ဘန်ကောက်၊ ဇူလိုင်-၂၃-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှုကို ပထဆုံးတွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၂၂ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသားတဦးမှာ မျောက်ကျောက်ရောဂါ ကူးစက်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နိုင်ဂျီးရီးယားမှလာရောက်တယ်လို့ ခရီးသွားမှတ်တမ်းရှိသူ အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဆေးရုံသို့သွားရောက်စစ်ဆေးစဉ်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ပြည်နယ်မှာရှိနေခဲ့ပေမယ့် လက်ရှိမှာတော့ ပျောက်ဆုံးနေပြီး သူနေထိုင်တဲ့ နေရာကို မသိရသေးကြောင်း အာဏာပိုင်တွေကပြောပါတယ်။ သူဟာ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေထွက်တာနဲ့ အဖျားတက်ခြင်းအပါအ၀င် ရောဂါလက္ခဏာတွေခံစားရပြီးနောက် မျောက်ကျောက်ရောဂါ ကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း ဆရာ၀န်တွေကပြောပါတယ်။ သူ့ရဲ့ဗီဇာဟာ သက်တမ်းကုန်ဆုံးနေပြီဖြစ်ကြောင်း ဒေသခံရဲတွေကပြောပါတယ်။ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသမှာ အများအားဖြင့် ဖြစ်ပွားလေ့ရှိပေမယ့် လက်ရှိမှတော့ နိုင်ငံပေါင်း ၇၀ ၀န်းကျင်မှာ ကူးစက်မှု ၁၄၀၀၀ ကျော်ထိရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ Ref: NHK…
Read MoreMonth: July 2022
ရန်ကုန်မှာ YBS ယာဥ်တွေပြေးဆွဲမှုနည်းလို့ ပရဟိတအသင်းတွေက ခရီးသည်တွေကို လိုက်ပို့ပေးနေရ
ဇူလိုင် ၂၃၊၂၀၂၂ KK(VOM) ရန်ကုန်မှာ YBSယာဥ်တွေ CNG Gas ရရှိမှုမလုံလောက်လို့ ပြေးဆွဲမှုနည်းပါးတာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ ပရဟိတအသင်းကားတွေက ခရီးသည်တွေကို လူနာတင်ယာဥ်တွေနဲ့ လိုက်ပို့ပေးနေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ မြို့နယ်အသီးသီးမှာရှိတဲ့ ပရဟိတအသင်းတွေနဲ့နာရေးကူညီမှုအသင်းတွေက သက်မှတ်ထားတဲ့လမ်းဆုံတွေကနေ ခရီးသည်တွေကို လိုက်လံပို့ဆောင်ပေးနေတာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။ “ဒီမနက်ကားစောင့်တာ ညီမတို့တွေ ကားမရဘူး အဲ့ဒါနဲ့ လိုင်းပေါ်မှာတွေ့တဲ့ ပရဟိတကားကို ဖုန်းဆက်လိုက်တ ယ် ဆူးလေအထိလိုက်ပို့ပေးတယ်”လို့ ပြောပါတယ်။ သင်္ဃန်းကျွန်း ကြီးပွားရေးမှတ်တိုင်ကနေ ဆူးလေအထိ ရုံးတက် ရုံးဆင်းချိန် ခရီးသည်တွေ နေအိမ်ပြန်ရာမှာ အခက်အခဲမရှိစေရေးအတွက် ကားနှစ်စီးနဲ့ ကြိုပို့လုပ်ပေးနေတယ်လို့ ဘောဂလမ်းနာရေးလူမှု့ကူညီရေးအသင်းမှ ကိုလွင်ဦးက ပြောပါတယ်။ မြောက်ဥက္ကလာပချစ်သူများပရဟိတအသင်းက ကိုမိုးဆက်အောင်က “ဒီနေ့က စနေ့နေ့ဆိုတော့ အဲ့လောက်ကြီးလည်း လူမများဘူး၊ အခက်အခဲဖြစ်တဲ့သူကျတော့ လိုက်ပို့ပေးတာပေါ့၊ ခြောက်ကွေ့-ဆူးလေ ခြောက်ကွေ့-ယုဇနပလာဇာ ခြောက်ကွေ့-မြေနီကုန်း အဲ့လိုလိုက်ပို့ပေးတယ် “လို့ရှင်းပြပါတယ်။…
Read Moreမုံရွာမြို့က ဖုန်းနဲ့ဆိုင်ကယ် အရောင်းဆိုင် ဓားပြတိုက်ခံရ
ဇူလိုင် ၊ ၂၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ သစ္စာလမ်း ၊ လမ်းသွယ် ၂ မှာရှိတဲ့ ဖုန်းSecondဆိုင် နဲ့ ဆိုင်ကယ်တွေရောင်းတဲ့ဆိုင်ဟာ ဒီကနေ့ မနက် အစောပိုင်းက ဓားပြတိုက်ခံရတယ်လို့ မြဝတီရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်းက အိမ်စီးကား ၁ စီးနဲ့ လူ ၁၀ ယောက်လောက် ဆိုင်ကိုရောက်လာတယ် ၊ စျေးဝယ်လာတာ မှတ်နေတာ ၊ ဆိုင်ထဲရောက်မှ သေနတ်အတိုတွေနဲ့ ဓားပြတိုက်သွားတာပါ “လို့ အဲ့ဒီ ဖုန်းဆိုင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အဲ့ဒီ ဓားပြတိုက်ခံရတဲ့ ဖုန်းဆိုင်ကို ဒီမနက်ပိုင်းက လုံးခြုံရေး အဖွဲ့တွေ ရောက်လာပြီး စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ” သစ္စာလမ်းသွယ်ထဲက အဆွေတော်…
Read Moreမူဆယ်မှာ ခိုးခံရတဲ့ ကားနောက်ကို လိုက်သွားတဲ့ ကားပိုင်ရှင် သေနတ်နဲ့ပစ်ခံရလို့ ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ
ဇူလိုင် ၊ ၂၂-၂၀၂၂ SP(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့ ၊ မြို့ပတ်လမ်း ၊ အော်တိုဘရားသား ကားဝပ်ရှော့နားမှာ မနေ့ ဇူလိုင် ၂၁ ရက် ည ၈ နာရီဝန်းကျင်က ကား ၁ စီး သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ကားပေါ်ပါ လူ ၁ ဦးသေဆုံးခဲ့ပြီး ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မူဆယ်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကျည်ဆံထိမှန် သေဆုံးသွားတဲ့သူက ကချင်တိုင်းရင်းသားလေးဖြစ်တယ် ၊ သူ့ သူငယ်ချင်း ကားခိုးခံရလို့ ၊ အခိုးခံရတဲ့ကားနောက်ကို လိုက်ရင်း အခုလို ပစ်သတ်ခံရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ မူဆယ်ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” ညက ပစ်ခတ်သံကြားရလို့ လှည့်ကင်းအဖွဲ့ ပတ်ရှာတဲ့အခါ လုယက်ဓားပြတွေ…
Read Moreဂတ်စ်မရလို့ YBSယာဥ်တွေ လိုင်းမဆွဲနိုင်တာကြောင့် ခရီးသည်တွေ အခက်အခဲနဲ့ရင်ဆိုင်နေရ
ဇူလိုင်၂၃-၂၀၂၂ KK(VOM) ရန်ကုန်မှာ CNG ဂတ်စ်မရလို့ YBS ယာဥ်လိုင်းမဆွဲနိူင်တာကြောင့် ခရီးသည်အချို့ နေအိမ်ပြန်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ YBS ယာဥ်အချို့မထွက်တာကြောင့် မနေ့ ဇူလိုင် ၂၂ရက် ညနေပိုင်းမှာ အလုပ်သမားတွေ၊ ရုံးဝန်ထမ်းတွေနဲ့ စျေးသည်တွေဟာ နေအိမ်ပြန်ဖို့ အခက်အခဲနဲ့ကြုံခဲ့ရတယ်လို့ မြောက်ဥက္ကလာမှာနေသူတဦးက ပြောပါတယ်။ “ကျွန်တော်တို့က ပန်းရံလုပ်တာ မြို့ထဲကပြန်ရင် YBS စီးရင် သုံးရာ ဆိုင်ကယ်ကယ်စီးရင် ၇ ရာ ပေါင်း ၁၀၀၀၊ ရတာမှ တစ်သောင်း၊ မဖြစ်မနေ ကားငှားပြန်ရမယ် ဒါတောင် စုပြီးငှားတာနော် စုပြီး Taxi ငါးထောင်ကျမယ်၊ ပိုတဲ့ငါးထောင်နဲ့ဘယ်လို စားမလဲ နေ့တိုင်းဖြစ်နေရင် ဒုက္ခရောက်ပြီ”လို့ သူကပြောပါတယ်။ ကျပန်းအလုပ်သမားတွေနဲ့ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေက အငှားယာဥ်နဲ့အိမ်ပြန်ဖို့ မတက်နိူင်တာ ကြောင့် YBSယာဥ်တွေကို ညအထိစောင့်နေပေမယ့် မတက်နိုင်တဲ့အဆုံး Taxiကားငှားပြန်ခဲ့ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့…
Read Moreလွမ်းလေစေရ စေရ ဟိုမြိုင်လယ်မှာ သည်မြိုင်လယ်မှာ
ဆူးငှက် “ဇော်လာပါတယ် ဖေတို့မောင်တို့ ဂျီလာပါတယ် ဖေတို့မောင်တို့ ၊ တောင်ဝှေးထောက်လို့ တောင်မြောက်မျှော်၊ဇော်ဂျီပါရင် ကျုပ်တို့ပါပဲ။ ဆေးတောင်ဝှေးတဲ့ ဆေးလေ မြစိမ်းတောင်ခြေထိုးတဲ့ အဂ္ဂိ၊ ရွှေမရှားပါလို့ ပြဒါးသေ…မြစိမ်းတောင်ခြေ ထိုးတဲ့ အဂ္ဂိ…” လမ်းပေါ်တွင် ဇော်တိုင်သံက လွင့်ပျံနေ၏။ ရုပ်သေးပွဲ၏ ဇော်တိုင်သံက ဘုရားပွဲမှာမဟုတ်။ ကန်သင်းရိုးက ရုပ်သေးစင်မှာမဟုတ်။ မန္တလေးက အရှေ့ကျုံးထောင့်ထိပ်အနီးရှိ ဆိုလာမီးရောင်ဖြန့်ခင်းထားသော နိုင်လွန်ကတ္တရာလမ်းဘေးက မီနီသီရေတာမှာဖြစ်သည်။ သည်နေရာမှာ မန္တလေးရုပ်စုံသဘင်ဟူသော အမည်ဖြင့် ရုပ်သေးကပွဲကို ညစဉ်ကပြဖျော်ဖြေခဲ့သည်။ နိုင်ငံခြားသား ခရီးသည်အများစုက လာရောက်အားပေးကြ၏။ ရုပ်သေးပွဲက မြန်မာဆိုင်းသံ၊ ဗုံသံများဖြင့် ခုနစ်သံချီ အပျိုတော်အက…၊ မြိုင်ထနှစ်ပါးသွား၊ ဇော်ချင်းများ ကြားနေရသည်။ နာမည်ကျော် မန္တလေးရုပ်စုံသဘင်အဖွဲ့ကို ဆရာ ဂုဏ်ထူးဦးသိန်းနိုင်၏သမီး ဒေါ်မမနိုင် က ၁၉၉၀ခုနှစ်မှ စ၍ တည်ထောင်ထားပြီး မြန်မာ့ဝါးများဖြင့် ဇာတ်ရုံငယ်ကို စနစ်တကျ တည်ဆောက်ထားကာ ‘ရုပ်သေးပွဲ’ကို…
Read Moreဥသျှစ်ပင်မြို့မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၃၀ ဦးဖမ်းမိ
ဇူလိူင် ၂၂-၂၀၂၂ VOM (GG) ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၊ ဥသျှစ်ပင်မြို့မှာ ကုန်တင်ကားနဲ့ တရားမဝင် တင်ဆောင်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၃၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဇူလိူင်၂၂ ရက်နေ့မှာ ရခိုင်ဘက်ကနေ မောင်းလာတဲ့ ဒညင်းသီးတင်ဆောင်လာတဲ့ ကုန်ကားထဲမှာ လိုက်ပါလာကြတာဖြစ်ပြီး အမျိုးသား ၁၂ ဦး၊အမျိုးသမီး ၁၈ ဦးဖြစ်တယ်လို့ သိရပါတယ်။ ” ဒညင်းသီးကားနဲ့ အထဲမှာ ဝှက်ပြီး လိုက်လာကြတာကို ဥသျှစ်ပင် ဘူးဘက်တံတားဂိတ်ရောက်တော့ စစ်တပ်နဲ့ရဲက စစ်ဆေးတော့ တွေ့တာလို့သိရတယ်။ အခု သူတို့ကို ရဲစခန်းမှာ ချုပ်ထားတယ်။ “လို့ ရဲစခန်းနဲ့နီးစပ်သူ ဒေသခံတဦးကပြောပါတယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ထဲက ဖြစ်ပြီး မလေးရှားနိုင်ငံကို သွားရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ နိုင်ငံသားအထောက်အထားမဲ့သူ ၃၀ လုံးကို ဥသျှစ်ပင်မြို့မရဲစခန်းမှာ…
Read Moreမင်္ဂလာတောင်ညွန့်မှာ ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိတဲ့ ဖုန်း ၈၈ လုံးပါသွား
ဇူလိူင် ၂၂-၂၀၂၂ VOM(GG) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ သိမ်ဖြူလမ်းက Zaw Zaw Mobile ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိတဲ့ ဖုန်း ၈၈ လုံးနဲ့ ငွေသား ၂၂သိန်းကျော် ပါသွားတယ်လို့သိရပါတယ်။ ဒီနေ့ ဇူလိူင်၂၂ ရက်နေ့ မနက်အစော ၅ နာရီလောက်မှာ ဖုန်းဆိုင်ဖောက်ထွင်းခံရတာဖြစ်ပြီး ကျူးလွန်သူတွေက အမျိုးသား ၂ ယောက်ဖြစ်ကြောင်းကို CCTV မှတ်တမ်းတွေအရ သိရှိရတယ်လို့ ပြောပါတယ်။ ” ပြီးခဲ့တဲ့ ၂လလောက်ကလည်း ဆိုင်ကို ဖောက်ထွင်းဖို့လုပ်ခံရဘူးတယ်၊ အဲ့ဒီတုန်းကတော့ လုပ်မရတော့ မပါသွားဘူး။ အခုက ဆိုင်အနောက်ဘက်ကဝင်တာပါ။တံခါးက သစ်သားတထပ် သံပန်းတထပ်ပါ၊ ပိုက်ဆံက ၂၂ သိန်းကျော်ပါ။ဖုန်းက ၈၈ လုံး။သူတို့က ၅ နာရီကျော်လောက်မှာ ဝင်ပြီး လုပ်သွားတာ။အိုင်ဖုန်းကို မယူဘူး အိုင်ဖုန်းယူရင် သူတို့ကိုလိုက်လို့ရတော့…
Read Moreဆေးတင်သွင်းတဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် ငွေပေးချေရင် DOတင်ပြဖို့မလိုဘဲ သွင်းကုန်လိုင်စင် ခွင့်ပြုပေးမယ်
ဇူလိုင် ၂၂ VOM(GG) ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ ပြည်ပကနေ ဆေးပစ္စည်းတွေ တင်သွင်းရာမှာ ငွေပေးချေဖို့အတွက် နိုင်ငံခြားငွေမဝယ်ယူဘဲ ကိုယ့် အစီအစဉ်နဲ့ကိုယ် တဖက်ကုန်ရောင်းသူကို ငွေပေးချေ မယ်ဆိုရင် ကုန်ပစ္စည်းရောက်ရှိကြောင်း အထောက်အထား DO တင်ပြဖို့မလိုဘဲ သွင်းကုန်လိုင်စင် ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။ ဒါ့ကြောင့် ဆေးဝါးတင်သွင်းမယ့်ကုမ္ပဏီတွေအနေနဲ့ သွင်းကုန်လိုင်စင် ရရှိပြီးပါက ပေးချေရမယ့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှာဖွေဝယ်ယူရမှာဖြစ်ပါတယ်။ ” အရင်ကလည်း ဒေါ်လာက ကိုယ့်ဘာသာရှာဝယ်ရတာပဲ ။သူတို့ ဘဏ်တွေက သူတို့သတ်မှတ်စျေးနဲ့ ရောင်းပေးလို့လား ။ တခုပဲရှိတယ် ဒေါ်လာက ပြင်ပပေါက်စျေးနဲ့ဝယ်ရတာ စျေးနူန်းက မြင့်တော့ ဆေးတွေစျေးတက်သွားဖို့များတယ်။ ပစ္စည်းပြတ်တာကတော့ ရက်အကြာကြီးမဖြစ်နိုင်ပါဘူး။လူတွေကလည်း လိုအပ်သလောက်ပဲဝယ်ကြပါ။အတင်းစုပြုံပြီးတိုးဝှေ့ဝယ်တာ စုဆောင်းတာတွေ မလုပ်စေချင်ဘူး “လို့ ဆေးကုမ္ပဏီတခုမှ အကြီးတန်းဝန်ထမ်းတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာ ပြည်ပကနေ…
Read Moreဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ နစကဥက္ကဋ္ဌကိုယ်တိုင် ကတိပေးခဲ့တယ်လို့ အာဆီယံအထူးသံတမန်ပြော
ဖနွမ်းပင်၊ ဇူလိုင်-၂၂-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်အနေနဲ့ အနာဂါတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အလားအလာကောင်းတွေရှိတယ်လို့ နစကဥက္ကဋ္ဌက ကတိပြုပြောဆိုထားကြောင်း ပရက်ခ်ဆိုခွန်က ဇူလိုင် ၂၁ ရက်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပရက်ခ်ဆိုခွန်ဟာ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်ထိ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက်လာရောက်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး နစကဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံရေးမှာ အဓိကကျသူတွေထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မသာခဲ့ပါဘူး။ ကျွန်တော်တို့လေးစားလိုက်နာရမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတချို့ရှိနေပေမယ့် အနာဂါတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ နစကဥက္ကဌကိုယ်တိုင် ကတိပေးထားခဲ့ကြောင်း ပရက်ခ်ဆိုခွန်က ပြောပါတယ်။ ISEAS – Yusof Ishak Institute ကနေ ကမကထပြုပြီး ဇူလိုင် ၂၁ ရက်မှာကျင်းပတဲ့ မြန်မာ့အရေးအာဆီယံရဲ့ ကြိုးပမ်းမှုများဆိုင်ရာ အထူးဆွေးနွေးပွဲမှာ…
Read More