သြဂုတ် ၊ ၁၂ ၊ ၂၀၂၂ SP(VOM)) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ် အစပ်က ဆယ်ဇင်းရွာမှာ ၅ ရက်ကြာ တိုက်ပွဲတွေဖြစ်ပြီးနောက် မနေ့ သြဂုတ် ၁၁ ရက်က သိရတဲ့ ကိန်းဂဏန်းတွေအရ သေဆုံးသူ အရပ်သာ ၃၀ ကျော်နဲ့ လူနေအိမ် ၄ ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆင်ဇင်း ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဆယ်ဇင်မှာက ရပ်ကွက် ၅ ခုရှိတယ် ၊ မီးလောင်မှုအများဆုံး ရပ်ကွက်တွေက ၊ ရက်ကွက် ၃ ၊ ရပ်ကွက် ၄ နဲ့ ရပ်ကွက်မှာ ၅ မှာဖြစ်တယ် ၊ ရပ်ကွက်…
Read MoreMonth: August 2022
ရုရှားလေတပ်စခန်းမှာ ပေါက်ကွဲမှု စစ်လေယာဉ် အမြောက်အများ ပျက်စီးခဲ့
မော်စကို၊ သြဂုတ်-၁၁-၂၀၂၂ မျိုးဆက်(VOM) ယခုသီတင်းပတ်အတွင်းက ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ကရိုင်းမီးယားဒေသမှာရှိတဲ့ ရုရှားလေတပ်အခြေစိုက်စခန်းမှာ ပျက်စီးမှုကြီးကြီးမားမားဖြစ်ပွားခဲ့ပြီး စစ်လေယာဉ်အမြောက်အများ ပျက်စီးသွားတယ်လို့ ဂြိုဟ်တုဓါတ်ပုံတွေမှာ ဖော်ပြထားပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားအနောက်ဘက်ရှိ ဆာကီလေတပ်အခြေစိုက်စခန်းမှာ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး လူတဦးသေဆုံးခဲ့ပါတယ်။ အခြေစိုက်ခန်းရဲ့ လေယာဉ်ပြေးလမ်းတွေ ပျက်စီးသွားပုံမရပေမယ့် လေယာဉ်ရှစ်စင်းထက်မနည်း မီးလောင်ပျက်စီးနေတဲ့ ပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဒါဟာ သေချာပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ သဘောဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် Planet Labs ရဲ့ ဂြိုဟ်တုဓါတ်ပုံတွေမှာတော့ ပျက်စီးမှုတွေကို အသေးစိတ်ဖော်ပြထားပါတယ်။ ပျက်စီးသွားတဲ့ လေယာဉ်အများစုဟာ လေယာဉ်အများအပြားရပ်နားထားတဲ့ လေဆိပ်ရဲ့ သီးခြားနေရာမှာဖြစ်ပါတယ်။ ရုရှားကတော့ ဒီပေါက်ကွဲမှုဟာ သိုလှောင်ရုံတခုမှာရှိတဲ့ လက်နက်ခဲယမ်းတွေ ပေါက်ကွဲမှုကြောင့်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #မော်စကို
Read Moreကွန်ဂိုမှာ အကျဉ်းထောင်ကို သူပုန်တွေတိုက်ခိုက်မှု အကျဉ်းသား ၈၀၀ ကျော်လွတ်မြောက်နေ
ကင်ရှာဆာ၊ သြဂုတ်-၁၁-၂၀၂၂ မျိုးဆက်(VOM) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ လက်နက်ကိုင်သူပုန်တွေက အကျဉ်းထောက်ကို တိုက်ခိုက်ခဲ့မှုကြောင့် ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသား ၈၀၀ ကျော်ကို ရှာဖွေလျှက်ရှိကြောင်း တာ၀န်ရှိသူတွေက သြဂုတ် ၁၀ ရက်မှာ ပြောပါတယ်။ နိုင်ငံမြောက်ပိုင်း ကီဗူပြည်နယ်ရှိ ကာကွမ်ဂူရာဗဟိုအကျဉ်းထောင်အား လက်နက်ကိုင်သူပုန်တွေက တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့၀င်နှစ်ဦးလည်း သေဆုံးသွားကြောင်း ကွန်ဂိုစစ်တပ်နဲ့ အခြားသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်အတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၅၀ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အေဒီအက်ဖ်အဖွဲ့တွေ တိုက်ခိုက်မှုကြောင့် လွတ်မြောက် သွားသူတွေထဲမှာ သူပုန်ခေါင်းဆောင်တဦးလည်း ပါ၀င်ပါတယ်။ လက်နက်ကိုင်သူပုန် ၈၀ ခန့်ဟာ အကျဉ်းထောင်ကို တစ်နာရီ မိနစ် ၃၀ ကြာတိုက်ခိုက်မှုအတွင်း သူတို့အဖွဲ့မှ အဖွဲ့၀င် အမျိုးသမီး ၁၂ ဦးအပါအ၀င် အခြားအကျဉ်းသားအများအပြား လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ကွန်ဂိုစစ်တပ် ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ လက်နက်ကိုင်အဖွဲ့မှ သုံးဦးဟာ…
Read Moreစစ်ကိုင်းမြို့နယ်မှာ လူသတ်၊ လုယက်၊ အိမ်မီးရှို့ခံရလို့ လူ ၃ ဦးသေဆုံး
သြဂုတ် ၊ ၁၁ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ချိုင်ကြီးကျေးရွာမှာ မနေ့ သြဂုတ် ၁၀ ရက် ၊ မနက် ၄ နာရီဝန်းကျင်က မိသားစု ၃ ယောက်ကို သတ်ပြီး အိမ်တွင်းပစ္စည်းတွေ လုယူသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ချိုင်ကြီးရွာမှာ လူသတ်လုယက်မှုဖြစ်တာပါ၊အိပ်ပျော်နေတဲ့ အိမ်ရှင်မိသားစု ၃ ယောက်ကို သတ်ပြီး ရွှေထည်ပစ္စည်း ၊ ပိုက်ဆံ နဲ့ ဖုန်းတွေ လုယူသွားတယ် ၊ သေဆုံးသူတွေကတော့ ဦးသန်းအေး ၊ သူ့ချွေးမ ဒေါ် ခင်စန်းစန်းဌေးနဲ့ သူ့ရဲ့သမီး ကျောင်းသူ မဝတ်မှုံဖူး ၁၅ နှစ်တို့ ၃ ဦးဖြစ်တယ် ” လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။…
Read Moreကြွက်စုတ်တွေမှာ အများဆုံးတွေ့ရတဲ့ဗိုင်းရပ်စ် လူကိုကူးစက်မှု တရုတ်နိုင်ငံအရှေ့ပိုင်းမှာဖြစ်ပွားနေ
ပေကျင်း၊ သြဂုတ်-၁၁-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံအရှေ့ပိုင်းမှာ တိရိစ္ဆာန်ကတဆင့် လူဒါဇင်များစွာ ကူးစက်ခံခဲ့ရတဲ့ ဗိုင်းရပ်စ်သစ်တမျိုးနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက ခြေရာခံလေ့လာနေကြပါတယ်။ လန်ယာဟန်နီပါဗိုင်းရပ်စ် (LayV) ကို တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်နဲ့ ဟီနန်ပြည်နယ်တို့ရှိ လူ ၃၅ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိထားပြီး အများစုမှာ ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ချောင်းဆိုးခြင်း စတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရပါတယ်။ လူနာတွေဟာ တိရိစ္ဆာန်တွေကတဆင့် ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း အဲဒီဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်ကနေ လူသားတွေကို ကူးစက်တဲ့ အထောက်အထား အရင်ကမရှိခဲ့ပါဘူး။ ဒီဗိုင်းရပ်စ်ကို ကြွက်စုတ်တွေမှာ အများဆုံးတွေ့ရလေ့ရှိပြီး ၂၇ ရာခိုင်နှုန်း၊ ပွေးနဲ့တူတဲ့ နို့တိုက်သတ္တဝါတွေမှာ သဘာ၀အရ အများဆုံးခိုအောင်းနိုင်ပြီး ခွေးမှာ ငါးရာခိုင်နှုန်းနဲ့ ဆိတ်မှာ နှစ်ရာခိုင်နှုန်း တွေ့ရှိရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ လူတွေကို ကူးစက်တတ်သောရောဂါသစ် သို့မဟုတ် ဖြစ်ပွားလာတဲ့…
Read Moreဆီဆိုင်မြို့က တိုက်ပွဲရှောင်စခန်းတွေဟာ အမိုးအကာမလုံလောက်မှုကြောင့် ရာသီဥတုဒဏ်ကို ဆိုးရွားစွာခံနေရ
သြဂုတ် ၊ ၁၁ ၊ ၂၀၂၂ SP (VOM) ရှမ်းပြည်နယ်တောင်ပိုင်း ၊ပအိုင်းအုပ်ချုပ်ခွင့်ဒေသ ၊ ဆီဆိုင်မြို့နယ်ထဲက တိုက်ပွဲရှောင်တွေဟာ အမိုးအကာ မလုံလောက်တာကြောင့် ရာသီဥတုဒဏ်ကို ဆိုးရွားစွာခံနေရတယ်လို့ ဆီဆိုင်မြို့ခံ တိုက်ပွဲရှောင် လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” စစ်ရှောင် ၅ ထောင်ကျော်ရှိတယ် ၊ ယာယီမိုးကာတဲတွေနဲ့ နေထိုင်ရတယ် ၊ ဒီနှစ်က မိုးအဆက်မပြတ်ရွာတော့ သူတို့မှာ ပါလာတဲ့ မိုးကာတွေနဲ့ မလုံလောက်တော့ဘူး ၊ ဆီဆိုင်ဒေသခံတွေက စုပေါင်းပြီး စစ်ရှောင်တွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်ကို ကူညီပေးပေမယ့် လောက်ငှအောင် မတတ်နိုင်တာကြောင့် ကူညီပေးမယ့်သူတွေ လိုအပ်နေတာပါ “လို့ တိုက်ပွဲရှောင်တွေကိုကူညီပေးနေတဲ့ ဆီဆိုင်မြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကရင်နီပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့နယ်ထဲကို ခိုလှုံနေထိုင်ဖို့ထွက်ပြေးတိမ်းရှောင်လာကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ “ဆီဆိုင်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတာ…
Read Moreဗန်းမော်မြို့မှာ ၃ နေရာ ဗုံးပေါက်ကွဲပြီး လူ ၄ဦး ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် သေဆုံးခဲ့
သြဂုတ် ၊ ၁၀-၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ စုပေါင်းရုံး ၊ ရဲဝန်ထမ်းအိမ်ယာ နဲ့ အင်းဝဘဏ် ပတ်ဝန်းကျင်နေရာတွေမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲတာတွေဖြစ်ခဲ့ပြီး လူ၄ ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ” ရုံး စတက်ပြီး လူစုံတဲ့အချိန် ၁၁ ဝန်းကျင်မှာ ပေါက်ကွဲတာပါ ၊ ပေါက်ကွဲတာက စုပေါင်းရုံး ၊ ထွေ/အုပ်ရုံးဘက်က ဆိုင်ကယ်စတင်းနေရာမှာ ပေါက်ကွဲတာ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အနားမှာရှိတဲ့ ဆိုင်ကယ် ရပ်ထားတဲ့ ဆိုင်ကယ်တွေ မီးလောင်တယ်၊ ဆိုင်ကယ်လာထားတဲ့ မြေစာရင်း ဝန်ထမ်း ၁ ဦး ထိမှန် ဒဏ်ရာရတယ်”လို့ စုပေါင်းရုံးဝန်ထမ်းတယောက်ကပြောပါတယ်။ ပေါက်ကွဲမှုကြောင့် မီးစွဲလောင်တဲ့ ဆိုင်ကယ်တွေကို မီးငြိမ်းသတ်ဖို့ မီးသတ်ကားနဲ့ ရေသယ်ကားတွေရောက်လာပြီး မီးငြိမ်းသတ်တဲ့အချိန်မှာ…
Read Moreဆယ်ဇင်းရွာမှာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် နေအိမ် ၄ ရာကျော် မီးရှို့ခံရ
သြဂုတ် ၊ ၁၀ ၊ ၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် နဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ် အစပ်က ဆယ်ဇင်းရွာမှာ ၃ ရက်ကြာ တိုက်ပွဲတွေဖြစ်ပြီးနောက် ရွာထဲက လူနေအိမ် ၄ ရာကျော်ဟာ ဒီကနေ့ မနက်ခင်းထိ မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဆယ်ဇင်းကို ကုန်စည်ပို့ဆောင်ရင်း ရောက်နေတဲ့ ရေယာဥ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” အခုလ ၇ ရက် မနက်အစောပိုင်းက စလို့ ဆယ်ဇင်းမှာ တိုက်ပွဲတွေဖြစ်တယ် ၊ စစ်သားတွေရောနေတဲ့ ရဲကင်းစခန်းကို အမည်မသိအဖွဲ့တွေက ဝင်တိုက်တာ ၊ တနေ့က (အခုလ ၈ ရက်နဲ့ ၉ ရက်) နဲ့ မနေ့ကစလို့ တိုက်လေယာဥ်တွေနဲ့ပါ ပစ်တယ် ၊ မနေ့က…
Read Moreမျောက်ကျောက်ရောဂါ မြန်မာနိုင်ငံကို ကူးစက်မှုမရှိဖို့နဲ့ ကာကွယ်ဆေးရဖို့ လုပ်နေတယ်လို့သိရ
ဩဂုတ် ၁၁-၂၀၂၂ GG(VOM) မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံကို ကူးစက်မှုရှိမလာအောင် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်နေသလို ရောဂါတွေ့ရှိလာရင် ကုသဖို့အတွက် ကြိုတင်ပြင်တင်မှုတွေ ပြုလုပ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ပြည်တွင်းမှာ မျောက်ကျောက်ကူးစက်မှုတွေ့ရှိပါက ကုသဖို့အတွက် ဆေးရုံတွေပြင်ဆင်ထားသလို ကိုဗစ်-၁၉ရောဂါအတွက် RDT စစ်ဆေးမှုနဲ့အတူ မျောက်ကျောက်ရောဂါလက္ခဏာ စစ်ဆေးခြင်းကိုပါ ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ” လူနာတွေ့ရင်ကုသဖို့အတွက် ဆေးရုံတွေပြင်ဆင်ထားတယ်။သီးသန့် ခွဲခြားပြီး ဘယ်လိုကုမလဲ၊ ထပ်မကူးအောင် ဘယ်လိုလုပ်မလဲ၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဥ်အရ သွားတာပေါ့ ၊ကျနော်တို့ စစ်ဆေးမှုတွေလည်း လုပ်နေတယ်၊ ပြီးခဲ့တဲ့ လထဲကပေါ့ အထူးသဖြင့်မျောက်ကျောက် ဒီလိုမျိုးလက္ခဏာတွေနဲ့လာတဲ့လူ ၂၈ ယောက်ကို PCR run ပြီးပြီ မတွေ့သေးပါဘူး”လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ ဒါ့အပြင် မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးရရှိဖို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ အာဆီယံအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ လက်ရှိမှာတော့…
Read Moreဧရာဝတီတိုင်းထဲက ခရိုင် ၅ ခုလောက်မှာ စပါးအပင်ဖျက်ရောဂါတွေ ကျရောက်နေပြန်
သြဂုတ် ၁၁-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းထဲက ခရိုင် ၅ ခုလောက်မှာ စိုက်ပျိုးပြီး စပါးခင်းတွေမှာ စပါးပင်ဖျက်ရောဂါတွေကျရောက်နေလို့ ဒေသခံတောင်သူတွေအခက်အခဲဖြစ်ပေါ်နေကြရတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ ”ရွှေခရုတွေကျလို့ ရှိတဲ့ပိုက်ဆံလေးနဲ့ ဆေးဝယ်သုံး ရွှေခရုတွေနှိမ့်နင်းလုပ်ပြီးပြန်တော့ အခုထပ်ပြီး ရောဂါပိုးတွေ ကျလာပြန်တော့ လယ်သမားလုပ်ရတာလည်းဒုက္ခ ပင်လယ်ဝေနေတယ်၊စပါးအပင်တွေကခြောက်လာပြီး အရွက်တွေဝါပြီးတော့ အပင်တွေကျိုးကျကုန်တာပါ၊ အဲ့ဒီလိုဖြစ်တာကို ရွက်ညိုဂုတ်ကျိုးရောဂါလို့ခေါ်ပါတယ်၊ စက်သုံးဆီဈေးကတက်၊ဓာတ်မြေသြဇာဈေးကလည်း တက်ရှိတာလေးနဲ့စိုက်ထားတာအခုတော့ ဘာမှဝယ်မသုံးနိုင်တော့လို့ ထိုင်ကိုကြည့်နေရပါတယ်။”လို့ ဖျာပုံဖြို့မှ တောင်သူတဦးကပြောပါတယ်။ ဧရာဝတီတိုင်းထဲကမြောင်းမြခရိုင်မှာ စပါးဧက ၁၃၀၀ ၊ ပုသိမ်ခရိုင်မှာ စပါး ဧက ၁၂၀၀ ၊ လပွတ္တာခရိုင်မှာ စပါး ဧက ၆၀၀၊ မအူပင်ခရိုင်မှာ စပါး ဧက ၁၂၀၀၊ ဖျာပုံခရိုင်မှာ စပါးဧက ၇၀၀ စတဲ့ခရိုင်တွေထဲက စိုက်ထားပြီးစပါးခင်းတွေမှာ သြဂုတ်လ ပထမအပတ်ကနေစတင်လို့ စပါးဂုတ်ကျိုးရောဂါနဲ့ရွက်ညိုပျောက်ရောဂါတွေကျရောက်နေတယ်လို့ ဒေသစိုက်ပျိုးရေးအသင်းတွေရဲ့စာရင်းတွေအရ သိရပါတယ်။ ”လက်ရှိဧရာဝတီတိုင်းက…
Read More