ဗန်းမော်မြို့မှာ ၃ နေရာ ဗုံးပေါက်ကွဲပြီး လူ ၄ဦး ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် သေဆုံးခဲ့

သြဂုတ် ၊ ၁၀-၂၀၂၂
SP(VOM)

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ စုပေါင်းရုံး ၊ ရဲဝန်ထမ်းအိမ်ယာ နဲ့ အင်းဝဘဏ် ပတ်ဝန်းကျင်နေရာတွေမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲတာတွေဖြစ်ခဲ့ပြီး လူ၄ ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

” ရုံး စတက်ပြီး လူစုံတဲ့အချိန် ၁၁ ဝန်းကျင်မှာ ပေါက်ကွဲတာပါ ၊ ပေါက်ကွဲတာက စုပေါင်းရုံး ၊ ထွေ/အုပ်ရုံးဘက်က ဆိုင်ကယ်စတင်းနေရာမှာ ပေါက်ကွဲတာ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အနားမှာရှိတဲ့ ဆိုင်ကယ် ရပ်ထားတဲ့ ဆိုင်ကယ်တွေ မီးလောင်တယ်၊ ဆိုင်ကယ်လာထားတဲ့ မြေစာရင်း ဝန်ထမ်း ၁ ဦး ထိမှန် ဒဏ်ရာရတယ်”လို့ စုပေါင်းရုံးဝန်ထမ်းတယောက်ကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် မီးစွဲလောင်တဲ့ ဆိုင်ကယ်တွေကို မီးငြိမ်းသတ်ဖို့ မီးသတ်ကားနဲ့ ရေသယ်ကားတွေရောက်လာပြီး မီးငြိမ်းသတ်တဲ့အချိန်မှာ စုပေါင်းရုံး ဝန်းကျင်မှာ စစ်တပ်နဲ့ ရဲက လုံခြုံရေးတင်းကြပ်ထားစွာ နေရာယူပြီး ပိတ်ဆို့စစ်ဆေးတဲ့အခါ လူ ၄ ဦးကို မိုင်းခွဲရာမှာ အသုံးပြုတဲ့ပစ္စည်းတွေနဲ့အတူ အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီပေါက်ကွဲမှုဟာ ဗန်းမော်ခရိုင် ဒု-အုပ်ချုပ်ရေးမှူး ရုံးခန်းနဲ့ နီးကပ်ပြီး သူ့ရဲ့ကားနားကနေ ပေါက်ကွဲတာဖြစ်တဲ့အတွက် ကားနဲ့ ရုံးခန်းတံခါးတွေ ထိခိုက်ပျက်စီးကာ အဲ့ဒီအနားက ဆိုင်ကယ် ၅ စီးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီ စုပေါင်းရုံး ပေါက်ကွဲပြီးနောက် မိနစ်ပိုင်းခြားပြီး ပေါက်ကုန်းရပ်မှာရှိတဲ့ ရဲဝန်ထမ်းအိမ်ယာနားနဲ့ အင်းဝ ဘဏ်နားမှာ အသေးစားပေါက်ကွဲမှုတွေ ၂ ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးတာနဲ့ ဒဏ်ရာရ သေဆုံးတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီ ပေါက်ကွဲတာတွေနဲ့ ပတ်သက်ပြီး ဗန်းမော်ခရိုင် ထွေ/အုပ်ရုံးကို VOMက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုတာတွေ အခုထိ မရှိသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မနက် ၇ နာရီဝန်းကျင်ကလည်း ဗန်းမော်မြို့ ၊ ရဲမင်းကြီးအိမ်ရှေ့လမ်းနဲ့ နာရီစင်တောင်ဘက် ၊ အရှေ့လမ်းပေါ်တွေမှာ ပေါက်ကွဲမှု တခုစီ စဖြစ်ပါတယ် ၊ အဲ့ဒီနောက် အချိန်
၃ နာရီလောက်ခြားပြီး ရောဘတ် ဘုရားကျောင်းအနီး ကုန်းအတက်နေရာမှာ ထပ်ပြီး ပေါက်ကွဲတာတွေဖြစ်ခဲ့ပါသေးတယ် ။

အဲ့ဒီ ၃ နေရာ ပေါက်ကွဲမှုမှာ မိုင်းစထိမှန်ဒဏ်ရာရတဲ့ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့က ရဲဝန်ထမ်း ၄ ဦး အနက် ၊ ခရိုင်အကူ လုံခြုံရေးတပ်ခွဲမှူး ရဲမှူးတဦးဟာ ဆေးကုသနေရင်း သေဆုံးသွားတာ ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဗန်းမော်

Related posts

Leave a Comment

VOM News

FREE
VIEW