ကရိုင်းမီးယားဒေသလွတ်မြောက်မှ စစ်ပွဲအဆုံးသတ်မယ်လို့ ယူကရိန်းသမ္မတပြော

ကိယက်ဗ်၊ သြဂုတ်-၁၀-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲဟာ ကရိုင်းမီးယားဒေသကနေ စတင်ခဲ့ပြီး အဲဒီဒေသလွတ်မြောက်မှသာ စစ်ပွဲအဆုံးသတ်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကရိုင်းမီးယားဒေသမှာရှိတဲ့ ရုရှားလေတပ်စခန်းမှာ ပေါက်ကွဲမှုတွေဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးပြီးနောက် ယူကရိန်းသမ္မတက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

သမ္မတဇီလန်စကီးဟာ ရုရှားလေတပ်စခန်း ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆို တာမျိုးမရှိပေမယ့်လည်း ကရိုင်းမီးယားဒေသဟာ ယူကရိန်းပိုင်နက်ဖြစ်ပြီး ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။

လေတပ်အခြေစိုက်စခန်းမှာ လက်နက်ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲပျက်စီးခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး ယူကရိန်းကတော့ ဒါဟာသူ့လက်ချက်မဟုတ်ဘူးလို့ ဆိုပါတယ်။

ကရိုင်းမီးယားဒေသကို ယူကရိန်းရဲ့အစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပေမယ့် ၂၀၁၄ ခုနှစ်မှာ ရုရှားက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW