အမေရိကန် ကန်တပ်ကီပြည်နယ်မှာ ရေဘေးကြောင့် လူ ၃၇ ဦးသေဆုံး၊ ရာပေါင်းများစွာ ပျောက်ဆုံးနေ

၀ါရှင်တန်၊ သြဂုတ်-၂-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ကန်တပ်ကီပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၃၇ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက်တစ်နှစ်မှ ရှစ်နှစ်အရွယ် မွေးချင်းမောင်နှမလေးဦးအပါအ၀င် ကလေးငယ်ခြောက်ဦးပါ၀င်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ရေဘေးကြောင့် လူရာပေါင်းများစွာပျောက်ဆုံးနေတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း ကန်တပ်ကီပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီယာက ပြောပါတယ်။

အိမ်ထောင်စု ၁၂၀၀၀ ကျော်ဟာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေပြီး ရာနဲ့ချီတဲ့ စီးပွားရေးလုပ်ငန်းတွေ ရေနစ်မြုပ်မှုဖြစ်ပွားနေပါတယ်။

လမ်းတံတားတွေနဲ့ အခြေခံအဆောက်အအုံတွေပျက်စီးပါက ပြုပြင်ဖို့ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီပြည်နယ်မှာဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုဟာ ကြီးမားတဲ့သဘာဝဘေးအန္တရာယ်အဖြစ် သမ္မတဂျိုးဘိုင်ဒင်က ကြေညာထားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဖက်ဒရယ်အစိုးရတာ၀န်ရှိသူတွေကို ညွှန်ကြားထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW