနေ့ ဇွန် ၂၆ ရက်ညပိုင်းက ဓားပြတိုက်ခံရတယ်လို့ တမူးမြို့ခံတွေဆီက သိရပါတယ်။

” စန္ဒကူးရပ်ကွက်က ရာအိမ်မှူးဟောင်း ဦးနာဒါရမ်း ရဲ့ အိမ်မှာဖြစ်တာပါ ၊ ရွှေထည် ပစ္စည်းတွေနဲ့ ပိုက်ဆံတွေပါသွားတာ ” လို့ စန္ဒကူးရက်ကွက်နေ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တမူးမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ဦး ပြောတာက
” အရပ်ဝတ်နဲ့ လူ ၇ ယောက်က ည ၈ နာရီဝန်းကျင်မှာ လက်နက်တွေကိုင်ဆောင်ပြီး ရာအိမ်မှူးဟောင်းရဲ့ အိမ်ကို ဓားပြဝင်တိုက်တယ် ၊ ရွှေထည်ပစ္စည်း လက်ကောက်တွေနဲ လက်စွပ်တွေပါသွားတယ် ၊ အဲ့ဒိအပြင် အိန္ဒိယပိုက်ဆံနဲ့ မြန်မာပိုက်ဆံ ရောရာ သိန်း ၂ ရာကျော် ပါသွားတယ်လို့ ကနဦးသတင်းကြားရတာတော့ရှိတယ် ၊ စစ်ဆေးနေတုန်းဆိုတော့ အတည်ပြုတယ်လို့ ပြောမရသေးဘူး ” လို့ ဖြစ်ပါတယ်။

တမူးမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၊ မေ ကစလို့ တမူး စေတီလမ်း နဲ့ တမူး ကလေး ကားလမ်းတွေမှာ လက်နက်ကိုင်ဆောင်ထားတဲ့ အုပ်စုဖွဲ့တွေက ငွေကြေးကောက်ခံတာ ၊ ကုန်ပစ္စည်းတွေ လုယက်ယူငှင်ခံရတာတွေရှိတယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။

#voiceofmyanmar #VOM #တမူး #ရာအိမ်မှူးအိမ်ဓါးပြတိုက်ခံရ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW