ပြင်သစ်မှာ စံချိန်တင်မိုးခေါင်ရေရှားမှုကြောင့် မြို့ပေါင်း ၁၀၀ ကျော် သောက်သုံးရေပြတ်လပ်

ပါရီ၊ သြဂုတ်-၆-၂၀၂၂
မျိုးဆက်(VOM)

ပြင်သစ်နိုင်ငံရှိ မြို့ပေါင်း ၁၀၀ ကျော်မှာ သောက်သုံးရေပြတ်လပ်သွားစေတဲ့ သမိုင်း၀င်မိုးခေါင် ရေရှားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အဖွဲ့ကို ပြင်သစ်အစိုးရက သြဂုတ် ၅ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီမြို့တွေရှိ ရေပေးဝေရေးစနစ်မှာ ဖြန့်ဖြူးဖို့ရေမကျန်ရှိတော့တာကြောင့် ရေသယ်ကားတွေနဲ့ ဖြန့်ဖြူးပေးနေရကြောင်း ပြင်သစ် ဂေဟဗေဒအသွင်ကူးပြောင်းရေး၀န်ကြီး ခရစ်စတိုဖာဘီချူက ပြောပါတယ်။

လက်ရှိအခြေအနေမှာ ပြင်သစ်နိုင်ငံမှာ အဆိုးရွားဆုံးသော စံချိန်တင်မိုးခေါင်ရေရှားမှုဖြစ်ကြောင်း ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပြီး ဒေသ ၉၃ ခုမှာ ရေးအသုံးပြုမှုကို ကန့်သတ်ထားပါတယ်။

မိုးခေါင်ရေရှားမှုအခြေအနေဟာ နောက်ထပ်သီတင်းနှစ်ပတ်ထက်မနည်း ဆက်လက်ရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ အီးဒီအက်ဖ်ဟာ အပူချိန်မြင့်မားမှုကြောင့် နျူကလီးယားဓါတ်အားပေးစက်ရုံအချို့ရဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုကို လျှော့ချခဲ့ရပါတယ်။

ပြင်သစ် ပြည်မကြီးတခွင်လုံးနီးပါးဟာ မိုးခေါင်ရေရှားမှုကြောင့် သီးနှံအထွက်နှုန်းလျော့ကျလျှက်ရှိပြီး ယူကရိန်းစစ်ပွဲကြောင့် စားနပ်ရိက္ခာအခြေအနေ ပိုမိုဆိုးရွားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

Ref:BBC
Photo:AFP
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW