မုံရွာအကျဥ်းထောင်က နိုင်/ကျဥ်း အပါအဝင် အကျဥ်းသား ၁ ရာခန့် ထောင်ပြောင်းခံရ

သြဂုတ် ၊ ၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်က အကျဥ်းသား ၁ ရာကို ဒီကနေ့ မနက် အစောပိုင်းက အခြားထောင်တွေဆီကို ပြောင်းရွေ့လိုက်တယ်လို့ မုံရွာမြို့ခံ နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်း မိုးမလင်းခင်အချိန်က မုံရွာထောင်ကနေ ထုတ်သွားတယ် ၊ မန္တလေး အိုးဘိုထောင်နဲ့ မြင်းခြံထောင် တခုခုဖြစ်နိုင်တယ် ၊ နိုင်ငံရေး အကျဥ်းသားတွေ အပါအဝင် လူ ၁ ရာလို့ သိထားရတယ် ၊ ပြောင်းရွေ့ခံရတဲ့ အဓိကအကြောင်းအရင်း မသိရသေးဘူး ” လို့ မုံရွာနိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။ မုံရွာအကျဥ်းထောင်မှာ ကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသား မိသားစုဝင်တဦးက” အခုလို ပြောင်းရွေ့မယ်ဆိုတာ ၊ ထောင်က အသိပေးတာ…

Read More

နယ်စပ်ကနေ ဒေါ်လာနဲ့ပစ္စည်းသွင်းမယ့် လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေ ဝယ်ယူတောင်းခံခွင့်မရှိဘူးလို့ ကုန်သွယ်ရေးဦးစီးဌာနအသိပေး

သြဂုတ် ၂-၂၀၂၂ GG(VOM) နယ်စပ်ဒေသကနေ ဒေါ်လာငွေကြေးနဲ့ ပစ္စည်းတင်သွင်းမယ့် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေဝယ်ယူခွင့် တောင်းခံတာမျိုး မပြုလုပ်ဖို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးပြောဆိုလိုက်ပါတယ်။ လက်ရှိ ဩဂုတ်လကစပြီး သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နယ်စပ်ဒေသကနေ ဒေါ်လာငွေကြေးနဲ့ တင်သွင်းဖို့ သွင်းကုန်လိုင်စင် ခွင့်ပြုထုတ်ပေးတဲ့အပေါ် နိုင်ငံခြားငွေ ဝယ်ယူခွင့်တောင်းခံခွင့်မရှိကြောင်း နဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီကို ငွေဝယ်ယူခွင့် တင်ပြတောင်းခံခြင်းတွေ မပြုလုပ်ဖို့ဆိုပြီး အသိပေးလာတာဖြစ်ပါတယ်။ ” အခုလို သူတို့ဘက်က ကြေညာလိုက်တော့ ဆေးကုမ္ပဏီတွေ၊ တခြားဒေါ်လာနဲ့ပေးချေနေရတာပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ အကုန်လုံး ဒုက္ခရောက်ကုန်မှာပေါ့။ဒေါ်လာက အခု အပြင်မှာပေါက်စျေးကမြင့်နေပြီး ဝယ်လို့တောင်မရဘူး ။ သူတို့ပဲ ဒေါ်လာတွေကို အကုန်ထိန်းချုပ်ထားပြီး အခုလိုထုတ်ပြန်တာတော့ မစဥ်းစားတတ်အောင်ပါပဲ ။ နောက်ဆုံး မရ ရသလို ရှာကြံတင်သွင်းရင် စျေးတွေကအကုန်တက်ရင် စားသုံးသူပဲထိမှာ ” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။ ကုန်သွယ်ရေးဦးစီးဌာနရဲ့ အဆိုပါထုတ်ပြန်ချက်ဟာ ဒေါ်လာမှောင်ခိုစျေးကွက်ကို…

Read More

ငပုတောမှာ ပြည်သူ့စစ်ဖွဲ့ဖို့ တအိမ် ၁ ဦးနူန်းနဲ့ စာရင်းစကောက်နေတယ်လို့ သိရ

သြဂုတ်၂-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ငပုတောမြို့နယ်မှာ တအိမ်ကို အမျိုးသား ၁ ယောက်ပါဝင်ပြီး ပြည်သူ့စစ်ဖွဲ့ဖို့ မနေ့ သြဂုတ် ၁ ရက်က စတင်ပြီးတော့ အစည်းအဝေးလုပ်ပြီး စာရင်းတွေစတင်ကောက်ယူနေတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ ”ကျေးရွာ အုပ်ကြီးက အစည်းအဝေးခေါ်တာ ပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက်ပါတဲ့၊တအိမ်ကိုအမျိုးသားတဦးပါရမှာ မဖြစ်မနေပါရမယ့် သဘောရှိတယ်၊ဒေသမှာလိုအပ်တဲ့ လုံခြုံရေးအတွက်လုပ်တာလို့ရှင်းပြတယ်၊မနေ့က စတင် စာရင်းကောက်နေတာ၊ကိုယ့်ရပ်ရွာလုံခြုံရေးအတွက် အားလုံးပါဝင်ဖို့ပြောတယ်၊ပြည်သူ့စစ်တစ်ခါမှမလုပ်ဖူးပါဘူး၊ အလုပ်အကိုင်မရှိ စားရေးနေရေး ကျပ်တည်းနေရတဲ့အထဲ ရှင်းရှင်းပြောရရင် မလုပ်ချင်ဘူးပေါ့ဗျာ။”လို့ ဒေသခံတဦးကပြောပါတယ်။ ငပုတောမြို့နယ်မှာ ၁ ရွာကို အနည်းဆုံး လူအင်းအာ ၃၀နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့အတွက် ကျေးရွာတာဝန်ရှိသူတွေက စတင်စီစဉ်နေတာဖြစ်တယ်လို့သိရပြီး အရင်ဆုံး စာရင်းကောက်ယူတဲ့လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေကာ ၁ ပတ်အတွင်း အထက်အဆင့်ဆင့်ကို ပြည်သူ့စစ်ဖွဲ့ဖို့ ပါဝင်တဲ့လူအင်အားတင်ပြတာနဲ့ စစ်သင်တန်းပေးတာတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ဒေသခံတွေရဲ့ပြောပြ ချက်အရသိရပါတယ်။ ”တအိမ်တယောက် အစည်းအဝေးခေါ်တော့ ဘာများလဲလို့ သွားတာ၊စစ်သင်တန်းပေးပြီး လုံခြုံရေးလုပ်ခိုင်းဖို့ ခေါ် တာပါ၊ကိုယ့်ရပ်ရွာတော့ အေးချမ်းစေချင်တယ်…

Read More

အမေရိကန် ကန်တပ်ကီပြည်နယ်မှာ ရေဘေးကြောင့် လူ ၃၇ ဦးသေဆုံး၊ ရာပေါင်းများစွာ ပျောက်ဆုံးနေ

၀ါရှင်တန်၊ သြဂုတ်-၂-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ကန်တပ်ကီပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၃၇ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ သေဆုံးသူတွေထဲမှာ အသက်တစ်နှစ်မှ ရှစ်နှစ်အရွယ် မွေးချင်းမောင်နှမလေးဦးအပါအ၀င် ကလေးငယ်ခြောက်ဦးပါ၀င်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ရေဘေးကြောင့် လူရာပေါင်းများစွာပျောက်ဆုံးနေတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း ကန်တပ်ကီပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီယာက ပြောပါတယ်။ အိမ်ထောင်စု ၁၂၀၀၀ ကျော်ဟာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေပြီး ရာနဲ့ချီတဲ့ စီးပွားရေးလုပ်ငန်းတွေ ရေနစ်မြုပ်မှုဖြစ်ပွားနေပါတယ်။ လမ်းတံတားတွေနဲ့ အခြေခံအဆောက်အအုံတွေပျက်စီးပါက ပြုပြင်ဖို့ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲဒီပြည်နယ်မှာဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုဟာ ကြီးမားတဲ့သဘာဝဘေးအန္တရာယ်အဖြစ် သမ္မတဂျိုးဘိုင်ဒင်က ကြေညာထားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဖက်ဒရယ်အစိုးရတာ၀န်ရှိသူတွေကို ညွှန်ကြားထားပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM #၀ါရှင်တန်

Read More

မင်္ဂလာဒုံမြိုနယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယား သေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ် ၂၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးညာဏကျေးရွာ၊ ဒေါ်ငိုလမ်း ၊ဒေါ်ငိုတံတားထိပ်မှာ ဒီကနေ့ မနက်ကိုးနာရီက ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယား သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ကလေးတွေကျောင်းလိုက်ပို့ချိန် ပေါင်းကူးညာကျေးရွာ ဒေါ်ငိုလမ်း ဒေါ်ငိုတံတားထိပ်မှာ ဗုံးပေါက်လို့ ဆင်းကြည့်ရာကနေ ဆိုင်ကယ်သုံးစီးနဲ့အမည်မသိအမျိုးသားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကျေးရွာနေသူတဦးကပြောပါတယ်။ “ကလေးတွေကို မပစ်ဘူး သူတို့နှစ်ဦးကိုပဲပစ်သွားတာ၊ လင်မယားနှစ်ယောက်လုံး ပွဲချင်းပြီးပဲ၊ သူတို့က ဒီရွာကမဟုတ်ဘူး”လို့ ပြောပါတယ်။ သေဆုံးသူနှစ်ဦးဟာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိူင်ထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ဟေမာလွင်တို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက အတည်ပြုပြောဆိုပါတယ်။ “တပ်ကတော့ စစ်ဆေးမှုတွေလုပ်နေတယ်၊ ပစ်တဲ့သူတွေကတော့ မမိဘူး အမျိုးသားခြောက်ယောက်ပစ်သွားတာလို့ ကနဦးသိရတယ်”လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးနောက် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပေမယ့် VOM အနေနဲ့ သီးခြားအတည်ပြုချက်မရသေးပါဘူး။ မနေ့…

Read More

မြင်းမူမြို့နယ် လက်ပံကျင်းရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး လူ ၁ ရာကျော် ဖမ်းဆီးခံထားရ

သြဂုတ် ၊ ၂ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ လက်ပံကျင်းရွာနားမှာ မနေ့ သြဂုတ် ၁ ရက်နေ့က ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး လူ ၁ ရာကျော် ဖမ်းဆီးခံထားရတယ်လို့ လက်ပံကျင်းရွာခံတွေဆီက သိရပါတယ်။ အဲ့ဒီ လူ ၁ ရာကျော် ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက” မနေ့က လက်ပံကျင်းရွာနားမှာ တိုက်ပွဲငယ် တခုဖြစ်တယ် ၊ နယ်မြေရှင်းလင်းရေး စစ်ကြောင်းကို ရွာအဝင်ကနေ စောင့်ကြိုတိုက်ခံရတာပါ ၊ အဲ့ဒီနောက် လက်ပံကျင်းရွာရဲ့ အနောက်မြောက်ဘက်မှာ အစည်းအဝေးလုပ်နေတဲ့ စခန်းတခုကို သိမ်းဆည်းရမိတယ် ၊ အဲ့ဒီမှာ သံသယရှိတဲ့ အမျိုးသား (၄၀) ဦး နဲ့ အမျိုးသမီး (၇၃) ဦးကို စစ်ဆေးနေပြီး…

Read More

မူဆယ်မြို့နယ်မှာ နှစ်ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေကြောင့် ၁ ဦးသေ၊ ၉ဦးဒဏ်ရာရ

သြဂုတ် ၂၊၂၀၂၂ KK(VOM) မူဆယ်မြို့နယ်မှာ နှစ်ရက်အတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် ၁ ဦးသေဆုံးကာ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က မူဆယ်မြို့နယ်၊ အမှတ် ၁ ဈေးမီးပွိုင့်မှာ ကားနဲ့လာတဲ့ပြည်သူ့စစ်နှစ်ဦးဟာ ကားကိုခေတ္တရပ်နေချိန် ဆိုင်ကယ်စီးလာသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ဆိုင်ကယ်ပေါ်ကနေ ပစ်သွားတာ ကျည်တော့မှန်သွားတယ် စိုးရိမ်ရတာတော့ မရှိဘူး၊ အခုမူဆယ်ဆေးရုံမှာဆေးကုသမှုခံနေတယ်”လို့ ပြောပါတယ်။ မနေ့ သြဂုတ် ၁ရက် ည ၉ နာရီကလည်း မူဆယ်မြို့ပေါ်ရဲစခန်းနဲ့ ဟိုမွန်ရပ်ကွက် ၊စွမ်စော်ရပ်ကွက် ကောင်းမှုတုံရပ်ကွက်မှာ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် ရဲ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “ရဲစခန်းပစ်ခတ်ခံရတာရှိတယ် ကျန်တာတွေက ဗုံးပေါက်တာ၊ ပစ်ခံရလို့ သုံးဦးဒဏ်ရတာရှိတယ် ဗုံးပေါက်တာကထိခိုက်သူမရှိဘူး”လို့ ပြောပါတယ်။ အလားတူ မနေ့ မနက်ပိုင်းကလည်း မူဆယ်မြို့၊ အမှတ်(၁)…

Read More

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ထိုင်၀မ်သွားရင် တရုတ်က စစ်ရေးအရ တုံ့ပြန်ဖွယ်ရှိနေကြောင်း အိမ်ဖြူတော် သတိပေး

၀ါရှင်တန်၊ သြဂုတ်-၂-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုဆီ ထိုင်၀မ်ကိုသွားမယ်ဆိုရင် တရုတ်နိုင်ငံက စစ်ရေးအရ ရန်စမှုတွေနဲ့ တုံ့ပြန်ဖွယ်ရှိကြောင်း အိမ်ဖြူတော်က သြဂုတ် ၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ထိုင်၀မ်အနီးမှာ တရုတ်နိုင်ငံက ဒုံးကျည်တွေပစ်ခတ်ခြင်း သို့မဟုတ် လေတပ်နဲ့ ရေတပ်စစ်ရေးလှုပ်ရှားမှုတွေ ပါ၀င်နိုင်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။ လက်ရှိမှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟာ အာရှခရီးစဉ်သွားရောက်လျှက်ရှိပါတယ်။ သူဟာ ထိုင်၀မ်ကို သွားရောက်ဖို့စီစဉ်ထားကြောင်း အမေရိကန်နဲ့ တိုင်ပေသတင်းဌာနတွေက ရေးသားဖော်ပြထားပေမယ့် အမေရိကန်အစိုးရကတော့ ယင်းကိစ္စကို အတည်ပြုခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေဖြစ်ကြောင်း အခိုင်အမာပြောဆိုထားပြီး နန်စီပလိုဆီအနေနဲ့ သွားရောက်ခဲ့ပါက ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ အဲဒီခရီးစဉ်ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးပျက်ပြားလိမ့်မယ်လို့ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂသံတမန်က သြဂုတ် ၁ ရက်မှာ သတိပေးပြောဆိုထားပါတယ်။ Ref: BBC…

Read More

အိန္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်ပွား၊ လူ ၂၀ ကျော်ကို သီးခြားထားစောင့်ကြည့်နေ

ဒေလီ၊ သြဂုတ်၂-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တာ၀န်ရှိသူတွေက သြဂုတ် ၁ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ယူအေအီးနိုင်ငံကို မကြာသေးမီက သွားရောက်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မျောက်ကျောက်ရောဂါကူးစက်မှုကြောင့် ဇူလိုင် ၃၀ ရက်မှာ သေဆုံးသွားခဲ့တာလို့ ပြောပါတယ်။ အဲဒီအမျိုးသားဟာ ပြည်ပကိုရောက်ရှိနေစဉ်ကတည်းက ရောဂါကူးစက်ခံနေရကြောင်း ကနဦးစစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးပြီးနောက် နမူနာတွေကို စစ်ဆေးရာမှာလည်း ကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း အိန္ဒိယကျန်းမာရေး၀န်ကြီး ဗီနာဂျော့ခ်ျကပြောပါတယ်။ ဒါဟာ အာဖရိကဒေသပြင်ပမှာ မျောက်ကျောက်ရောဂါကြောင့် စတုတ္ထမြောက် လူသေဆုံးမှုလည်းဖြစ်ပါတယ်။ အနောက်အာဖရိကရှိ ဂါနာနိုင်ငံမှာလည်း မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှုကို အာဏာပိုင်တွေက သြဂုတ် ၁ ရက်မှာ အတည်ပြုထားပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မကြာသေးမီက…

Read More

ဂန့်ဂေါရဲစခန်းက ရဲမေ ၁ ဦး အသတ်ခံရပြီး ရဲ ၁ ဦးနဲ့အတူ အရပ်သား ၁ ဦး ပျောက်ဆုံးနေ

သြဂုတ် ၊ ၂ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့ ၊ မြို့နယ်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေရင်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ပျောက်ဆုံးသွားတဲ့ ရဲ ၂ ဦးအနက် ၊ ၁ ဦးမှာ အသတ်ခံရပြီး ကျန် ၁ ဦးမှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးထားတာဖြစ်တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီက သိရပါတယ်။ ” လကုန်ရက်က ပျောက်သွားတဲ့ ရဲ ၂ ဦးက ရဲမေ မခိုင်ဇာခြည်လွင် ဆိုသူနဲ့ ရဲတပ်သား ဖြိုးသက်ကျော် တို့ဖြစ်တယ် ၊ အဲ့ဒီ ၂ ဦးထဲက ရဲမေ မခိုင်ဇာခြည်လွင် က သေနတ်နဲ့ ပစ်သတ်ခံထားရတယ် ၊ ရဲတပ်သား ဖြိုးသက်ကျော်နဲ့ သူ့ရဲ့ညီဖြစ်သူ…

Read More
VOM News

FREE
VIEW