ဂန့်ဂေါရဲစခန်းက ရဲမေ ၁ ဦး အသတ်ခံရပြီး ရဲ ၁ ဦးနဲ့အတူ အရပ်သား ၁ ဦး ပျောက်ဆုံးနေ

သြဂုတ် ၊ ၂ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့ ၊ မြို့နယ်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေရင်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ပျောက်ဆုံးသွားတဲ့ ရဲ ၂ ဦးအနက် ၊ ၁ ဦးမှာ အသတ်ခံရပြီး ကျန် ၁ ဦးမှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးထားတာဖြစ်တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီက သိရပါတယ်။

” လကုန်ရက်က ပျောက်သွားတဲ့ ရဲ ၂ ဦးက ရဲမေ မခိုင်ဇာခြည်လွင် ဆိုသူနဲ့ ရဲတပ်သား ဖြိုးသက်ကျော် တို့ဖြစ်တယ် ၊ အဲ့ဒီ ၂ ဦးထဲက ရဲမေ မခိုင်ဇာခြည်လွင် က သေနတ်နဲ့ ပစ်သတ်ခံထားရတယ် ၊ ရဲတပ်သား ဖြိုးသက်ကျော်နဲ့ သူ့ရဲ့ညီဖြစ်သူ နိုင်ဝင်းထွန်း တို့ ၂ ယောက်ကိုတော့ အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ သိရတယ် ၊ အခုထိတော့ အဲ့ဒီ ပျောက်ဆုံးရဲတပ်သားနဲ့ အဆက်သွယ် မရသေးဘူး “လို့ ရဲတပ်သား ဖြိုးသက်ကျော်ရဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ဂန့်ဂေါ ရဲစခန်းက ရဲမေ မခိုင်ဇာခြည်လွင်နဲ့ ရဲတပ်သား ဖြိုးသက်ကျော် ဆိုသူအပြင် သူ့ရဲ့ညီဖြစ်သူ မောင်နိုင်ဝင်းထွန်း တို့ ၃ ဦးဟာ ဆိုင်ကယ်နဲ့ နယ်မြေသတင်းစုံစမ်းနေချိန် အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သူတို့ ၃ ဦး အဖမ်းခံရတဲ့အချိန်မှာ ရဲမေ မခိုင်ဇာခြည်လွင် ဆိုသူက ဆိုင်ကယ်စီးပြီး ထွက်ပြေးချိန် သေနတ်နဲ့ ပစ်ခံရတဲ့အတွက် သေဆုံးသွားတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့က အဲ့ဒီ ပျောက်ဆုံးနေတဲ့ ရဲတယောက်ကို အမြန်ဆုံး ပြန်လည်ကယ်ဆယ်ပေးနိုင်ဖို့အတွက် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ လွှတ်ထားပြီဖြစ်တယ်လို့ ဂန့်ဂေါ ရဲအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဂန့်ဂေါ

Related posts

Leave a Comment

VOM News

FREE
VIEW