အိန္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်ပွား၊ လူ ၂၀ ကျော်ကို သီးခြားထားစောင့်ကြည့်နေ

ဒေလီ၊ သြဂုတ်၂-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တာ၀န်ရှိသူတွေက သြဂုတ် ၁ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

ယူအေအီးနိုင်ငံကို မကြာသေးမီက သွားရောက်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မျောက်ကျောက်ရောဂါကူးစက်မှုကြောင့် ဇူလိုင် ၃၀ ရက်မှာ သေဆုံးသွားခဲ့တာလို့ ပြောပါတယ်။

အဲဒီအမျိုးသားဟာ ပြည်ပကိုရောက်ရှိနေစဉ်ကတည်းက ရောဂါကူးစက်ခံနေရကြောင်း ကနဦးစစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးပြီးနောက် နမူနာတွေကို စစ်ဆေးရာမှာလည်း ကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း အိန္ဒိယကျန်းမာရေး၀န်ကြီး ဗီနာဂျော့ခ်ျကပြောပါတယ်။

ဒါဟာ အာဖရိကဒေသပြင်ပမှာ မျောက်ကျောက်ရောဂါကြောင့် စတုတ္ထမြောက် လူသေဆုံးမှုလည်းဖြစ်ပါတယ်။ အနောက်အာဖရိကရှိ ဂါနာနိုင်ငံမှာလည်း မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှုကို အာဏာပိုင်တွေက သြဂုတ် ၁ ရက်မှာ အတည်ပြုထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မကြာသေးမီက ကြေညာခဲ့ပါတယ်။ လက်ရှိချိန်ထိ ကမ္ဘာတ၀န်းမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု နှစ်သောင်းကျော်ထိရှိနေပါတယ်။

Ref: BBC
Photo:PTI
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW