ဖားကန့်မှာ စျေးဝယ်လာတဲ့ ဒုရဲမှူး ၁ ဦး ပစ်သတ်ခံရ

သြဂုတ် ၊ ၃ ၊ ၂၀၂၂
SP(VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က စျေးဝယ်လာတဲ့ ဒုရဲမှူး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။

” ဆိပ်မူးရွာနားမှာ အထိုင်ချတဲ့ ရဲတပ်ရင်း ၃၀ က ဒုရဲမှူး ကိုကိုလွင် အပစ်ခံရတာပါ ၊ စျေးဝယ်ပြီး ကားပေါ်ပြန်အတက်မှာ နောက်ကနေ ၁၀ ချက်လောက် ပစ်တာ ” လို့ ဖားကန့်ဒေသခံ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် ဒုရဲမှူး ကိုကိုလွင်ဟာ ရရှိဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

ဒုရဲမှူး ကိုကိုလွင် အပစ်ခံရတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က ပြုလုပ်သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့လကလည်း တရားရုံး သက်သေခံသွားတဲ့ ရဲ ၈ ယောက် ပျောက်ဆုံးတာလည်း ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW