ရုရှားလေတပ်စခန်းမှာ ပေါက်ကွဲမှု စစ်လေယာဉ် အမြောက်အများ ပျက်စီးခဲ့

မော်စကို၊ သြဂုတ်-၁၁-၂၀၂၂
မျိုးဆက်(VOM)

ယခုသီတင်းပတ်အတွင်းက ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ကရိုင်းမီးယားဒေသမှာရှိတဲ့ ရုရှားလေတပ်အခြေစိုက်စခန်းမှာ ပျက်စီးမှုကြီးကြီးမားမားဖြစ်ပွားခဲ့ပြီး စစ်လေယာဉ်အမြောက်အများ ပျက်စီးသွားတယ်လို့ ဂြိုဟ်တုဓါတ်ပုံတွေမှာ ဖော်ပြထားပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားအနောက်ဘက်ရှိ ဆာကီလေတပ်အခြေစိုက်စခန်းမှာ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး လူတဦးသေဆုံးခဲ့ပါတယ်။

အခြေစိုက်ခန်းရဲ့ လေယာဉ်ပြေးလမ်းတွေ ပျက်စီးသွားပုံမရပေမယ့် လေယာဉ်ရှစ်စင်းထက်မနည်း မီးလောင်ပျက်စီးနေတဲ့ ပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဒါဟာ သေချာပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ သဘောဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် Planet Labs ရဲ့ ဂြိုဟ်တုဓါတ်ပုံတွေမှာတော့ ပျက်စီးမှုတွေကို အသေးစိတ်ဖော်ပြထားပါတယ်။

ပျက်စီးသွားတဲ့ လေယာဉ်အများစုဟာ လေယာဉ်အများအပြားရပ်နားထားတဲ့ လေဆိပ်ရဲ့ သီးခြားနေရာမှာဖြစ်ပါတယ်။

ရုရှားကတော့ ဒီပေါက်ကွဲမှုဟာ သိုလှောင်ရုံတခုမှာရှိတဲ့ လက်နက်ခဲယမ်းတွေ ပေါက်ကွဲမှုကြောင့်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW