တရုတ်စစ်လေယာဉ်သုံးစင်းကို ပထမဆုံးအကြိမ်အဖြစ် ထိုင်၀မ်စစ်တပ်က သတိပေးပစ်ခတ်၊ ကျူးကျော်လာရင် တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့ ပြော

တိုင်ပေ၊ သြဂုတ်-၃၁-၂၀၂၂
မျိုးဆက်(VOM)

ထိုင်၀မ်ကပိုင်ဆိုင်တဲ့ ကျွန်းတွေပေါ်မှာ ၀င်ရောက်ပျံသန်းနေတဲ့ တရုတ်စစ်တပ်က မောင်းသူမဲ့လေယာဉ်တွေကို ထိုင်၀မ်စစ်တပ်က ပထမဆုံးအကြိမ် သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလိုပစ်ခတ်ပြီးနောက် မောင်းသူမဲ့လေယာဉ်သုံးစင်းဟာ တရုတ်ပြည်မကြီးဘက်ကို ပျံသန်းသွားတယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တရုတ်စစ်လေယာဉ်နဲ့ သင်္ဘောတွေ ပိုင်နက်ထဲ၀င်လာမယ်ဆိုရင် အနာဂတ်မှာ တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြောင်း ထိုင်၀မ်က သြဂုတ် ၃၁ ရက်မှာ သတိပေးပြောဆိုထားပါတယ်။

မကြာသေးခင်ကလတွေအတွင်း တရုတ်ပြည်မကြီးအနီးမှာရှိတဲ့ ထိုင်၀မ်ကပိုင်ဆိုင်တဲ့ကျွန်းတွေအနီးမှာ တရုတ်စစ်တပ်က မောင်းသူမဲ့လေယာဉ်တွေ ပျံသန်းမှုအပေါ် ထိုင်၀မ်ဘက်က ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်ပြီးနောက်ပိုင်းမှာ ထိုင်၀မ်ကျွန်းအနီးမှာ တရုတ်စစ်တပ်က အကြီးစားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီးနောက် ရေလက်ကြားမှာ တင်းမာမှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။

သမ္မတဆိုင်အင်း၀မ်ကတော့ ထိုင်၀မ်ကျွန်းကို ကာကွယ်မှုတွေကို အဆင့်မြှင့်တင်သွားမယ်လို့ ကတိပြုထားပြီး ဒေါ်လာ ၁၉ ဘီလီယံတန်ဖိုးရှိ စံချိန်တင်ကာကွယ်ရေးအသုံးစရိတ်ကို ပြီးခဲ့တဲ့သီတင်းပတ်က အဆိုပြုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW