ဒေါ်နယ်ထရန့်ရဲ့ Truth Social လူမှုကွန်ရက် Google Play Store မှ ဖယ်ရှားခံရ

ဝါရှင်တန်၊ သြဂုတ်-၃၁-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်တည်ထောင်ထားတဲ့ Truth Social လူမှုကွန်ရက်ပလက်ဖောင်းဟာ Google Play Store ကနေ ဖယ်ရှားခံလိုက်ရပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ ဆိုရှယ်ပလက်ဖောင်းသစ်ဟာ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုကိုလှုံ့ဆော်တဲ့ အကြောင်းအရာတွေကို တားမြစ်တဲ့မူဝါဒကို ချိုးဖောက်နေတယ်လို့ Google က ထုတ်ပြန်ထားပါတယ်။

Truth Social ကို ဂူဂဲက တားမြစ်ပိတ်ပင်လိုက်တာကြောင့် အန်းဒရိုက်ဖုန်းသုံးစွဲသူတွေအတွက် အဲဒီအက်ပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲဖို့ ခက်ခဲသွားစေမှာဖြစ်ပါတယ်။

အက်ပလီကေးရှင်းကို အက်ပဲ၏ အက်ပလီကေးရှင်းစတိုးမှာ ဖေဖော်ဝါရီလက စတင်ဖြန့်ချိခဲ့ပေမယ့်လည်း ပြသနာတွေနဲ့ လုံးပန်းနေခဲ့ရပါတယ်။ သတ်မှတ်ထားတဲ့ မူဝါဒတွေကို ချိုးဖောက်ခြင်းနဲ့ပတ်သက်ပြီး Truth Social ထံသို့ သြဂုတ် ၁၉ ရက်မှာ အကြောင်းကြားခဲ့ကြောင်း Google ကပြောပါတယ်။

ဒီပြသနာကိုဖြေရှင်းဖို့အတွက် Truth Social ကိုအကြံပြုထားကြောင်း ဂူဂဲက ပြောကြားထားပြီး Truth Social ဘက်ကတော့ မှတ်ချက်ပြုတုံ့ပြန်ပြောဆိုမျိုး မရှိသေးပါဘူး။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW