ရန်ကုန် – မန္တလေး အမြန်လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ အလောင်း၂ လောင်းတွေ့

သြဂုတ် ၊ ၃ ၊ ၂၀၂၂
SP (VOM)

မန္တလေးတိုင်း၊ အမရပူရမြို့နယ် ၊ ယဥ်တော်စံကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၆၄/ ၄ ဖာလုံ ဝန်းကျင်မှာ မနေ့ သြဂုတ် ၂ ရက် ညနေပိုင်းက စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ အမရပူရမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ တွေ့ရတာပါ ၊ အသက် ၃၇ နဲ့ ၃၅ အရွယ် အမျိုးသား ၂ ယောက်ရဲ့ အလောင်းတွေဖြစ်တယ် ၊ စုံစမ်းနေတုန်းဆိုတော့ အခုချိန်အထိ ဘယ်သူ ဘယ်ဝါဆိုတာ မသိရသေးဘူး ၊ သူတို့ ၂ ယောက်လုံးက အသတ်ခံထားရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ် အမည်မသိ အမျိုးသားကတော့လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ မေးစေ့အောက်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာဘက်ပါးပြတ်ရှဒဏ်ရာ ၁ ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာတို့နဲ့ သေဆုံးနေတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် အမည်မသိ အမျိုးသားကတော့ ရင်ဘတ်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ဘယ်မျက်ခုံးဖူးရောင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းပြတ်ရှဒဏ်ရာ ၁ ချက်တို့နဲ့ သေဆုံးနေတာလို့ သိရပါတယ်။

အဲ့ဒါကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့က မှုခင်း မှတ်တမ်းတွေ ရယူပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် မန္တလေးနဲ့ အနီးဝန်းကျင်မှာ အမည်မသိ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ မကြာခဏ တွေ့နေရတာဖြစ်ပြီး ဒီနှစ် ၆ လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ ဒါဇင်ကျော်ရှိတယ်လို့ မန္တလေးဆေးရုံကြီး ရင်ခွဲဆောင်ကနေ သိရပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်း #စွန့်ပစ်အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW