အင်းစိန်ထောင်က နိုင်/ကျဥ်း၁၃၀ နီးပါး သာယာဝတီထောင်ကိုပြောင်းရွေ့ခံရ

ဩဂုတ် ၇-၂၀၂၂ VOM (GG) အင်းစိန်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ကို သာယာဝတီအကျဥ်းထောင် ပြောင်းရွှေ့ခံလိုက်ရတယ်လို့ နိုင်/ကျဥ်းမိသားစုဝင်တွေဆီက သိရပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေကို ဩဂုတ်လ ၅ ရက်နေ့က ထောင်ပြောင်းရွှေ့လိုက်တာဖြစ်ပြီး ၊ ပြောင်းရွှေ့ခံရပြီး နောက်ရက် မှသာ သက်ဆိုင်ရာ နိုင်ကျဥ်းမိသားစုဝင်တွေအနေနဲ့ သိခွင့်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” တနေ့က ညနေ ပိုင်းမှာ ထောင်ပြောင်းတာလို့သိရတယ်။ ထောင်ပြောင်းတာကို မိသားစုကိုအသိမပေးဘူး ။ပြောင်းပြီး နောက်ရက်ရောက်မှ သိရတာမျိုး။ အရင်တခါလည်း အဲ့ဒီလိုပဲ လုပ်တယ်။ အခု ထောင်ပြောင်းခံရတဲ့အထဲမှာ ကျနော်တို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)ဥက္ကဋ္ဌ ကိုခန့်သူအောင် လည်းပါတယ် ၊ အခုတော့ မိသားစုတွေဆီအကြောင်းကြားလို့ သိသူသိကြပြီ မိန်းကလေးတွေလည်းတော်တော်ပါတယ်”လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားတဦးကပြောပါတယ်။ သာယာဝတီအကျဥ်းထောင်ကို ပြောင်းရွှေခံလိုက်ရလို့ ထောင်ဝင်စာသွားရောက်တွေ့မယ့်သူတွေအနေနဲ့ သန်းခေါင်းစာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူတွေ ယူဆောင်သွားဖို့လိုအပ်တယ်လို့ နစက လက်ထက် ဖမ်းဆီးထောင်ချခံရသူတွေနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့မှုတွေလုပ်နေသူတဦးက…

Read More

တိုက်ပွဲတွေမှာ ဖမ်မိထားတဲ့ စစ်သုံ့ပန်း ၂၄ ဦးကို RCSS အဖွဲ့က ပြန်လွတ်ပေး

သြဂုတ် ၊ ၇ ၊ ၂၀၂၂ SP (VOM) ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်နယ်တပ်မတော်SSA က တိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း၂၄ ဦးကို မနေ့ သြဂုတ် ၆ ရက် မနက်ပိုင်းက ​ပြန်လည်လွတ်ပေးခဲ့တယ်လို့ RCSS သတင်းပြန်ကြားရေးဌာနဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်းက RCSS ဌာနချုပ် လွယ်တိုင်းလျန်းမှာ အခမ်းအနား ပြုလုပ်ပြီး စစ်သုံ့ပန်းတွေကို ပြန်လွတ်ပေးခဲ့တာပါ ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က စစ်သုံ့ပန်း ၂၃ ဦးနဲ့ တ​အောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က စစ်သုံ့ပန်း ၁ ဦး ၊ အားလုံး ၂၄ ဦး ပြန်လွတ်ပေးခဲ့တာ”လို့ RCSS ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ အခု ပြန်လည်လွတ်ပေးလိုက်တဲ့စစ်သုံ့ပန်းတွေကို…

Read More

ရေးမြို့ကို ည ၈ နာရီကနေ ၄ နာရီအထိ ညမထွက်ရအမိန့်နဲ့အတူ တားမြစ်ကန့်သတ်ချက်တွေ ထုတ်ပြန်

ဩဂုတ် ၇-၂၀၂၂ VOM (GG) မွန်ပြည်နယ်၊ ရေးမြို့ လ.ဝ.က ရုံး ပစ်ခတ်ခံခဲ့ရပြီးနောက် ရေးမြို့နယ်ကို ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် နဲ့အတူ တားမြစ်ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ရေးမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ဒါမှမဟုတ် နိုင်ငံသားစိစစ်ရေးကဒ်ပြားမပါဘဲ နယ်မြေကျော်လွန်ခရီးသွားလာခြင်းမပြုလုပ်ဖို့လည်း ဩဂုတ်လ ၅ ရက်နေ့ရက်စွဲနဲ့ ရေးမြို့နယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။ ရေးမြို့နယ်အတွင်းမှာ အကြမ်းဖက်အဖွဲ့တွေက တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားအောင်လုပ်နေတာကြောင့် အကြမ်းဖက်သူနဲ့ ပြည်သူ ကွဲပြားမှုရှိအောင် အခုလို တားမြစ်ကန့်သတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ” လဝကရုံး ပစ်ခံရပြီးတော့ အခုလို စာထွက်တာပဲ ။ အရင်က ည ၁၂ ထင်တယ် ကြာတော့သိပ်မမှတ်မိဘူး။ အခုကတော့ ည ၈ဆို အပြင်မထွက်ရဘူး။ နေ့ဘက်ဆိုလည်း ဆိုင်ကယ်စီးရင်…

Read More

တန့်ဆည်မြို့မှာ လှည့်ကင်းကား ပစ်ခတ်ခံရပြီး ရဲ ၇ ဦးသေဆုံး ၊ သေနတ် ၆ လက် ပျောက်ဆုံးနေ

သြဂုတ် ၇-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့၊ လမ်းဆုံတောင်ဘက်အထွက် ၊ ကျွဲဆွဲကျောင်းတောင်ဘက် ဆိုင်ဘုတ်အနီး မုံရွာ-တန့်ဆည်-ကလေးဝ ကားလမ်း စုပေါင်းစစ်ဆေးရေးဂိတ်နားမှာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က လှည့်ကင်းကား ၁ စီး ပစ်ခတ်ခံရပြီး ကားပေါ်ပါလာတဲ့ ရဲတွေ သေဆုံးပြီး သေနတ်တွေပျောက်ဆုံးနေတာ ဖြစ်ပွားခဲ့တယ်လို့ တန့်ဆည်ဒေသခံတွေဆီက သိရပါတယ်။ ” မနက်အစောပိုင်းက ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေကြားရတာတော့ရှိတယ် ၊ ဒီမနက် ၈ နာရီလောက်မှ သိရတာက ရဲကား ပစ်ခံရတာ ၇ ယောက်သေပြီး သေနတ် ၆ လက်ပျောက်နေတာလို့ သိရတယ် ” လို့ တန့်ဆည်မြို့ခံ တယောက်က ပြောပါတယ်။ တန့်ဆည်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပူးပေါင်းစစ်ဆေးရေးဂိတ်ကို သွားတဲ့ လုံခြုံရေးကား ပစ်ခံရတာပါ…

Read More

ရေဦးခရိုင်ထဲမှာ လေကြောင်းကနေ ပစ်ခတ်တာတွေကြောင့် လယ်ယာလုပ်ငန်းတွေ ရပ်နားထားရ

သြဂုတ် ၊ ၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင်ထဲက ၊ ဒီပဲယင်း ၊ ရေဦး ၊ တန့်ဆည် စတဲ့မြို့နယ်တွေဘက်ကို ဩဂုတ် ၁ ရက်နေ့က စလို့ မနေ့ သြဂုတ် ၅ ရက်အထိ နေ့တိုင်းလိုလို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတဲ့အတွက် ဒေသခံ တောင်သူတွေဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်ဖို့ ခက်ခဲလာတဲ့ကြောင့် တောင်သူလုပ်ငန်းတွေကို နားထားရတယ်လို့ ရေဦးနယ်ခံတွေဆီက သိရပါတယ်။ ” ဒီလ ၂ရက် နဲ၊ ၃ ရက်က ရေဦးနယ်ဘက်မှာ လေကြောင်းကနေ ပစ်တယ် ၊ မနေ့ကနဲ့ ဒီနေ့တော့ ဒီပဲယင်းနယ်ဘက်မှာ ပစ်တာပါ ၊ အဲ့ဒီဘက်မှာ တောင်သူတချို့ လုပ်ငန်းခွင်မှာ ထိမှန်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် တောင်သူလုပ်ငန်းတွေ…

Read More

ဧရာဝတီတိုင်းက ပြည်သူတွေဆီမှာ ဒရုန်းတွေရှိရင် သက်ဆိုင်ရာကိုလာအပ်ဖို့ လိုက်လံကြေညာနေ

ဩဂုတ် ၆-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းထဲက ပြည်သူတွေဆီမှာ ဝေဟင်ကနေ ရိုက်ကူးရေးလုပ်ရာမှာ အသုံးပြုရတဲ့ ဒရုန်းယာဉ်တွေရှိရင် နီးစပ်ရာရဲတပ်ဖွဲ့နဲ့စီမံအုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီ အမြန်ဆုံးလာအပ်ပေးကြဖို့ အသံချဲ့စက်တွေနဲ့လိုက်လံကြေညာနေတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ ”မနေ့လာကြေညာသွားတာ၊ဝေဟင်ကနေ ရိုက်ကူးရေးလုပ်ရာမှာအသုံးပြုရတဲ့ ဒရုန်းယာဉ်တွေကို လာအပ်ဖို့လိုက်ကြေညာတာပါ၊ကိုယ့်နေရာမှာပဲ ကြေညာတယ်ထင်တာ တတိုင်းလုံးနီးပါးကြေညာတာလို့ သိရတယ်၊ထွေအုပ်ဝန်ထမ်းတွေနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ကြေညာတာပါ၊အသံချဲ့စက်တွေနဲ့ လိုက်အော်ခဲ့တာ တနေ့ကို တမျိုး မရိုးစေရဘူး၊ကျွန်မတို့ဆီမှာတော့ ဘာဒရုန်းမှမရှိဘူး။”လို့မအူပင်မြို့ခံတဦးကပြောပါတယ်။ ဒရုန်းတွေ လာအပ်ကြဖို့အတွက် မအူပင်၊ဟင်္သာတ၊ကျိုက်လတ်၊ပန်းတနော်၊ ညောင်တုန်း၊ဓနုဖြူ၊ဇလွန်၊မြန်အောင်၊ကြံခင်း၊ဘိုကလေး စတဲ့မြို့နယ်တွေအပြင် အခြားမြို့နယ်တွေမှာလည်း ကြေညာတာတွေရှိတယ်လို့သိရပြီး လာအပ်ခိုင်းတဲ့ ဒရုန်းဟာအလှူပွဲတွေ မင်္ဂလာဆောင်တွေနဲ့ ပွဲလမ်းသဘင်တွေမှာ ဝေဟင်ကနေရိုက်ကူးရေးလုပ်တဲ့ အခါအသုံးပြုကြတာများတယ်လို့ သိရပါတယ်။ ”သာမာန်သူတွေဆီမှာတော့ ဒါတွေကရှိခဲပါတယ်၊အလှူပွဲ၊ မင်္လာဆောင်ပွဲနဲ့ ပွဲလမ်းသဘင်တွေမှာ ဓါတ်ပုံနဲ့ ရုပ်သံမှတ်တမ်းရိုက်ပေးသူတွေဆီမှာသာရှိတာများပါတယ်၊ ဒီလုပ်ငန်းရှင်တွေကတော့ အဆုံးရှုံးတွေထပ်ရှိလာပါတယ်၊ဘာကြောင့်အပ်ခိုင်းတာလည်းဆိုတာ မပါပေမယ့် မအပ်ရင်တော့ဖမ်းမယ်လို့ကြေညာသွားတာ၊နီးရာဓား ကြောက်နေရလို့အပ်တဲ့သူတွေလည်းအပ်ကြမှာပါ။”လို့ ဟင်္သာတမြို့ခံတဦးကပြောပါတယ်။ လာအပ်ခိုင်းထားတဲ့ ဒရုန်းဆိုတာတွေကို လာမအပ်ဘဲ ကြေညာချက်ကိုမလိုက်နာရင်၊ ထိန်ချန်ထားလို့ လာစစ်ဆေးတဲ့အခါတွေ့ရင် ပစ္စည်းတွေကိုသိမ်းပြီးလူကိုဖမ်းဆီးမယ်လို့ကြေညာသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။…

Read More

မသန်စွမ်းသူတွေအတွက် အသက်မွေးဝမ်းကျောင်းပညာကို စားရိတ်ငြိမ်းအခမဲ့နဲ့ သင်ကြားပေးမယ်

ဩဂုတ် ၆ VOM (GG) မသန်စွမ်းသူတွေကို ရန်ကုန်က မသန်စွမ်းသက်ကြီးသင်တန်းကျောင်းမှာ နေစားစရိတ်ငြိမ်း အခမဲ့နဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို လူမှု၀န်ထမ်းဦးဌာနက သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းကာလက ၃ လကြာမြင့်မှာဖြစ်ပြီး သင်တန်းကာလတလျှောက်ကိုနေစရိတ်၊စားစရိတ် အခမဲ့ နဲ့သင်ကြားပေးမှာဖြစ်​ပြီး လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့ မှာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါ တယ်။ စက်ချုပ်သင်တန်း၊တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ဆံသသင်တန်း ၊ကွန်ပျူတာသင်တန်း တွေကို သင်ကြားပေးမှာဖြစ်ပြီး လူ ၁၀၀ထိ လက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။ ” မသန်စွမ်းတိုင်းလျှောက်လို့ရတယ်။အဓိက အသက်မွေးဝမ်းကျောင်းပညာတတ်မြောက်ပြီး ဘဝရပ်တည်ရေးအထောက်အကူဖြစ်စေဖို့ပါ။ လျှောက်မယ့်သူက အသက် ၁၈ ကနေ၄၅ အထိရပါတယ်။ နယ်ကလာသူဆိုရန်ကုန်လာတဲခရီးစရိတ်ပါထောက်ပံ့မှာပါ “လို့ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း တာဝန်ရှိသူတဦးကပြောပါတယ်။ သင်တန်းတက်ရောက်ခွင့်ရသူတွေကို သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေး စီစဉ်ပေးမှာဖြစ်တဲ့အပြင် သင်ထောက်ကူပစ္စည်းနဲ့ နယ်က လာရောက်သူတွေကိုလည်း အသွားအပြန်ခရီးစရိတ် ထောက်ပံ့မှာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်…

Read More

ပို့ကုန်ရငွေ ရဲ့ ၃၅ ရာခိုင်နူန်းကို လုပ်ငန်းရှင်တွေ ကြိုက်ရာသုံးစွဲခွင့် ဗဟိုဘဏ်က ပြန်ခွင့်ပြုပြန်

ဩဂုတ် ၆-၂၀၂၂ GG(VOM) ပို့ကုန်ရငွေ ဒေါ်လာကို ရာနူန်းပြည့် မြန်မာကျပ်ငွေလဲလှယ်စရာမလိုတော့ဘဲ ၆၅ ရာခိုင်နူန်းသာ လဲလှယ်ဖို့ ဗဟိုဘဏ်က မနေ့က ဩဂုတ် ၅ ရက်နေ့မှာ တရားဝင် ပြောင်းလဲသတ်မှတ်ပေးလိုက်ပါတယ်။ ကျန်တဲ့ နိုင်ငံခြားသုံးငွေ ၃၅ ရာခိုင်နူန်းကို ပိုကုန်လုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်တဲ့နေရာတွေအတွက် သုံးစွဲခွင့် ရှိကြောင်း ၊ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် ဖြေလျှော့မှု လုပ်ပေးလိုက်တာဖြစ်တယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကပြောပါတယ်။ “ဖြေလျှော့လိုက်တာပေါ့၊အရင်ကမူဝါဒတခုအရ လိုအပ်ချက်အရ၁၀၀ ရာခိုင်နူန်းကို ဘဏ်ကိုရောင်း ခိုင်းတာ။အခုကတော့ ၃၅ ရာခိုင်နူန်းကို သုံးစွဲခွင့်ပေးလိုက်တာပေါ့။ တခြားသော sector တွေမှာလိုအပ်တာတွေသုံးခွင့်ရဖို့အတွက် ပေးလိုက်တာပေါ့ဆိုလိုတာကတော့ ဖြေလျှော့မှုပေးလိုက်တာပေါ့။ ” လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကပြောပါတယ်။ အခုလို ဗဟိုဘဏ်က ပို့ကုန်ရငွေတွေကို ၆၅ ရာခိုင်နူန်းသာ လဲလှယ်ခိုင်းပြီး ၃၅ ရာခိုင်နူန်းကို ပို့ကုန်လုငန်းရှင်ရဲ့နိုင်ငံခြားငွေစာရင်းထဲကိုင်ခွင့်ပြုပြီး သုံးခွင့်ပေးလိုက်တာဟာ ပို့ကုန်သမားတွေအတွက် အရင်ကထက်ပိုအဆင်ပြေကြောင်း…

Read More

ပြင်သစ်မှာ စံချိန်တင်မိုးခေါင်ရေရှားမှုကြောင့် မြို့ပေါင်း ၁၀၀ ကျော် သောက်သုံးရေပြတ်လပ်

ပါရီ၊ သြဂုတ်-၆-၂၀၂၂ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံရှိ မြို့ပေါင်း ၁၀၀ ကျော်မှာ သောက်သုံးရေပြတ်လပ်သွားစေတဲ့ သမိုင်း၀င်မိုးခေါင် ရေရှားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အဖွဲ့ကို ပြင်သစ်အစိုးရက သြဂုတ် ၅ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီမြို့တွေရှိ ရေပေးဝေရေးစနစ်မှာ ဖြန့်ဖြူးဖို့ရေမကျန်ရှိတော့တာကြောင့် ရေသယ်ကားတွေနဲ့ ဖြန့်ဖြူးပေးနေရကြောင်း ပြင်သစ် ဂေဟဗေဒအသွင်ကူးပြောင်းရေး၀န်ကြီး ခရစ်စတိုဖာဘီချူက ပြောပါတယ်။ လက်ရှိအခြေအနေမှာ ပြင်သစ်နိုင်ငံမှာ အဆိုးရွားဆုံးသော စံချိန်တင်မိုးခေါင်ရေရှားမှုဖြစ်ကြောင်း ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပြီး ဒေသ ၉၃ ခုမှာ ရေးအသုံးပြုမှုကို ကန့်သတ်ထားပါတယ်။ မိုးခေါင်ရေရှားမှုအခြေအနေဟာ နောက်ထပ်သီတင်းနှစ်ပတ်ထက်မနည်း ဆက်လက်ရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ အီးဒီအက်ဖ်ဟာ အပူချိန်မြင့်မားမှုကြောင့် နျူကလီးယားဓါတ်အားပေးစက်ရုံအချို့ရဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုကို လျှော့ချခဲ့ရပါတယ်။ ပြင်သစ် ပြည်မကြီးတခွင်လုံးနီးပါးဟာ မိုးခေါင်ရေရှားမှုကြောင့် သီးနှံအထွက်နှုန်းလျော့ကျလျှက်ရှိပြီး ယူကရိန်းစစ်ပွဲကြောင့် စားနပ်ရိက္ခာအခြေအနေ ပိုမိုဆိုးရွားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ Ref:BBC Photo:AFP #voiceofmyanmar…

Read More

မြန်အောင်မှာ ဘုန်းကြီးကျောင်းမီးလောင်ပြီး ကိုရင် ၂ပါးနဲ့ ကလေး ၂ ယောက် မီးလောင်သေဆုံး

ဩဂုတ် ၆-၂၀၂၂ VOM (GG) ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ရေတွင်းကုန်းကျေးရွာက ရေတွင်းကုန်းဘုန်းကြီးကျောင်း နှစ်ထပ်ကျောင်းဆောင်ဟာ ဒီကနေ့ ဩဂုတ် ၆ ရက် မနက်အစော ၁ နာရီလောက်က မီးလောင်မှုဖြစ်ပွားကာ ကိုရင် ၂ ပါးနဲ့ ကလေး ၂ ယောက် မီးလောင်သေဆုံးခဲ့တယ်လို့ မြန်အောင်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ မီးလောင်မှုကြောင့် သေဆုံးခဲ့တာက အသက် ၁၃ နှစ်အရွယ် အရှင်ပညာဘိဝေ၊ အသက် ၁၁ နှစ်အရွယ် အရှင်ဇဝန နဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်ကျော် နဲ့ မောင်မိုးသက်နိုင် အသက် ၅နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။ ” မီး စတင်လောင်တာက ၁၂ နာရီ ၅၀ ပါ။ သတင်းရတာက ၁ နာရီ ၊ မီးထိန်းနိုင်တဲ့အချိန်က…

Read More
VOM News

FREE
VIEW