မြန်မာနိုင်ငံမှာ ဒေါ်လာပြတ်လပ်မှုနဲ့ ငွေပေးခြေမှု စိုးရိမ်စရာဖြစ် ၊ ကုန်စျေးနှုန်းဆက်လက်မြင့်တက်နိုင်ပြီး စီးပွားရေးအလားအလာ နိမ့်ပါးနေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်

ဝါရှင်တန်၊ ဇူလိုင်-၂၁-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ ဒေါ်လာရှားပါးမှုနဲ့ ကာလရှည်ကြာ ပြည်တွင်းပဋိပက္ခတွေဖြစ်ပွားမှုဟာ ကိုဗစ်ကြောင့်ထိခိုက်ခဲ့ရတဲ့ စီးပွားရေးပြန်လည်နာလန်ထူရေးမှာ စိန်ခေါ်မှုတွေရှိနေတာကြောင့် မြန်မာ့စီးပွားရေး အလားအလာဟာ နိမ့်ပါးနေသေးကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာလကုန်ထိ ဘဏ္ဍာရေးနှစ်အတွက် ဂျီဒီပီတိုးတက်မှုနှုန်းဟာ ယခင်မျှော်မှန်းထားတာထက် ကောင်းမွန်ခဲ့ပေမယ့်လည်း ၂၀၂၂ ခုနှစ်ဂျီဒီပီဟာ ၂၀၁၉ ခုနှစ်ထက် ၁၃ ရာခိုင်နှုန်းလျော့နည်းမယ်လို့ အာရှဒေသအတွက် ကမ္ဘာ့ဘဏ်က ဇူလိုင် ၂၁ ရက်မနက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ ပြောပါတယ်။ လောင်စာဆီအပါအ၀င် တင်သွင်းလာတဲ့ကုန်ပစ္စည်းအများအပြား ရရှိနိုင်မှုကို ကန့်သတ်ထားပြီး အမေရိကန်ဒေါ်လာပြတ်လပ်မှုနဲ့အတူ ငွေပေးချေမှုအခြေအနေတွေဟာ အလွန်စိုးရိမ်စရာဖြစ်ပြီး ကုန်စျေးနှုန်းတွေ ဆက်လက်မြင့်တက်နေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ကပြောပါတယ်။ နိုင်ငံရဲ့နေရာအတော်များများမှာ ပြင်းထန်နေတဲ့ပဋိပက္ခတွေက စီးပွားရေးတိုးတက်မှုတွေကို ဆက်လက်အဟန့်အတားဖြစ်စေတာကြောင့် မကြာမီကာလတွေအတွင်း ကပ်ရောဂါမတိုင်ခင်အချိန်ကလိုမျိုး စီးပွားရေးအခြေအနေပြန်ဖြစ်ဖို့ မလွယ်ဘူးလို့…

Read More

ဂျပန်မှာ ကိုဗစ်သတ္တမလှိုင်း စတင်ဖြစ်ပွား ၊ နေ့စဉ်ကူးစက်မှု တစ်သိန်းခွဲကျော်ထိ စံချိန်တင်နေ

တိုကျို၊ ဇူလိုင်-၂၁-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုနှုန်းဟာ စံချိန်တင်မြင့်တက်နေပြီး ဇူလိုင် ၂၀ ရက်မှာ ကူးစက်မှု တစ်သိန်းခွဲကျော်ထိ ရှိနေပါတယ်။ နိုင်ငံတွင်းရှိ စီရင်စု ၄၇ ခုအနက် စီရင်စု ၃၀ မှာကူးစက်မှုစံချိန်တင်နေပြီး ကူးစက်မှု သတ္တမလှိုင်းဟာ လျှင်မြန်စွာဖြစ်ပွားနေပါတယ်။ တိုကျိုမှာလည်း ရောဂါကူးစက်မှုသစ် နှစ်သောင်းကျော်ရှိနေပြီး ဒါဟာ ဖေဖော်ဝါရီနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။ ဖျားနာတဲ့ကလေးငယ်အရေအတွက်လည်း တိုးပွားလာနေပြီး ဆေးရုံတွေမှာ လူနာတွေ ပြည့်နှက်နေကြောင်း ဆရာ၀န်တွေကပြောပါတယ်။ လက်ရှိကူးစက်မှုလှိုင်းဟာ ဘယ်အချိန်မှာ အထွတ်အထိပ်ရောက်မယ်ဆိုတာကို မသိရှိနိုင်သေးကြောင်း၊ ကူးစက်မှုတွေဟာ ယခင်လှိုင်းတွေထက် နှစ်ဆမြင့်တက်နိုင်ကြောင်း အစိုးရအကြံပေးအဖွဲ့အကြီးအကဲ အိုမီရှီဂီရူက သတိပေးပြောဆိုပါတယ်။ ဒါပေမယ့်လည်း လက်ရှိချိန်ထိ တာ၀န်ရှိသူတွေက ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေပြန်လည်ချမှတ်ဖို့ လုပ်ဆောင်နေခြင်းမရှိသေးပါဘူး။ ဆေးဘက်ဆိုင်ရာ၀န်ထမ်းတွေနဲ့ ကူးစက်နိုင်ခြေမြင့်မားသူတွေကို စတုတ္ထမြောက်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့ တွန်းအားပေးနေပါတယ်။ Ref: Getty Images Photo: Reuters…

Read More

ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့၀င် ၁၅၀၀၀ သေဆုံးခဲ့တယ်လို့ အမေရိကန်စီအိုင်အေပြော

ဝါရှင်တန်၊ ဇူလိုင်-၂၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့၀င် ၁၅၀၀၀ သေဆုံးပြီး ၄၅၀၀၀ ဒဏ်ရာရရှိခဲ့တယ်လို့ ခန့်မှန်းထားကြောင်း အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားသမ္မတပူတင်က အမိန့်ပေးလိုက်ပြီးနောက် ငါးလနီးပါးအကြာမှာ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းဒွန်ဘတ်စ်ဒေသကို ဖြတ်ကျော်၀င်ရောက်ကာ ယူကရိန်းရဲ့ ငါးပုံတပုံကို သိမ်းပိုက်ထားပါတယ်။ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ နောက်ဆုံးခန့်မှန်းချက်ကတော့ ရုရှားတပ်ဖွဲ့၀င် ၁၅၀၀၀ ကျော်လောက် သေဆုံးပြီး ဒဏ်ရာရသူ သုံးဆလောက်ရှိတယ်လို့ ခန့်မှန်းထားပြီး ဒါဟာ သိသိသာသာ ဆုံးရှုံးမှုတဖြစ်တယ်လို့ စီအိုင်အေ ညွှန်ကြားရေးမှူးကပြောပါတယ်။ ဒီလိုအခြေအနေရှိပေမယ့်လည်း ရုရှားရဲ့ စစ်ရေးရည်မှန်းချက်ဟာ ဒွန်ဘတ်စ်ဒေသထက်ကျော်လွန်ပြီး စစ်ပွဲရည်မှန်းချက်တွေကို ချဲ့ထွင်ထားကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂေးလပ်ရော့ဗ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီအတောအတွင်း ရုရှားတပ်တွေကို ခုခံကာကွယ်ဖို့ ယူကရိန်းအတွက် အစွမ်းထက် HIMARS ဒုံးကျည်စနစ်တွေကို ထပ်မံပေးအပ်သွားမယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က ကြေညာလိုက်ပါတယ်။…

Read More

ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ကြားက ရွာတွေမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၂၀ နီးပါးတွေ့ရှိ

ဇူလိုင် ၊ ၂၁ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ကြားက ၊ သာဝတ္ထိကျေးရွာနဲ့ ကျီစုကျေးရွာတွေမှာ မနေ့ ဇူလိုင် ၂၀ ရက်က မီးရှို့သတ်ခံထားရတဲ့ လူသေရုပ်အလောင်း ၂၀ နီးပါးတွေ့ခဲ့ရတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။ ” မီးထဲရောက်ပြီးမှ သေတာလား ၊ သေပြီးမှ မီးထဲရောက်တာလားတော့ မသိဘူး ၊ အလောင်းတွေက မီးကြွင်းနေပြီ ၊ ရုပ်မပီတော့ဘူး ၊ တချို့ အလောင်းတွေဆို လက်နောက်ပြန်ကြိုးတုပ်ရဲ့ တန်းလန်းနဲ့တွေ့ရတာ ” လို့ ကျီစုရွာခံ တယောက်က ပြောပါတယ်။ ခင်ဦးမြို့နယ် သာဝတ္ထိရွာခံတယောက်ကလည်း ” ပြီးခဲ့တဲ့ရက်ပိုင်းက ရွာကလူတွေ အကုန်ပြေးကြတယ် ၊ မနေ့ကတော့ ပြေးတဲ့သူ တချို့တဝက် ရွာပြန်ကြတဲ့အခါ ရွာထဲမှာ အလောင်း…

Read More

ငွေကြေး ကွာဟမှု မြင့်တက်လာတာကြောင့် ကုန်သည်တွေ အခက်အခဲဖြစ်နေ

ဇူလိုင် ၂၁၊ ၂၀၂၂ Shy V(VOM) မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေအနေနဲ့ ငွေကြေး ကွာဟမှု မြင့်တက်လာတာကြောင့် ကုန်သည်တွေ အခက်အခဲဖြစ်နေကြရ​တယ်လို့ သိရပါတယ်။ “ငွေကြေးကွာဟမှုက တဖြည်းဖြည်း ကြီးသထက်ကြီးလာတော့ ဘာမှလုပ်မရဘူး ဖြစ်နေတယ်။” လို့ မူဆယ်နယ်စပ်က Export ကုန်သည် ၁ ဦးက ပြောပါတယ်။ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းက ၁ ဒေါ်လာကို ၁၈၅၀ ကျပ်သာရှိနေ‌ပေမယ့် ဇူလိုင်လ ၂၀ ရက်မှာ ပြင်ပငွေလဲနှုန်းက ၁ ဒေါ်လာကို ၂၄၅၀ ကျပ်ဝန်းကျင်ထိ ပေါက်ဈေး ရှိလာတာကြောင့် ၁ ‌ဒေါ်လာ မှာ ၆၀၀ ကျပ်ခန့်ထိ ကွာဟလာခဲ့ပါတယ်။ ဒေါ်လာရောင်းရတဲ့စျေးနဲ့ ဝယ်ရတဲ့စျေးက တနေ့ထက်တနေ့ ကွာခြားမှုကြီးလာလို့ ကုန်သည်တွေအရောင်းအဝယ်လုပ်ရတာ ရောင်းပြီးတာနဲ့ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ ”…

Read More

မတ္တရာမြို့နယ် သမဝါယမ ဦးစီးမှူး ရုံးထိုင်နေချိန် ပစ်သတ်ခံရ

ဇူလိုင် ၊ ၂၁ ၊ ၂၀၂၂ SP( VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့ ၊ မြို့နယ်သမဝါယမဦးစီးဌာနရုံးထဲမှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး မြို့နယ်ဦးစီးအရာရှိ တဦး သေဆုံးသွားတယ်လို့ မတ္တရာ သမဝါယမအသင်းသားတွေဆီက သိရပါတယ်။ ” မြို့နယ် ဦးစီးမှူး ဦးသောင်းကြိုင် ရုံးစထိုင်တဲ့အချိန် ဒီမနက် ၈ နာရီခွဲဝန်းကျင်မှာ လူ ၂ ယောက်က ဦးစီးမှူး ရုံးခန်းထဲကို ဝင်လာပြီး ဦးစီးမှူးရဲ့ ခေါင်းကို သေနတ်နဲ့ ၁ ချက်ပစ်တယ် ” လို့ မတ္တရာ သမဝါယမ ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်တာနဲ့ ပတ်သက်ပြီး မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” ရုံးတက်နေတဲ့ သမ ဦးစီးမှူး ဦးသောင်းကြိုင် ပစ်ခံရတာပါ…

Read More

ဒေးဒရဲမြို့နယ်၊ အင်းဒူးကျေးရွာက သက်တော် ၉၃ ရှိ ဆရာတော်နဲ့ ကပ္ပိယဖြစ်သူ အသတ်ခံရ

ဇူလိုင် ၂၁၊၂၀၂၂ မင်းမြတ် ဧရာ၀တီတိုင်း၊ဒေးဒရဲမြို့နယ်၊အင်းဒူးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သက်တော် ၉၃ အရွယ် ကျောင်းထိုင်ဆရာတော် နဲ့ ကပ္ပိယဖြစ်သူတို့ မနေ့ ဇူလိုင် ၂၀ ရက် မနက်စောပိုင်းက ဓားနဲ့ထိုးခုတ်အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသတ်ခံရတဲ့ကျောင်းထိုင်ဆရာတော်ဟာ သက်တော် (၉၃)နှစ်၊ဝါတော် (၇၂)ဝါ၊ဘဒ္ဒန္တအိန္ဒြိယဖြစ်ပြီး ဦးခေါင်း ငယ်ထိပ် ပြတ်ရှဒဏ်ရာ (၂)ချက်၊ဝဲပါး ပြတ်ရှဒဏ်ရာ (၁)ချက်နဲ့ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယဖြစ်သူ အသက် (၆၂)နှစ်အရွယ် ဦးမောင်စောဟာ ယာမေးစေ့ပြတ်ရှဒဏ်ရာ(၁)ချက်နဲ့သေဆုံးခဲ့ရကြောင်း ဆရာတော်နဲ့ ကပ္ပိယကို ကျောင်းတိုက်အတွင်းကို လာရောက်သတ်ဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ “အသတ်ခံရတဲ့ ကျောင်းထိုင်ဆရာတော်က သက်တော်ရှည် ဆရာတော်ကြီးပါ၊ သက်တော် ၉၃ နှစ်တောင်ရှိပါပြီ၊ကိုယ့်ဆရာတော်အသတ်ခံရတာ ယူကျုံးမရဖြစ်ရတယ်၊စိတ်မကောင်းလည်းဖြစ်ရတယ်၊ကပ္ပိယကြီးကလည်း ဓါးဒဏ်ရာ ၁ ချက်နဲ့သေဆုံးခဲ့ရတာ၊ စိတ်ထဲ တော်တော်လေးကို မကောင်းဖြစ်ရတယ်၊သတ်သွားတဲ့သူတွေက လူစိတ်မရှိတဲ့သူတွေဖြစ်ပုံရတယ်၊ မြန်မာနိုင်ငံမှာလောကပါလတရားတွေ ပျောက်ကွယ်လာပြီး ဘယ်သူမှ သတ်ဖို့ဝန်မလေးတော့ဘူး”လို့ ဒေသခံတဦး ကပြောပါတယ်။…

Read More

ရခိုင်မှာ စစ်ရေးတင်းမာမှု အရှိန်မြင့်လာ

ဇူလိုင် ၂၁-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဇူလိုင်လ ၁၈ ရက်နေ့က တပ်မတော်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရခိုင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဇူလိုင် ၁၉ ရက်နေ့မှာ အေအေက ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင် ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ထိတွေ့တိုက်ပွဲမှာ နယ်ခြားစောင့်ရဲ ၁၄ ဦးကို အေအေက အရှင်ဖမ်းဆီးရမိကြောင်းနဲ့ အဲဒီ တိုက်ပွဲတွေမှာ တပ်မတော်ဖက်က (၂၀) ကျော် ကျဆုံးခဲ့ကြောင်း မနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက လူမှုကွန်ရက်ကနေတဆင့် ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီလို ထုတ်ပြန်ရာမှာ ဖမ်းဆီးရမိတဲ့ နယ်ခြားစောင့်ရဲတွေရဲ့ အမည်၊ရာထူး စာရင်းကိုပါ ထုတ်ပြန်ထားတဲ့အပြင် လက်နက်ခဲယမ်း မီးကျောက်တွေနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကို တိုက်ပွဲနှစ်ကြိမ်အတွင်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဇူလိုင် ၁၈…

Read More

လာမေ ဓာတ်စက်ရထားပေါ်မှာ၊ နှစ်ပါးပျော်ပျော် တူစီးပါစို့လေး

ဆူးငှက် မန္တလေးရတနာပုံနေပြည်တော် တည်ထောင်ရာတွင် သတ္တဌာနအပါအဝင်ဖြစ်သည့် နန်းတော်မြို့ရိုးကို သာသနာ ၂၄ဝဝပြည့်နှစ် အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့်စတုရန်းတည်၍ မြို့ရိုးအနားတစ်ဘက်လျှင် တာ ၆ဝဝ စီ ဖွဲ့လျက် ကိုက်ပေါင်း ၂၂၁၆ကိုက်၊ လေးဘက်ပတ်လည် စုစုပေါင်း ၅မိုင်၁ဖာလုံရှည် စတုရန်းအကွက်ချ တည်ဆောက်သည်။ တစ်မျက်နှာလျှင် ၁မိုင်၂ဖာလုံကျော်မျှရှိသည်ဟု ခန့်မှန်းနိုင်သည်။ မန္တလေးမြို့ကွက်ရိုက်ရာတွင် နန်းမြို့ကို အခြေခံသည်။ မြို့ရိုးလေးဘက်လေးတန်တွင် လူနေရပ်ကွက် များဖြင့် ဖွဲ့စည်းရာတွင် အလယ်ကောင် ဓာတ်တံခါးကြီးနှင့် တည့်တည့်တွင် အဓိကလမ်းမကြီး၊ ဘေးတစ်ဖက်တစ်ချက် မိတ်တံခါးနှင့် တည့်တည့်တွင် လမ်းမနှင့်၊ အဆိုပါ ဓာတ်တံခါးနှင့် မိတ်တံခါးများကြားမှ ပြအိုးများနှင့် တည့်တည့်တွင် လမ်းသွယ်များအဖြစ် ဖောက်လုပ်သည်။ ထို့ကြောင့် တာ ၆၀၀ အရှည်ရှိသော ကျုံးတစ်ဖက်စီတွင် ဓာတ်တံခါး ၁၊ မိတ်တံခါး ၂၊ထာင့်ပြာသာဒ် ၂နှင့် ပြအိုး ၈လုံးရှိရာ အဆိုပါပြာသာဒ်များနှင့်…

Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာကိုအသုံးပြုပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ကြိုးစားလိုကြောင်း အာဆီယံအထူးသံတမန်ပြော

ဖနွမ်းပင်၊ ဇူလိုင်-၂၀-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်ဟာ တတိယမြောက် မြန်မာနိုင်ငံခရီးစဉ် သွားရောက်ဖို့ စီစဉ်နေပြီး တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့အတွက် သူ့ရဲ့သြဇာလွှမ်းမိုမှုကို အသုံးချလိုတယ်လို့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အထူးသံတမန်ဟာ စက်တင်လာ ၁၃ ရက်ကနေ ၂၇ ရက်ထိကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ စက်တင်ဘာလ ဒုတိယပတ်ထဲမှာ မြန်မာနိုင်ငံကို သွားဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း နို၀င်ဘာလမှာကျင်းပမယ့် အာဆီယံနှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အောက်တိုဘာလအစောပိုင်းမှာလည်း သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာနိုင်ခြေလည်းရှိနေပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့မယ်ဆိုရင် အရေးအကြီးဆုံးမေးစရာ သို့မဟုတ် ဆွေးနွေးစရာက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ဖြစ်ပါတယ်။ လက်ရှိအကျပ်အတည်းအပေါ် အမြင်အပြင် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို ဦးတည်သွားနိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေအပေါ် သူ့ရဲ့ နိုင်ငံရေးသြဇာက ဘယ်လောက်ထိ…

Read More
VOM News

FREE
VIEW