မုံရွာအကျဥ်းထောင်က နိုင်/ကျဥ်း အပါအဝင် အကျဥ်းသား ၁ ရာခန့် ထောင်ပြောင်းခံရ

သြဂုတ် ၊ ၂ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်က အကျဥ်းသား ၁ ရာကို ဒီကနေ့ မနက် အစောပိုင်းက အခြားထောင်တွေဆီကို ပြောင်းရွေ့လိုက်တယ်လို့ မုံရွာမြို့ခံ နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီမနက် အစောပိုင်း မိုးမလင်းခင်အချိန်က မုံရွာထောင်ကနေ ထုတ်သွားတယ် ၊ မန္တလေး အိုးဘိုထောင်နဲ့ မြင်းခြံထောင် တခုခုဖြစ်နိုင်တယ် ၊ နိုင်ငံရေး အကျဥ်းသားတွေ အပါအဝင် လူ ၁ ရာလို့ သိထားရတယ် ၊ ပြောင်းရွေ့ခံရတဲ့ အဓိကအကြောင်းအရင်း မသိရသေးဘူး ” လို့ မုံရွာနိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

မုံရွာအကျဥ်းထောင်မှာ ကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသား မိသားစုဝင်တဦးက” အခုလို ပြောင်းရွေ့မယ်ဆိုတာ ၊ ထောင်က အသိပေးတာ အကြောင်းကြားတာ မရှိဘူး ၊ရုတ်တရက်ကြီး ပြောင်းလိုက်တာပါ ၊ အဲ့ဒီ ပြောင်းရွေ့ခံရတဲ့ အကျဥ်းသားတွေထဲမှာ မုံရွာနည်းပညာ တက္ကသိုလ်ကျောင်းက ကျောင်းသား သမဂ္ဂခေါင်းဆောင် ဟောင်းတွေ ၊ မုံရွာ စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဌ ဖြစ်သူနဲ့ သူ့အဖွဲ့တွေ ပါသွားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက မုံရွာ အကျဥ်းထောင်မှာ ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အချုပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရတာ ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် ထောင်ဆူမှု ဖြစ်ပွားပြီး ၅ ရက်အကြာ ၊ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်မနက် အစောပိုင်းကလည်း အကျဥ်းသား အမျိုးသား ၁၃၀ နဲ့ အမျိုးသမီး ၂၀ ပေါင်း ၁၅၀ ကို မန္တလေး အိုးဘိုထောင်ကို ပထမ အသုတ်အနေနဲ့ ပြောင်းရွေ့ခံခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW