တန့်ဆည်မြို့မှာ လှည့်ကင်းကား ပစ်ခတ်ခံရပြီး ရဲ ၇ ဦးသေဆုံး ၊ သေနတ် ၆ လက် ပျောက်ဆုံးနေ

သြဂုတ် ၇-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့၊ လမ်းဆုံတောင်ဘက်အထွက် ၊ ကျွဲဆွဲကျောင်းတောင်ဘက် ဆိုင်ဘုတ်အနီး မုံရွာ-တန့်ဆည်-ကလေးဝ ကားလမ်း စုပေါင်းစစ်ဆေးရေးဂိတ်နားမှာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က လှည့်ကင်းကား ၁ စီး ပစ်ခတ်ခံရပြီး ကားပေါ်ပါလာတဲ့ ရဲတွေ သေဆုံးပြီး သေနတ်တွေပျောက်ဆုံးနေတာ ဖြစ်ပွားခဲ့တယ်လို့ တန့်ဆည်ဒေသခံတွေဆီက သိရပါတယ်။

” မနက်အစောပိုင်းက ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေကြားရတာတော့ရှိတယ် ၊ ဒီမနက် ၈ နာရီလောက်မှ သိရတာက ရဲကား ပစ်ခံရတာ ၇ ယောက်သေပြီး သေနတ် ၆ လက်ပျောက်နေတာလို့ သိရတယ် ” လို့ တန့်ဆည်မြို့ခံ တယောက်က ပြောပါတယ်။

တန့်ဆည်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပူးပေါင်းစစ်ဆေးရေးဂိတ်ကို သွားတဲ့ လုံခြုံရေးကား ပစ်ခံရတာပါ ၊ ကား ၂ စီးက ရှေ့နောက် ညှပ်ပြီး ပစ်သွားတာ ၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးကျပြီး ၊ BA 63 သေနတ် ၅ လက်နဲ့ BA 64 သေနတ် ၁ လက် ပျောက်ဆုံးနေတယ်”လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ဖြစ်ပွားအပြီး တန့်ဆည်မြို့ပေါ်မှာ ဒီမနက်ကစပြီး လုံခြုံရေးတင်းကြပ်စွာ ချထားသလို ပိတ်ဆို့စစ်ဆေးရေးတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ တန့်ဆည်PDFက စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်၂၀၂၁ အောက်တိုဘာကလည်း တန်ဆည်မြို့မရဲစခန်းက နယ်ထိန်းရဲ ၂ ယောက် စျေးဝယ်သွားရင်း ၊ စျေးတောင်ဘက် လမ်းထဲမှာ ပစ်သတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW