ဗန်းမော်မြို့မှာ ၃ နေရာ ဗုံးပေါက်ကွဲပြီး လူ ၄ဦး ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် သေဆုံးခဲ့

သြဂုတ် ၊ ၁၀-၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ စုပေါင်းရုံး ၊ ရဲဝန်ထမ်းအိမ်ယာ နဲ့ အင်းဝဘဏ် ပတ်ဝန်းကျင်နေရာတွေမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲတာတွေဖြစ်ခဲ့ပြီး လူ၄ ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ” ရုံး စတက်ပြီး လူစုံတဲ့အချိန် ၁၁ ဝန်းကျင်မှာ ပေါက်ကွဲတာပါ ၊ ပေါက်ကွဲတာက စုပေါင်းရုံး ၊ ထွေ/အုပ်ရုံးဘက်က ဆိုင်ကယ်စတင်းနေရာမှာ ပေါက်ကွဲတာ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အနားမှာရှိတဲ့ ဆိုင်ကယ် ရပ်ထားတဲ့ ဆိုင်ကယ်တွေ မီးလောင်တယ်၊ ဆိုင်ကယ်လာထားတဲ့ မြေစာရင်း ဝန်ထမ်း ၁ ဦး ထိမှန် ဒဏ်ရာရတယ်”လို့ စုပေါင်းရုံးဝန်ထမ်းတယောက်ကပြောပါတယ်။ ပေါက်ကွဲမှုကြောင့် မီးစွဲလောင်တဲ့ ဆိုင်ကယ်တွေကို မီးငြိမ်းသတ်ဖို့ မီးသတ်ကားနဲ့ ရေသယ်ကားတွေရောက်လာပြီး မီးငြိမ်းသတ်တဲ့အချိန်မှာ…

Read More

ဆယ်ဇင်းရွာမှာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် နေအိမ် ၄ ရာကျော် မီးရှို့ခံရ

သြဂုတ် ၊ ၁၀ ၊ ၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် နဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ် အစပ်က ဆယ်ဇင်းရွာမှာ ၃ ရက်ကြာ တိုက်ပွဲတွေဖြစ်ပြီးနောက် ရွာထဲက လူနေအိမ် ၄ ရာကျော်ဟာ ဒီကနေ့ မနက်ခင်းထိ မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဆယ်ဇင်းကို ကုန်စည်ပို့ဆောင်ရင်း ရောက်နေတဲ့ ရေယာဥ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” အခုလ ၇ ရက် မနက်အစောပိုင်းက စလို့ ဆယ်ဇင်းမှာ တိုက်ပွဲတွေဖြစ်တယ် ၊ စစ်သားတွေရောနေတဲ့ ရဲကင်းစခန်းကို အမည်မသိအဖွဲ့တွေက ဝင်တိုက်တာ ၊ တနေ့က (အခုလ ၈ ရက်နဲ့ ၉ ရက်) နဲ့ မနေ့ကစလို့ တိုက်လေယာဥ်တွေနဲ့ပါ ပစ်တယ် ၊ မနေ့က…

Read More

မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံကို ကူးစက်မှုမရှိဖို့နဲ့ ကာကွယ်ဆေးရဖို့ လုပ်နေတယ်လို့သိရ

ဩဂုတ် ၁၁-၂၀၂၂ GG(VOM) မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံကို ကူးစက်မှုရှိမလာအောင် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်နေသလို ရောဂါတွေ့ရှိလာရင် ကုသဖို့အတွက် ကြိုတင်ပြင်တင်မှုတွေ ပြုလုပ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ပြည်တွင်းမှာ မျောက်ကျောက်ကူးစက်မှုတွေ့ရှိပါက ကုသဖို့အတွက် ဆေးရုံတွေပြင်ဆင်ထားသလို ကိုဗစ်-၁၉ရောဂါအတွက် RDT စစ်ဆေးမှုနဲ့အတူ မျောက်ကျောက်ရောဂါလက္ခဏာ စစ်ဆေးခြင်းကိုပါ ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ” လူနာတွေ့ရင်ကုသဖို့အတွက် ဆေးရုံတွေပြင်ဆင်ထားတယ်။သီးသန့် ခွဲခြားပြီး ဘယ်လိုကုမလဲ၊ ထပ်မကူးအောင် ဘယ်လိုလုပ်မလဲ၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဥ်အရ သွားတာပေါ့ ၊ကျနော်တို့ စစ်ဆေးမှုတွေလည်း လုပ်နေတယ်၊ ပြီးခဲ့တဲ့ လထဲကပေါ့ အထူးသဖြင့်မျောက်ကျောက် ဒီလိုမျိုးလက္ခဏာတွေနဲ့လာတဲ့လူ ၂၈ ယောက်ကို PCR run ပြီးပြီ မတွေ့သေးပါဘူး”လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ ဒါ့အပြင် မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးရရှိဖို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ အာဆီယံအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ လက်ရှိမှာတော့…

Read More

ဧရာဝတီတိုင်းထဲက ခရိုင် ၅ ခုလောက်မှာ စပါးအပင်ဖျက်ရောဂါတွေ ကျရောက်နေပြန်

သြဂုတ် ၁၁-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းထဲက ခရိုင် ၅ ခုလောက်မှာ စိုက်ပျိုးပြီး စပါးခင်းတွေမှာ စပါးပင်ဖျက်ရောဂါတွေကျရောက်နေလို့ ဒေသခံတောင်သူတွေအခက်အခဲဖြစ်ပေါ်နေကြရတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ ”ရွှေခရုတွေကျလို့ ရှိတဲ့ပိုက်ဆံလေးနဲ့ ဆေးဝယ်သုံး ရွှေခရုတွေနှိမ့်နင်းလုပ်ပြီးပြန်တော့ အခုထပ်ပြီး ရောဂါပိုးတွေ ကျလာပြန်တော့ လယ်သမားလုပ်ရတာလည်းဒုက္ခ ပင်လယ်ဝေနေတယ်၊စပါးအပင်တွေကခြောက်လာပြီး အရွက်တွေဝါပြီးတော့ အပင်တွေကျိုးကျကုန်တာပါ၊ အဲ့ဒီလိုဖြစ်တာကို ရွက်ညိုဂုတ်ကျိုးရောဂါလို့ခေါ်ပါတယ်၊ စက်သုံးဆီဈေးကတက်၊ဓာတ်မြေသြဇာဈေးကလည်း တက်ရှိတာလေးနဲ့စိုက်ထားတာအခုတော့ ဘာမှဝယ်မသုံးနိုင်တော့လို့ ထိုင်ကိုကြည့်နေရပါတယ်။”လို့ ဖျာပုံဖြို့မှ တောင်သူတဦးကပြောပါတယ်။ ဧရာဝတီတိုင်းထဲကမြောင်းမြခရိုင်မှာ စပါးဧက ၁၃၀၀ ၊ ပုသိမ်ခရိုင်မှာ စပါး ဧက ၁၂၀၀ ၊ လပွတ္တာခရိုင်မှာ စပါး ဧက ၆၀၀၊ မအူပင်ခရိုင်မှာ စပါး ဧက ၁၂၀၀၊ ဖျာပုံခရိုင်မှာ စပါးဧက ၇၀၀ စတဲ့ခရိုင်တွေထဲက စိုက်ထားပြီးစပါးခင်းတွေမှာ သြဂုတ်လ ပထမအပတ်ကနေစတင်လို့ စပါးဂုတ်ကျိုးရောဂါနဲ့ရွက်ညိုပျောက်ရောဂါတွေကျရောက်နေတယ်လို့ ဒေသစိုက်ပျိုးရေးအသင်းတွေရဲ့စာရင်းတွေအရ သိရပါတယ်။ ”လက်ရှိဧရာဝတီတိုင်းက…

Read More

မဏီပူရ်ပြည်နယ်မှာရောက်ရှိနေတဲ့ မြန်မာ ၅ ဦးကို အိန္ဒိယရဲက ဖမ်းဆီး

သြဂုတ် ၁၀-၂၀၂၂ SP(VOM) အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ ချာချန်ပူရ် ( Churachandpur) ခရိုင် ၊ နဂထွယ် ( Ngathal )ရွာက နေအိမ်တခုမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို မဏိပူရ်အာဏာပိုင်တွေက မနေ့ သြဂုတ် ၉ ရက်က ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယနိုင်ငံရောက် မြန်မာအရေးကို ကူညီပေးနေတဲ့ မိုးရေးမြို့ခံ မြန်မာတွေဆီက သိရပါတယ်။ ” အဖမ်းခံရတာက မြန်မာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်တယ် ၊ သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ထုတ်ဖော်ပြောဖို့ အချိန်စောသေးတယ် “လို့ မိုးရေးမြို့က မြန်မာလုပ်သားအရေးကို ကူညီပေးနေတဲ့ ကုန်သည် ကိုသိန်းမြင့်က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာ ၅ ဦးဟာ နေထိုင်ခွင့် စာရွက်စာတမ်း…

Read More

ဒေါ်လာ ရောင်း၊ဝယ်၊လဲလှယ်ခြင်းကို ၀.၃%နဲ့သာ ပြုလုပ်ရမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်

ဩဂုတ် ၁၀-၂၀၂၂ VOM (GG) နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ရောင်းခြင်း ဝယ်ခြင်း ၊ လဲလှယ်ခြင်းတွေကို ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ရည်ညွန်းငွေလဲလှယ်နူန်း ဝ.၃ % ဘောင်အတွင်းကနေသာ အတိုးအလျှော့လုပ် ဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ပြီး အသိပေးပြောဆိုလိုက်ပါတယ်။ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားခွင့်ရတဲ့ လုပ်ငန်း(AD) တွေ ၊လိုင်စင်ရဘဏ်၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့် (MC)လိုင်စင်ရဘဏ်၊ လိုင်စဉ်ရဘဏ် မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ဖြစ်စေ ၊ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊လဲလှယ်ခြင်း ဆောက်ရွက်ခြင်း၊ ငွေလွဲလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီတွေ ပြည်ပကိုနိုင်ငံခြား ငွေလွှဲပြောင်းခြင်းနဲ့ လွှဲပို့ခြင်း​တွေ ဆောင်ရွက်တဲ့အခါမှာ အဲ့ဒီသတ်မှတ်ဘောင်အတွင်းကနေ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ” အရင်ကလည်း အခုလို ဘောင်အတွင်းကရောင်းဖို့ဝယ်ဖို့ ခဏခဏထုတ်ခဲ့တယ်။ ဒေါ်လာစျေးတွေ အခုလိုတက်တဲ့အခါဆို သူတို့ထုတ်တတ်တယ်။ ဒါပေမယ့် အခုလိုထုတ်လည်း…

Read More

ကရိုင်းမီးယားဒေသလွတ်မြောက်မှ စစ်ပွဲအဆုံးသတ်မယ်လို့ ယူကရိန်းသမ္မတပြော

ကိယက်ဗ်၊ သြဂုတ်-၁၀-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲဟာ ကရိုင်းမီးယားဒေသကနေ စတင်ခဲ့ပြီး အဲဒီဒေသလွတ်မြောက်မှသာ စစ်ပွဲအဆုံးသတ်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကရိုင်းမီးယားဒေသမှာရှိတဲ့ ရုရှားလေတပ်စခန်းမှာ ပေါက်ကွဲမှုတွေဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးပြီးနောက် ယူကရိန်းသမ္မတက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ သမ္မတဇီလန်စကီးဟာ ရုရှားလေတပ်စခန်း ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆို တာမျိုးမရှိပေမယ့်လည်း ကရိုင်းမီးယားဒေသဟာ ယူကရိန်းပိုင်နက်ဖြစ်ပြီး ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။ လေတပ်အခြေစိုက်စခန်းမှာ လက်နက်ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲပျက်စီးခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး ယူကရိန်းကတော့ ဒါဟာသူ့လက်ချက်မဟုတ်ဘူးလို့ ဆိုပါတယ်။ ကရိုင်းမီးယားဒေသကို ယူကရိန်းရဲ့အစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပေမယ့် ၂၀၁၄ ခုနှစ်မှာ ရုရှားက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကိယက်ဗ်

Read More

ကျွန်းလှက ​မြို့နယ်ကျန်းမာရေးမှူး အသတ်ခံရတာ အပါအဝင် စစ်ကိုင်းတိုင်းထဲမှာ မနေ့က လူသတ်မှု ၃ ကြိမ်ဖြစ်

သြဂုတ် ၊ ၁၀ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာ ၊ ကျွန်းလှ ၊ ဝက်လက် စတဲ့ မြိုနယ် ၃ ခုမှာ မနေ့ သြဂုတ် ၉ ရက် ၊ ၁ နေ့ထဲမှာ လူသတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူတွေထဲမှာ ကျန်းမာရေးမှူး ဝန်ထမ်း ၁ ဦးပါဝင်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကျွန်းလှမြို့နယ်က အသတ်ခံရတဲ့ကျန်းမာရေးမှူးက Non CDM ဖြစ်တယ် ၊ ဝက်လက်မြို့နယ်မှာ အသတ်ခံရတဲ့သူက တောင်သူ ဖြစ်တယ် ၊ နောက်ပြီး မုံရွာမှာ အသတ်ခံရသူက သုံးဘီဆိုင်ကယ် အငှားမောင်းတဲ့သူတွေဖြစ်တယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ ဒါ့အပြင် မနေ့က…

Read More

တရုတ်ကိုယှဉ်နိုင်ဖို့ နည်းပညာထုတ်ကုန်တွေအတွက် ဒေါ်လာ ၂၈၀ ဘီလီယံ ရင်းနှီးမြုပ်နှံမယ့်ဥပဒေ အမေရိကန်ပြဌာန်း

၀ါရှင်တန်၊ သြဂုတ်-၁၀-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်ဟာ အဆင့်မြင့်နည်းပညာထုတ်ကုန်တွေ ထုတ်လုပ်ရေးနဲ့ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းတွေအတွက် ဒေါ်လာ ၂၈၀ ဘီလီယံ ရင်းနှီးမြုပ်နှံမယ့် ဥပဒေတရပ်ကို သမ္မတဂျိုးဘိုင်ဒင်က သြဂုတ် ၉ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အဆင့်မြင့်နည်းပညာနယ်ပယ်မှာ တရုတ်နိုင်ငံထက် ခြေတစ်လှမ်းနောက်ကျနေမယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေချိန်မှာ အဲဒီဥပဒေကို ပြဌာန်းလိုက်ခြင်းဖြစ်ပြီး အမေရိကန်မှာ ကွန်ပြူတာချစ်ပ်ထုတ်လုပ်ရေး စက်ရုံတွေတည်ဆောက်မယ့် ကုမ္ပဏီတွေအပေါ် အခွန်လျှော့ချမှုတွေလည်းပါ၀င်ပါတယ်။ နည်းပညာထုတ်ကုန်နယ်ပယ်မှာ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့လိုအပ်မှုကို ကိုးကားပြီး အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေ ပိုမိုရရှိစေဖို့အတွက် ဒီကိစ္စအပေါ် အမေရိကန်ကုမ္ပဏီတွေက ယခင်ကာလတွေကတည်းက တွန်းအားပေးနေခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေပြဌာန်းမှုကို ဝါရှင်တန်ရှိ တရုတ်သံရုံးက ကန့်ကွက်ပြောဆိုထားပြီး စစ်အေးကာလ စိတ်ဓါတ်မျိုးဖြစ်ကြောင်း ဝေဖန်ပြောဆိုပါတယ်။ အမေရိကန်ဟာ လက်ရှိမှာ ကမ္ဘာတစ်၀န်းရှိ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်ကုန်တွေရဲ့ ၁၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေပါတယ်။ အဲဒီထုတ်ကုန်တွေထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး…

Read More

မူဆယ်မှာ အကောက်ခွန် အရာရှိ ၁ ဦး အဖမ်းခံရပြီး ၊ ၂ ဦး ပျောက်ဆုံးနေ

သြဂုတ် ၊ ၁၀၊ ၂၀၂၂ SP (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့ မှာ တာဝန်ထမ်းဆောင်နေတဲ့ အကောက်ခွန် ဦးစီးအရာရှိ ၁ ဦး အဖမ်းခံရပြီး ၊ ၂ ဦးဟာ အခုလ ၈ ရက်နေ့ကစလို့ ပျောက်ဆုံးနေတယ်လို့ မူဆယ်မြို့ခံ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီလ ၈ ရက်နေ့က စပြီးပျောက်နေတာပါ ၊ ဦးစီးအရာရှိ ဦးအေးစိုးမိုး ဆိုသူကတော့ မူဆယ်မြို့ ၊ ဟိုမွန်ရပ်ကွက်မှာရှိတဲ့ ပီတိ လက်ဘက်ရည်ဆိုင်မှာ ထိုင်နေရင်း အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားတာပါ ၊ ကျန် ၂ ဦးကလည်း မူဆယ်မြို့ထဲမှာ အလားတူ ပျောက်နေတာ ” လို့ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။…

Read More
VOM News

FREE
VIEW