ဒေါ်နယ်ထရန့်ရဲ့ Truth Social လူမှုကွန်ရက် Google Play Store မှ ဖယ်ရှားခံရ

ဝါရှင်တန်၊ သြဂုတ်-၃၁-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်တည်ထောင်ထားတဲ့ Truth Social လူမှုကွန်ရက်ပလက်ဖောင်းဟာ Google Play Store ကနေ ဖယ်ရှားခံလိုက်ရပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ ဆိုရှယ်ပလက်ဖောင်းသစ်ဟာ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုကိုလှုံ့ဆော်တဲ့ အကြောင်းအရာတွေကို တားမြစ်တဲ့မူဝါဒကို ချိုးဖောက်နေတယ်လို့ Google က ထုတ်ပြန်ထားပါတယ်။ Truth Social ကို ဂူဂဲက တားမြစ်ပိတ်ပင်လိုက်တာကြောင့် အန်းဒရိုက်ဖုန်းသုံးစွဲသူတွေအတွက် အဲဒီအက်ပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲဖို့ ခက်ခဲသွားစေမှာဖြစ်ပါတယ်။ အက်ပလီကေးရှင်းကို အက်ပဲ၏ အက်ပလီကေးရှင်းစတိုးမှာ ဖေဖော်ဝါရီလက စတင်ဖြန့်ချိခဲ့ပေမယ့်လည်း ပြသနာတွေနဲ့ လုံးပန်းနေခဲ့ရပါတယ်။ သတ်မှတ်ထားတဲ့ မူဝါဒတွေကို ချိုးဖောက်ခြင်းနဲ့ပတ်သက်ပြီး Truth Social ထံသို့ သြဂုတ် ၁၉ ရက်မှာ အကြောင်းကြားခဲ့ကြောင်း Google ကပြောပါတယ်။ ဒီပြသနာကိုဖြေရှင်းဖို့အတွက် Truth Social ကိုအကြံပြုထားကြောင်း ဂူဂဲက ပြောကြားထားပြီး Truth Social…

Read More

တရုတ်စစ်လေယာဉ်သုံးစင်းကို ပထမဆုံးအကြိမ်အဖြစ် ထိုင်၀မ်စစ်တပ်က သတိပေးပစ်ခတ်၊ ကျူးကျော်လာရင် တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့ ပြော

တိုင်ပေ၊ သြဂုတ်-၃၁-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်ကပိုင်ဆိုင်တဲ့ ကျွန်းတွေပေါ်မှာ ၀င်ရောက်ပျံသန်းနေတဲ့ တရုတ်စစ်တပ်က မောင်းသူမဲ့လေယာဉ်တွေကို ထိုင်၀မ်စစ်တပ်က ပထမဆုံးအကြိမ် သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုပစ်ခတ်ပြီးနောက် မောင်းသူမဲ့လေယာဉ်သုံးစင်းဟာ တရုတ်ပြည်မကြီးဘက်ကို ပျံသန်းသွားတယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ တရုတ်စစ်လေယာဉ်နဲ့ သင်္ဘောတွေ ပိုင်နက်ထဲ၀င်လာမယ်ဆိုရင် အနာဂတ်မှာ တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြောင်း ထိုင်၀မ်က သြဂုတ် ၃၁ ရက်မှာ သတိပေးပြောဆိုထားပါတယ်။ မကြာသေးခင်ကလတွေအတွင်း တရုတ်ပြည်မကြီးအနီးမှာရှိတဲ့ ထိုင်၀မ်ကပိုင်ဆိုင်တဲ့ကျွန်းတွေအနီးမှာ တရုတ်စစ်တပ်က မောင်းသူမဲ့လေယာဉ်တွေ ပျံသန်းမှုအပေါ် ထိုင်၀မ်ဘက်က ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်ပြီးနောက်ပိုင်းမှာ ထိုင်၀မ်ကျွန်းအနီးမှာ တရုတ်စစ်တပ်က အကြီးစားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီးနောက် ရေလက်ကြားမှာ တင်းမာမှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။ သမ္မတဆိုင်အင်း၀မ်ကတော့ ထိုင်၀မ်ကျွန်းကို ကာကွယ်မှုတွေကို အဆင့်မြှင့်တင်သွားမယ်လို့ ကတိပြုထားပြီး ဒေါ်လာ ၁၉ ဘီလီယံတန်ဖိုးရှိ စံချိန်တင်ကာကွယ်ရေးအသုံးစရိတ်ကို ပြီးခဲ့တဲ့သီတင်းပတ်က အဆိုပြုထားပါတယ်။ Ref: BBC…

Read More

ကော့ကရိတ်မှာ ညနေ ၆ နာရီနောက်ပိုင်း လမ်းမပေါ်ထွက်ခွင့်ပိတ်လိုက်လို့ လက်လုပ်လက်စားတွေနဲ့ ပရဟိတသမားတွေ အခက်အခဲဖြစ်

ဩဂုတ် ၃၁-၂၀၂၂ VOM (GG) ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်ကို ညနေ ၆ နာရီကစပြီး မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ၁၄၄ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မနေ့ ဩဂုတ်၃၀ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ အခုလို ညနေ ၆ နာရီအထိသာအပြင်ထွက်ခွင့်ပြုခြင်းဟာ မိသားစု စားဝတ်နေရေးအတွက် နေ့စဥ်လုပ်ကိုင်နေရတဲ့ လက်လုပ်လက်စားသမားတွေအတွက်တော့ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ” ညနေ ၆ နာရီကတော့ လွန်သွားပြီလေ၊ကျနော်တို့ အလုပ်သမားတွေ မနက် ၇ နာရီခွဲအရောက်သွားရတယ်၊ ညနေဆို ၅ နာရီ၊ ၅ ခွဲ၊ တခါတလေ ၆ နာရီမှပြန်ရတာရှိတယ်။အဲ့ဒီတော့ ၆ နာရီအိမ်ပြန်မရောက်ဘဲ လမ်းပေါ်ပဲရှိနေသေးရင် ဘယ်လိုဖြေရှင်းရမလဲ။အလုပ်လုပ်နေရင်းတောင် မလောက်ငှတာ “လို့ ကော်ကရိတ်မြို့နယ်က လက်လုပ်လက်စား လုပ်ကိုင်သူတဦးကပြောပါတယ်။ နောက်ပြီး ည…

Read More

စစ်အေးတိုက်ပွဲ အဆုံးသတ်စေခဲ့သူ ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂေါ်ဘာချော့ဗ် ကွယ်လွန်

မော်စကို၊ သြဂုတ်-၃၁-၂၀၂၂ မျိုးဆက်(VOM) စစ်အေးတိုက်ပွဲကို ငြိမ်းချမ်းစွာ အဆုံးသတ်စေခဲ့တဲ့ ဆိုဗီယက်ခေါင်းဆောင်ဟောင်း အသက် ၉၁ နှစ်အရွယ် မီခေးလ်ဂေါ်ဘာချော့ဗ်ဟာ သြဂုတ် ၃၀ ရက်မှာ ကွယ်လွန်သွားပါတယ်။ ၁၉၈၅ ခုနှစ်မှာ အာဏာရခဲ့တဲ့ မစ္စတာဂေါ်ဘာချော့ဗ်ဟာ ဆိုဗီယက်ယူနီယံကို ပြုပြင်ပြောင်းလဲမှုတွေကို စတင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခေတ်သစ်ရုရှားနိုင်ငံပေါ်ပေါက်ခဲ့တဲ့ ဆိုဗီယက်ယူနီယံ တဖြည်းဖြည်း ပြိုကွဲမှုကို တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဂေါ်ဘာချော့ဗ်ဟာ ကြင်နာမှုရှိတဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့သူဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဂုဏ်ပြုပြောဆိုပါတယ်။ ဆိုဗီယက်ယူနီယံနဲ့ ဗြိတိန်အပါအ၀င် အနောက်နိုင်ငံတွေအကြားတင်းမာမှုတွေ ပြင်းထန်နေချိန်ဖြစ်တဲ့ ၁၉၉၁ နှစ်မှာ စစ်အေးတိုက်ပွဲအဆုံးသတ်ရေး အခြေအနေတွေကို ဖန်တီးပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဗိသုကာအဖြစ် သူ့ကို အနောက်နိုင်ငံတွေက ရှုမြင်ခဲ့ကြပါတယ်။ သူဟာ အရှေ့-အနောက် ဆက်ဆံရေးတွေမှာ အရေးပါတဲ့ အပြောင်းအလဲတွေကို ဦးဆောင်ခဲ့တဲ့အတွက် ၁၉၉၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။…

Read More

အင်းစိန်နဲ့ဒလမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရာအိမ်မှူး(၁)ဦးသေ၊ (၅)ဦးဒဏ်ရာရ

သြဂုတ် ၃၁၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ အင်းစိန်နဲ့ ဒလမြို့နယ်မှာ မနေ့ ဩဂုတ် ၃၀ရက်က ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရာအိမ်မှူးတဦးသေဆုံးကာ ဒုတိယမြို့နယ်ဥပဒေအရာရှိအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်စျေးနဲ့ လဟာပြင်စျေးအကြားမှာ မနေ့နေ့လယ်ပိုင်းက အကျဥ်းထောင်ထဲကနေထွက်လာတဲ့ မြို့နယ်တရားသူကြီးနဲ့ဒုတိယမြို့နယ်ဥပဒေအရာရှိနှစ်ဦးလိုက်ပါတဲ့ကား အပစ်ခံရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “နှစ်ဦးထိပြီး ဆေးရုံပို့တာမြင်တယ်၊ တဦးကတော့ ဥပဒေအရာရှိ နောက်တဦးက မသိဘူး၊ အင်းစိန်ဆေးရုံနဲ့ မြောက်ဥက္ကလာ ဆေးရုံကို ပို့တာ”လို့ ပြောပါတယ်။ ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်မှာ မနေ့ညပိုင်းကလည်း လ္ဘက်ရည်ဆိုင်ထိုင်နေတဲ့ ရာအိမ်မှူးဦးမင်းဦးအပါအဝင် လူ ၄ဦး ပစ်ခတ်ခံရပြီး ရာအိမ်မှူး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “သေတာက ရာအိမ်မှူး ကျန်တဲ့သုံးယောက်က အုပ်ချုပ်ရေးပိုင်းကလား ဘယ်ကလဲတော့မသိဘူး၊ သူတို့လည်း ဒဏ်ရာရလို့ ဒလဆေးရုံမှာ တင်ထားတယ်”လို့…

Read More

လေကြောင်းလိုင်း၂ခုက လက်မှတ်ခကို တဒေါ်လာ ၃၀၀၀ကျပ်နဲ့ ကောက်ခံသွားမယ်လို့ ကြေညာထား

ဩဂုတ် ၃၁-၂၀၂၂ VOM (GG) မြန်မာနေရှင်နယ်လေကြောင်းလိုင်း MAI နဲ့ Air KBZ လေကြောင်းလိုင်းတွေက လေယာဥ်လက်မှတ်ခပေးချေတဲ့အခါ အမေရိကန် တဒေါ်လာကို ၃၀၀၀ ကျပ် အထက်နူန်းနဲ့ကောက်ခံသွားမှာဖြစ်တယ်လို့ မနေ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ တရားဝင်အသိပေးကြေညာထားပါတယ်။ MAI ထုတ်ပြန်ချက်မှာတော့ အရောင်းကိုယ်စားလှယ်တွေရဲ့လေယာဥ်လက်မှတ်ရောင်းချမှုတွေအတွက် USD Deposit ပေးသွင်းခြင်းကို တဒေါ်လာ ၃၀၀၀ ကျပ်နဲ့ညီမျှတဲ့ ကျပ်ငွေ ဒါမှမဟုတ် နဲ့ mobile banking စနစ်နဲ့ပေးသွင်းရမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။ ” လက်မှတ်ခကို မြန်မာငွေနဲ့ချေလို့ရတယ်။ချေရင် တဒေါ်လာကို ၃၀၃၀ လောက်တော့အနည်းဆုံးရှိမယ်။လက်မှတ်ဝယ်တဲ့အခါ ငွေချေမယ်ဆိုရင် ကျသင့်တဲ့ပမာဏအတိအကျ ပြပါတယ်။အဆင်ပြေရင်ငွေချေလို့ရတယ် ပယ်ဖျက်လို့ရပါတယ် ” လို့ MAI က ဝန်ထမ်းတဦးကရှင်းပြပါတယ်။ Air KBZ ကတော့ ဒီနေ့ သြဂုတ် ၃၁ ရက်ကစပြီး အမေရိကန်…

Read More

စစ်ကိုင်းတိုင်းမှာ နယ်စပ်ကုန်သွယ်ရေးကားတွေ လုယက်ခံရတာ သြဂုတ်လအတွင်း ၇ ကြိမ်အထိရှိခဲ့

သြဂုတ် ၊ ၃၁ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ ၊ တင်နိုဗယ်လ် ခရိုင် ၊ မိုးရေးမြို့ကို ကုန်သွယ်နေတဲ့ ၊ နယ်စပ်ကုန်သွယ်ရေး ကားတွေ လုယက်ခံရတာ အခု သြဂုတ်လအတွင်း ၇ စီးထက်မနည်း ရှိခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “မနေ့ သြဂုတ်၃၀ ညနေ ၄ နာရီဝန်းကျင်မှာ မိုးရေးကို ကုန်ပို့ပြီး ညစျေးဝယ်ပြန်လာတဲ့ မန်ထော်ကျေးရွာက ကိုဆန်းလင်းအောင် မောင်းလာတဲ့ကားဟာ ကွန်းတောင်ရွာနားအရောက်မှာ လုခံရတယ် ၊ ကားရော ကားပေါ်က ပစ္စည်းတွေပါ လုယူခံရတာဖြစ်တယ် ၊ နောက်ပြီး ကားသမား ကိုဆန်းလင်းအောင်လည်း ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံရတယ် ၊ ဒီမနက်အထိ အဆက်အသွယ်မရသေးဘူး “လို့ တမူးမြို့ခံ ကုန်သည်တယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး…

Read More
VOM News

FREE
VIEW