အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ထိုင်၀မ်ရောက်ရှိချိန်မှာ ကျွန်းအနီးစစ်ရေးလေ့ကျင့်မယ်လို့ တရုတ်စစ်တပ်ထုတ်ပြန်

ပေကျင်း၊ သြဂုတ်-၃-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်ကိုရောက်ရှိနေချိန်မှာ ထိုင်၀မ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

ပလိုစီထိုင်၀မ်ရောက်ပြီး သိပ်မကြာခင်မှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုကို ထိုင်၀မ်အနီးမှာ ပြုလုပ်သွားမှာဖြစ်ပြီး ထိုင်၀မ်ရေလက်ကြားမှာ တာဝေးပစ် ဒုံးကျည်ပစ်ခတ်မှုတွေလည်းပါ၀င်မယ်လို့ အရှေ့ပိုင်းစစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုကို ထိုင်၀မ်အနီး နေရာခြောက်ခုရှိ ဝေဟင် ၊ ရေပြင်မှာ အရေးကြီးတဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

ဒေသစံတော်ချိန် ကြာသပတေးနေ့ နေ့လယ်ပိုင်းကစပြီး စစ်ရေးလေ့ကျင့်မှုပြုဖို့သတ်မှတ်ထားတဲ့နေရာတွေကို သင်္ဘောတွေနဲ့ လေယာဉ်တွေမ၀င်ရောက်ဖို့ တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ပြည်မကြီးကနေ ခွဲထွက်လိုတဲ့ ထိုင်၀မ်အင်အားစုတွေကို မှားယွင်းတဲ့သတင်းစကား ပေးပို့ခဲ့တာဖြစ်ပြီး ထိုင်၀မ်ရေလက်ကြားမှာ တင်းမာမှုတွေ ပိုမိုဆိုးရွားစေတယ်လို့ တရုတ်ကာကွယ်ရေး၀န်ကြီးဌာနက သြဂုတ် ၂ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW