ဟုမ္မလင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုကျော်ဝင်းစိန် မန္တလေးမှာ ဖမ်းဆီးခံရ

သြဂုတ် ၊ ၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ ဦးဟာ မန္တလေးမှာ ဆေးကုသခံနေချိန် သြဂုတ် ၁ ရက်က ဖမ်းဆီးခံလိုက်ရတယ်လို့ ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။ ” ဟုမ္မလင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းစိန် အဖမ်းခံရတာပါ ၊ သူက ကျန်းမာရေး မကောင်းလို့ မန္တလေးက ဆေးရုံတခုမှာ ဆေးကုသနေရင်း အဖမ်းခံရတာ “လို့ ဟုမ္မလင်းမြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ အဖမ်းခံရတယ်ဆိုတဲ့ ကိုကျော်ဝင်းစိန် ဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဧပြီလပိုင်းကစပြီး ဟုမ္မလင်းကနေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့ခံ နိုင်ငံရေးအသိုင်းအဝိုင်းက”ဒီလ ၁ ရက်နေ့က ကျော်ဝင်းစိန် အဖမ်းခံရတယ် ၊ မနေ့ သြဂုတ် ၂ ရက်က လေယာဥ်ခရီးစဥ်နဲ့ မန္တလေးကနေ…

Read More

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်းတွေ့ဆုံခဲ့

နေပြည်တော် ၊ဩဂုတ် ၃၊ ၂၀၂၂ KT(VOM) မြန်မာနိုင်ငံကို အလုပ်သဘော လာရောက်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဟာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ယနေ့ ဩဂုတ်(၃)ရက်နေ့နေ့လယ်မှာတွေ့ဆုံခဲ့သလို မနက်ပိုင်းကလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဗိုလ်ချူပ်မှူးကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့တို့ တွေ့ဆုံတဲ့ သတင်းအသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ #voiceofmyanmar #VOM #ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာပြည်ခရီးစဉ်

Read More

ရေးမြို့ လ.ဝ.ကရုံးမှာ ပစ်ခတ်မှုဖြစ်ပြီး ဝန်ထမ်း၂ဦး သေဆုံး၊ ဒဏ်ရာရသူတွေရှိခဲ့

ဩဂုတ် ၃-၂၀၂၂ VOM (GG) မွန်ပြည်နယ်၊ ရေးမြို့နယ် လ၀ကရုံး မှာ ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဝန်ထမ်း ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” နေ့လယ် ၁၂ နာရီလောက်က ပစ်ခတ်မှုဖြစ်တာ ။ ကျနော်တို့ ကြားတာ ၄ ယောက်ထိတာမှာ ၂ ယောက်သေတာပေါ့။ လောလောဆယ်တော့ ရာထူးတွေဘာညာမသိရသေးဘူး၊ ကျန်တဲ့သူတွေကို ဆေးရုံကိုပို့လိုက်တယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။ လဝကရုံးပစ်ခတ်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်တာရှိခဲ့ပြီး လက်ရှိမှာတော့ မြို့တွင်း စစ်ဆေးရှာဖွေတာတွေလုပ်နေတယ်လို့ သိရပါတယ်။ ရေးမြို့လဝကရုံး ပစ်ခတ်မှုကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ အဲ့ဒီအဖွဲ့ဟာ ရေးမြို့နယ်ထဲက Non CDM ဝန်ထမ်းတွေကို တာဝန်ကနေနူတ်ထွက်ဖို့ သတိပေးထားတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar…

Read More

မုံရွာ စက်မှုဇုန် လုပ်ငန်းရှင်များစုပေါင်းရုံးနဲ့ သင်တန်း ခန်းမဆောင် မီးလောင်

သြဂုတ် ၊ ၃ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက် ၊ မြို့ရှောင်လမ်းဘေးမှာရှိတဲ့ စက်မှုဇုန်ရုံးနဲ့ ခန်းမဆောင်ဟာ မနေ့ သြဂုတ် ၂ ရက် ညပိုင်းက မီးလောင်ခဲ့တယ်လို့ မုံရွာစက်မှုဇုန် ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” စက်မှုကျွမ်းကျင် သင်တန်းတို့ ၊ လူကြီးအစည်းဝေးတို့ လုပ်တဲ့ ခန်းမဆောင်နဲ့ စက်မှုဇုန် လုပ်ငန်းရှင်များ အသင်းရုံး မီးလောင်တာပါ ၊ ညက ၁၁ နာရီဝန်းကျင်မှာ လောင်တယ်၊ ရှို့မီးကြောင့် လောင်တာပါ “လို့ စက်မှုလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ မီးလောင်သွားတဲ့ စက်မှုဇုန်ရုံးနဲ့ခန်းမဟာ မုံရွာ စက်မှုထွက် ထုတ်ကုန်တွေ ခင်းကျင်းပြသတဲ့နေရာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ လူကြီးတွေ မကြာခဏ ဝင်ထွက်သွားလာတဲ့နေရာတခုဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီ မီးလောင်ဆုံးရှုံးမှု ကာလခန့်မှန်းတန်ဖိုးကို မုံရွာခရိုင်…

Read More

မြန်မာနိုင်ငံမှာ သေဒဏ်စီရင်မှုတွေ ဆက်လုပ်နေရင် ဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီး အာဆီယံရဲ့ အခန်းကဏ္ဍကို ပြန်စဉ်းစားရမယ်လို့ ဟွန်ဆန်ပြော

ဖနွမ်းပင် ၊ သြဂုတ်-၃-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို သေဒဏ်စီရင်မှုတွေ ဆက်လက်လုပ်နေမယ်ဆိုရင် အာဆီယံရဲ့ အခန်းကဏ္ဍနဲ့ မြန်မာနဲ့ရရှိထားတဲ့ ဘုံသဘောတူညီချက်တွေကို ပြန်စဉ်းစားရမယ်လို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က သြဂုတ် ၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖနွမ်းပင်မှာကျင်းပတဲ့ ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြာရေး၀န်ကြီးများအစည်းအဝေးမှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌဖြစ်သူ ဟွန်ဆန်က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံမှာ မကြာသေးမီက သေဒဏ်ပေးကွပ်မျက်မှုကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေကို အဆုံးသတ်ရေးအတွက် အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံကို တွန်းအားပေးနေခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှု ၊ ငြိမ်းချမ်းရေးနဲ့ ြ့ပန်လည်သင့်မြတ်ရေးတို့အတွက် ကမ္ဘောဒီးယားအပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံတွေက သေဒဏ်ပေးကွပ်မျက်မှုမလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေက ဆက်လက်စီရင်ခဲ့တဲ့အပေါ် အကြီးအကျယ်စိတ်ပျက်မိတယ်လို့ ဟွန်ဆန်က ပြောပါတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို ထပ်ပြီးကွပ်မျက်နေဦးမယ်ဆိုရင် ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်ပြီး အာဆီယံရဲ့ အခန်းကဏ္ဍကိုပြန်စဉ်းစားရမယ်လို့ သူကပြောပါတယ်။…

Read More

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ထိုင်၀မ်ရောက်ရှိချိန်မှာ ကျွန်းအနီးစစ်ရေးလေ့ကျင့်မယ်လို့ တရုတ်စစ်တပ်ထုတ်ပြန်

ပေကျင်း၊ သြဂုတ်-၃-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်ကိုရောက်ရှိနေချိန်မှာ ထိုင်၀မ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။ ပလိုစီထိုင်၀မ်ရောက်ပြီး သိပ်မကြာခင်မှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုကို ထိုင်၀မ်အနီးမှာ ပြုလုပ်သွားမှာဖြစ်ပြီး ထိုင်၀မ်ရေလက်ကြားမှာ တာဝေးပစ် ဒုံးကျည်ပစ်ခတ်မှုတွေလည်းပါ၀င်မယ်လို့ အရှေ့ပိုင်းစစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ထိုင်၀မ်အနီး နေရာခြောက်ခုရှိ ဝေဟင် ၊ ရေပြင်မှာ အရေးကြီးတဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ ဒေသစံတော်ချိန် ကြာသပတေးနေ့ နေ့လယ်ပိုင်းကစပြီး စစ်ရေးလေ့ကျင့်မှုပြုဖို့သတ်မှတ်ထားတဲ့နေရာတွေကို သင်္ဘောတွေနဲ့ လေယာဉ်တွေမ၀င်ရောက်ဖို့ တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ အမေရိကန်အနေနဲ့ တရုတ်ပြည်မကြီးကနေ ခွဲထွက်လိုတဲ့ ထိုင်၀မ်အင်အားစုတွေကို မှားယွင်းတဲ့သတင်းစကား ပေးပို့ခဲ့တာဖြစ်ပြီး ထိုင်၀မ်ရေလက်ကြားမှာ တင်းမာမှုတွေ ပိုမိုဆိုးရွားစေတယ်လို့ တရုတ်ကာကွယ်ရေး၀န်ကြီးဌာနက သြဂုတ် ၂ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ Ref: NHK Photo:AP #voiceofmyanmar…

Read More

ကျောင်းလုံခြုံရေးကျ စစ်သားတဦး ဓားနဲ့ထိုးခံရလို့ ပစ်ခတ်ဖမ်းဆီးချိန် ၉ တန်းကျောင်းသားတဦး သေနတ်မှန်သေဆုံး

သြဂုတ် ၃-၂၀၂၂ VOM (GG) ပဲခူးတိုင်းအနောက်ပိုင်း ၊ ပြည်မြို့နယ်၊သရေခေတ္တရာပျူမြို့ဟောင်းထဲက မှော်ဇာရွာရှိ အ.ထ.က စာသင်ကျောင်းခွဲမှာ ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့မနက်ပိုင်းက လုံခြုံရေးယူနေတဲ့ စစ်သားကို အဖြူအစိမ်းဝတ်ထားသူတဦးက ဓားနဲ့၀င်ထိုးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဓားနဲ့ထိုးသူဟာ ထွက်ပြေးသွားတာကြောင့် လုံခြုံရေးတပ်တွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးချိန် ကျောင်း၀င်းအတွင်းက ၉ တန်း ကျောင်းသားတဦး သေနတ်မှန်ကာ ပြည်မြို့ဆေးရုံကြီးမှာ သေဆုံးသွားပြီ​ဖြစ်တယ်လို့ သိရပါတယ်။ “မှော်ဇာစျေးနား အထက်တန်းကျောင်းမှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားကို ကျောင်းသား အယောင်ဆောင်ဝင်ထိုးတာ အဖြူအစိမ်းဝတ်ပြီး။ ထိုးတဲ့သူက လွတ်သွားတယ်။ ထိုးတဲ့သူကို ပစ်ဖမ်းချိန် ကလေးတွေက ကြောက်အားလန့်အားနဲ့ပြေးချိန် ၉ တန်းကျောင်းသားကို ပစ်မိတာ၊ ကလေးကသေပြီ “လို့ မှော်ဇာဒေသခံတဦးကပြောပါတယ်။ ဓားနဲ့အထိုးခံရတဲ့ စစ်သားကတော့ ကပစ(၅)တပ်မှ တပ်သားအောင်မြင့်မြတ်ဆိုသူဖြစ်ပြီး အသက်သေဆုံးတာမရှိဘဲ ထိခိုက်ဒဏ်ရာသာရရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။ လက်ရှိမှာ ကျောင်းသားတွေကို…

Read More

ဖားကန့်မှာ စျေးဝယ်လာတဲ့ ဒုရဲမှူး ၁ ဦး ပစ်သတ်ခံရ

သြဂုတ် ၊ ၃ ၊ ၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က စျေးဝယ်လာတဲ့ ဒုရဲမှူး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။ ” ဆိပ်မူးရွာနားမှာ အထိုင်ချတဲ့ ရဲတပ်ရင်း ၃၀ က ဒုရဲမှူး ကိုကိုလွင် အပစ်ခံရတာပါ ၊ စျေးဝယ်ပြီး ကားပေါ်ပြန်အတက်မှာ နောက်ကနေ ၁၀ ချက်လောက် ပစ်တာ ” လို့ ဖားကန့်ဒေသခံ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။ ဒါ့အပြင် ဒုရဲမှူး ကိုကိုလွင်ဟာ ရရှိဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ဒုရဲမှူး ကိုကိုလွင် အပစ်ခံရတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က ပြုလုပ်သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့…

Read More

ရန်ကုန် – မန္တလေး အမြန်လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ အလောင်း၂ လောင်းတွေ့

သြဂုတ် ၊ ၃ ၊ ၂၀၂၂ SP (VOM) မန္တလေးတိုင်း၊ အမရပူရမြို့နယ် ၊ ယဥ်တော်စံကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၆၄/ ၄ ဖာလုံ ဝန်းကျင်မှာ မနေ့ သြဂုတ် ၂ ရက် ညနေပိုင်းက စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ အမရပူရမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ တွေ့ရတာပါ ၊ အသက် ၃၇ နဲ့ ၃၅ အရွယ် အမျိုးသား ၂ ယောက်ရဲ့ အလောင်းတွေဖြစ်တယ် ၊ စုံစမ်းနေတုန်းဆိုတော့ အခုချိန်အထိ ဘယ်သူ ဘယ်ဝါဆိုတာ မသိရသေးဘူး ၊ သူတို့ ၂ ယောက်လုံးက အသတ်ခံထားရတာ ” လို့ ဒေသခံ…

Read More

ပုထိုးလုံး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံက ဖမ်းဆီးသွားတဲ့ ဝန်ထမ်း ၂၀ ကျော်ကို ယောPDF က ပြန်လွတ်ပေး

သြဂုတ် ၊ ၃ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် ၊ ကျောမြို့ဧရိယာမှာရှိတဲ့ ပုထိုးလုံး သဘာဝ ဓာတ်ငွေ့သုံး ၁၂ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်ပေး စက်ရုံကနေ ဖမ်းဆီးခံလိုက်ရတဲ့ စက်ရုံ ဝန်ထမ်း ၂၀ ကျော်ကို ယော PDF အဖွဲ့က မနေ့ သြဂုတ် ၂ ရက်မှာ ပြန်လွတ်ပေးလိုက်လို့ လွတ်လာကြတယ်လို့ ကျောမြို့ခံတွေဆီက သိရပါတယ်။ .” အဖမ်းခံရတဲ့ စက်ရုံဝန်ထမ်းက ၂၄ ယောက်ဖြစ်တယ် ၊ အဲ့ဒီအထဲက ဝန်ထမ်း ၂၃ ယောက်ကို မနေ့ မနက်ပိုင်းက ပြန်လွှတ်ပေးတယ် ၊ စက်ရုံးမှူး ဦးမင်းအောင် ကတော့ သူ့တို့ဖမ်းထားမြဲဖြစ်ပြီး ထိပ်တုံးခတ်ထားတာ ” လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ထမ်း…

Read More
VOM News

FREE
VIEW